ကိုရီးယားနာမည်ကျော် သရုပ်ဆောင်တွေဖြစ်ကြတဲ့ မင်းသား ဟွန်ဘင်းနဲ့ မင်းသမီး ဆွန်းယယ်ဂျင်းတို့ဟာ စာရေးဆရာမ ပတ်ဂျီအွန်းရဲ့ “Crash Landing of Love” ဆိုတဲ့ ဒရာမာမှာ ပါဝင်မယ်လို့ အတည်ပြုလိုက်ပါတယ်။ ဒီဒရာမာကို ရေးသားမယ့် စာရေးဆရာမ ပတ်ဂျီအွန်းဟာ အရင်က“My Love From the Star” နဲ့ “The Legend of the Blue Sea” တို့လိုမျိုးလူကြိုက်များတဲ့ ဒရာမာတွေကို ရေးသားခဲ့သူလည်း ဖြစ်ပါတယ်။
အဲ့ဒီဒရာမာဟာ လေထီးခုန်စီးရင်း လေပြင်းတိုက်ခတ်မှုကြောင့် မြောက်ကိုရီးယား နိုင်ငံထဲကို ဆင်းသက်ခဲ့ရတဲ့ ယွန်ဆဲရီလို့ခေါ်တဲ့ ချမ်းသာတဲ့အမွေဆက်ခံသူ အမျိုးသမီးတယောက်အကြောင်း ဖြစ်ပါတယ်။ အဲ့ဒီမှာ ရီဂျောင်ယော့လို့ခေါ်တဲ့ မြောက်ကိုရီးယားအရာရှိက တောင်ကိုရီးယားသူ သူဌေးမလေးကို ဝှက်ထားပေးပြီး ကာကွယ်ပေးခဲ့ပါတယ်။ အဲ့ဒီနောက် သူတို့နှစ်ဦးချစ်ကျွမ်းဝင်ခဲ့ကြပုံကို ပုံဖော်မှာ ဖြစ်ပါတယ်။
အခုဒရာမာကို နာမည်ကျော် စာရေးဆရာမက ရေးသားထားတာဖြစ်တဲ့အပြင် မင်းသား ဟွန်ဘင်းနဲ့မင်းသမီး ဆွန်းတို့ဟာ ၂၀၁၈ ခုနှစ်တုန်းက “The Negotiation” ရုပ်ရှင်မှာ အတူတွဲပြီး သရုပ်ဆောင်ခဲ့သူတွေ ဖြစ်တာကြောင့် ပရိသတ်တွေ ကတော့ သူတို့နှစ်ဦးရဲ့ ဒရာမာအသစ်ကို တော်တော်လေး စိတ်လှုပ်ရှားစွာနဲ့ စောင့်ဆိုင်းနေကြပြီဖြစ်ပါတယ်။
အခုဒရာမာမှာ မင်းသားဟွန်ဘင်းကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ အဆင့်မြင့်အရာရှိတဦးအနေနဲ့ မြင်တွေ့ရမှာဖြစ်ပြီး အချစ်ဟာသဇာတ်မြူးဇာတ်လမ်းတွဲတွေနဲ့ လိုက်ဖက်တဲ့ မင်းသမီး ဆွန်းကိုတော့ တောင်ကိုရီးယားသူ သူဌေးမလေး အဖြစ်ရှုစားရမှာပါ။
ပြီးတော့ ဒီဒရာမာကို ရိုက်ကူးမယ့်သူက “Good Wife” “Life on Mars” နဲ့ “Romance Is a Bonus Book” တို့ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ လီဂျောင်ဟျို ဖြစ်ပါတယ်။ “Crash Landing of Love” ဒရာမာကို tvN ရုပ်သံလိုင်းကနေ အခုနှစ် ဒုတိယနှစ်ဝက်ကာလမှာ စတင်ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။
Ref:soompi
You may also like these stories:
ထူးခြားဆန်းကြယ် ဒရာမာမှာ လီမင်ဟိုနဲ့ အတူ ပါဝင်လာမယ့် မင်းသမီး ကင်ဂိုအွန်း
ဒရာမာအသစ်မှာ ရှေ့နေအဖြစ် သရုပ်ဆောင်မယ့် မင်းသား ရိန်း
တတိယမြောက် အိမ်ထောင်ပြုဖို့ ပြင်ဆင်နေတဲ့ မင်းသမီး စကားလက် ဂျိုဟန်ဆန်
ဗြိတိန် တော်ဝင်မင်းသား ဟယ်ရီနဲ့ မင်းသမီး မီဂန်မာကယ်တို့ ပထမဆုံးရင်သွေး ရရှိ