လူကြမ်းကြီး John Wick ဟာ နောက်ထက် ၂ နှစ် တိတိမှာ ပရိသတ်တွေ ရှေ့မှောက် တကျော့ပြန် ရောက်လာဦးမှာ ဖြစ်ပါတယ်။ မေလ ၂၀ ရက်နေ့မှာ Lionsgate က “John Wick 4” ရုပ်ရှင်ကို ၂၀၂၁ ခုနှစ်၊ မေလ ၂၁ ရက်နေ့မှာ ပြသဖို့ စီစဉ်ထားတယ်လို့ ကြေညာခဲ့ပါတယ်။
စတူဒီယိုကတော့ အဲ့ဒီသတင်းကို “ခင်ဗျား တို့အတွက် ပြင်ဆင်ထားပါပြီ။ ဝန်ဆောင်မှု ပေးတော့မှာပါ။ John Wick: Chapter 4 က ၂၀၂၁ ခုနှစ်၊ မေလ ၂၁ ရက်နေ့မှာ လာတော့မှာပါ” လို့ ဆိုထားပါတယ်။
အခု လတ်တလော ရုံတင်နေတဲ့ “John Wick: Chapter 3 – Parabellum” ရုပ်ရှင်ဟာ မြောက်အမေရိက ဝင်ငွေစာရင်းမှာ ဒေါ်လာ ၅၆ ဒဿမ ၈ သန်း ရရှိခဲ့ပြီးတော့ ဒုတိယနေရာမှာရှိတဲ့ “Avengers: Endgame” ရုပ်ရှင်ဝင်ငွေကို နှစ်ဆ အသာနဲ့ ကျော်တက်နိုင်ခဲ့တာပါ။ စတုတ္ထမြောက် သီတင်းပတ် အဖြစ် ရုံတင်တဲ့ “Endgame” ရုပ်ရှင်ကတော့ ဝင်ငွေဒေါ်လာ သန်း ၃၀ ရရှိခဲ့ပါတယ်။
အခု Lionsgate ရဲ့ မင်းသား Kwanu Reeves ပါဝင်ထားတဲ့ တတိယမြောက် အက်ရှင်ရုပ်ရှင်ဟာ ဒေါ်လာ ၃၀ နဲ့ ၃၅ သန်းကြားလောက်ပဲ ဝင်ငွေ ရမယ်လို့ ခန့်မှန်းထားတာကြောင့် ရလဒ်က မှန်းထားတာထက် ကျော်လွန်ခဲ့တယ်လို့ ဆိုရမှာပါ။ ပြီးတော့ အရင်တုန်းက ဖြန့်ခဲ့တဲ့ ရုပ်ရှင် ၂ ကားကိုလည်း ကျော်တက်ခဲ့ပါတယ်။
၂၀၁၄ ခုနှစ်တုန်းကရုံတင်ခဲ့တဲ့ “John Wick” ရုပ်ရှင်ဟာ ဒေါ်လာ ၁၄ ဒဿမ ၄ သန်းနဲ့ ပွဲဦးထွက်ခဲ့ပြီးတော့ ၂၀၁၇ ခုနှစ်မှာ ရုံတင်တဲ့ “John Wick:Chapter Two” ရုပ်ရှင်ကတော့ ဒေါ်လာ ၃၀ ဒဿမ ၄ သန်းနဲ့ ဝင်ငွေရခဲ့တာပါ။ ဝေဖန်သူတွေကတော့ “John Wick 3” ရုပ်ရှင်ဟာ ၈၈ ရာခိုင်နှုန်းလောက် ဆန်းသစ်တယ်လို့ Rotten Tomatoes ရုပ်ရှင်မှတ်ချက်ပေး ဝက်ဘ်ဆိုက်မှာ ပြောဆိုထားကြပါတယ်။
အဲ့ဒီရုပ်ရှင်က နိုင်ငံတကာ ဈေးကွက်မှာ ဒေါ်လာ ၃၅ သန်းရရှိခဲ့ပါတယ်။ ဒီတခါရုပ်ရှင်မှာတော့ မင်းသားကြီး Reeves ဟာ သူ့ကိုလုပ်ကြံ သတ်ဖြတ်မယ့်သူတွေထံကနေ ပြေးလွှားရမှာပဲ ဖြစ်ပါတယ်။ စတန့်သမားကနေ ဒါရိုက်တာ ဖြစ်လာခဲ့တဲ့ Chad Stahelski က ရုပ်ရှင်ကို ရိုက်ကူးပေးထားပါတယ်။ မင်းသမီး Halle Berry လည်း ခေါင်းဆောင်နေရာကနေ ပါဝင်ထားပါတယ်။
John Wick ဆိုသူကို ဖမ်းပေးမယ်ဆိုရင် ဒေါ်လာ ၁၄ သန်းရမယ်လို့ ဆုကြေး ထုတ်ထားရတဲ့အထိ နာမည်ကြီးနေတဲ့အပြင် သူ့နောက်ကနေ သူ့ကိုသတ်ဖြတ်ဖို့ လိုက်နေသူတွေက စစ်တပ် တတပ်စာလောက် ရှိပါတယ်။ နိုင်ငံတကာ လုပ်ကြံသတ်ဖြတ်ရေး အဖွဲ့ဝင်တဦးကို သတ်ဖြတ်ခဲ့ပြီးတဲ့နောက်မှာတော့ John Wick ဟာ တကမ္ဘာလုံးက အလိုရှိတဲ့ လူဆိုးတယောက် ဖြစ်ခဲ့ရပါတော့တယ်။
Ref:Variety
You may also like these stories:
လက်ရှိလူကြည့်နှုန်း အများဆုံးဖြစ်နေတဲ့ ကိုရီးယားစီးရီးမျာ
ငယ်ရွယ် လှပတဲ့ အမျိုးသမီးသန်းကြွယ် သူဌေး ၇ ဦး
ဆယ်စုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် Apple ဝင်ငွေ ကျဆင်း
အဖွင့် သီတင်းပတ်မှာတင် ဒေါ်လာ ၁ ဒဿမ ၂ ဘီလီယံ ရရှိခဲ့တဲ့ “Avengers: Endgame” ရုပ်ရှင်