Entertainment

ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ ပရိသတ်တခဲနက်အားပေးတာခံရတဲ့ လီယိုနာဒိုနဲ့ ဘရက်ပစ်တို့ရဲ့ ရုပ်ရှင်

Want create site? Find Free WordPress Themes and plugins.

ဒါရိုက်တာကြီး Quentin Tarantino ရဲ့ ရုပ်ရှင်အသစ် “Once Upon a Time in Hollywood” ကို မေလ ၂၁ ရက်နေ့ ညနေပိုင်းတုန်းက ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ ခုနှစ်မိနစ်ကြာ ပရိသတ်တွေရဲ့ မတ်တပ်ရပ် လက်ခုပ်တီး အားပေးတာကို ခံလိုက်ရပါတယ်။

ဒီရုပ်ရှင်မှာပါဝင်တဲ့ မင်းသား လီယိုနာဒို ဒီကာပရီယို၊ မင်းသား ဘရက်ပစ်နဲ့ မင်းသမီး မာ့ဂေါ့ရိုဘီတို့အပါအဝင် ဒါရိုက်တာကြီးဟာ ရုပ်ရှင်ကို ပထမဆုံးပြသခဲ့တဲ့ ကိန်းရုပ်ရှင်ပွဲတော်ဆီ တက်ရောက်လာခဲ့ပြီး ဇာတ်လမ်းရဲ့ နောက်ဆုံးစာတန်းထိုးနေချိန်မှာ ပရိသတ်တွေရဲ့ တုံ့ပြန်မှုကြောင့် စိတ်လှုပ်ရှားခဲ့ရတယ်လို့ဆိုပါတယ်။

ဒါရိုက်တာကြီးက “ပရိသတ်တွေကို ပြသခဲ့တဲ့ ပထမဆုံးအကြိမ်မှာပဲ ထူးခြားတဲ့ ပရိသတ်တွေကြောင့် ကျေးဇူး တင်ရှိပါတယ်” လို့ ဇာတ်လမ်းပြသခဲ့ပြီးတဲ့နောက် လူအုပ်ကြီးကို ပြောဆိုခဲ့ပါတယ်။

ဒါရိုက်တာကြီး Tarantino ရဲ့ “Pulp Fiction” ရုပ်ရှင်ပွဲကို ပွဲတော်မှာ ပြသခဲ့ပြီး ၂၅ နှစ်တိတိမှာ အခုလိုမျိုး သူ့ရဲ့ရုပ်ရှင်တကားကို ပထမဆုံးပွဲဦးထွက်ပြသတာလည်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၅ နှစ်တုန်းကပြသခဲ့တဲ့ ရုပ်ရှင်ကတော့ ပွဲတော်ရဲ့ အထူးဆုကြီး Palme d’Or ဆုကိုရရှိခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်တုန်းကလည်း “Inglourious Basterds” ဆိုတဲ့ရုပ်ရှင်ကိုလည်း ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ ပြသခဲ့ဖူးပါတယ်။

အခုလိုမျိုးပွဲတော်မှာ ပထမဆုံးပွဲဦးထွက်မပြသမီ နာရီပိုင်းအလိုမှာ Sony ကုမ္ပဏီဟာ ၁၉၆၀ ပြည့်နှစ် နှောင်းပိုင်းကာလကို ဇာတ်အိမ်တည်ထားတဲ့ ရုပ်ရှင်ရဲ့ အမြည်းဗီဒီယိုကို ဖြန့်ချိခဲ့ပါတယ်။ အဲ့ဒီရုပ်ရှင်ကို လာမယ့် ဇူလိုင်လ ၂၆ ရက်နေ့မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။

ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ မပြသမီ ဒါရိုက်တာကြီးက ရုပ်ရှင်ရဲ့ အဓိကဇာတ်လိမ်ဇာတ်ချိုးတွေကို တခြားသူတွေဆီမပြောပြဖို့ ပရိသတ်ကို တောင်းဆိုထားပြီး ကိန်းစ်ပွဲတော် ဥက္ကဋ္ဌ Thierry Fremaux ကလည်း ရုပ်ရှင်နဲ့ပတ်သက်လို့ နှုတ်ဆိတ်နေကြဖို့ ပရိသတ်တွေကို အသိပေးထားပါတယ်။

Thierry က “ထုတ်လုပ်ရေးနဲ့ ဒါရိုက်တာ Quentin Tarantino က ပရိသတ်တွေအနေနဲ့ ရုပ်ရှင်အကြောင်းမဆွေးနွေးစေဖို့ ပြောဆိုထားတာရှိပါတယ်။ ဒီနေ့ တွေ့ကြုံခဲ့ရတာတွေကို ကမ္ဘာတဝန်းက ပရိသတ်တွေကို မသိစေဖို့ ကာကွယ်ဖို့ဟာက ဘာဆိုဘာမှ ထုတ်မပြောဖို့ပါပဲ” လို့ပြောဆိုထားပါတယ်။

Ref: aceshowbiz

You may also like these stories:

မင်းသား Daniel Craig ခြေကျင်းဝတ်ဒဏ်ရာရလို့ “Bond 25” ရိုက်ကူးရေး ခေတ္တ ရပ်နားထားရ

သူ့ထက် အသက် ၁၇ နှစ်ငယ်တဲ့ အစီအစဉ် တင်ဆက်သူနဲ့ ချစ်သူ ဖြစ်နေတဲ့ မင်းသား ဆိုဂျီဆပ်

BBC ရဲ့ ပထမဆုံး အမျိုးသမီး ရုပ်သံသတင်းတင်ဆက်သူ ကွယ်လွန်

ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ “Rambo” ရုပ်ရှင်အသစ်ထဲက ဓာတ်ပုံတွေကို မြင်တွေ့ရဖွယ်ရှိ

Did you find apk for android? You can find new Free Android Games and apps.
Loading