Entertainment

ကင်မရာနဲ့ ပထမဆုံးအကြိမ် ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံများ

Want create site? Find Free WordPress Themes and plugins.

လူတွေဟာ အမြဲတမ်း လေ့လာနေတတ်ပြီး အသစ်အသစ်တွေကို ရှာဖွေတွေ့ရှိတဲ့ အခါမှာလည်း အမြဲ မှတ်တမ်း တင်ထားလေ့ရှိပါတယ်။ ဒီတခါမှာတော့ ကင်မရာနဲ့ ပထမဆုံးအကြိမ် ရိုက်ကူးနိုင်ခဲ့တဲ့ ဓာတ်ပုံတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) တွင်းနက်ရဲ့ ပထမဆုံး ဓာတ်ပုံ

နက္ခတ်ဗေဒ ပညာရှင် John Wheeler ရဲ့ “တွင်းနက်” ဆိုတဲ့ စကားလုံးကို အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ ပေါ်ထွက်ပြီး နှစ်ပေါင်း ၅၀ကျော် အကြာမှာ တွင်းနက်ရဲ့ ဓာတ်ပုံကို ပထမဆုံး မြင်ဖူးခဲ့ရပြီပဲ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ ရိုက်ကူးနိုင်ခဲ့တဲ့ ဓာတ်ပုံဖြစ်ပေမယ့် ၂၀၁၉ ခုနှစ်ကို ရောက်မှသာ လူထုကို အတည်ပြု ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

(၂) နေကြတ်ခြင်းရဲ့ ပထမဆုံး ဓာတ်ပုံ

နေကြတ်ခြင်းကို ကမ္ဘာအနှံ့မှာ တွေ့နိုင်ပါတယ်။ တနှစ်ကို အနည်းဆုံး နှစ်ကြိမ်ခန့် ဖြစ်ပွားလေ့ရှိတဲ့ နေကြတ်ခြင်းရဲ့ ဓာတ်ပုံကို ၁၈၆၀ ပြည့်နှစ်က ပထမဆုံးရိုက်ကူးနိုင်ခဲ့ပါတယ်။

(၃) လေယာဉ်ပျံရဲ့ ပထမဆုံး ဓာတ်ပုံ

လေယာဉ်တစီး ကောင်းကင်ပေါ်မှာ ပျံနေတာဟာ ယနေ့ခေတ်မှာ အဆန်းမဟုတ်ပေမယ့် ၁၉၀၃ ခုနှစ်လောက်ကတော့ အံ့ဖွယ်သုတပဲ ဖြစ်ပါတယ်။ ဒီပုံကို ရိုက်ကူးနိုင်ဖို့ အတွက် Orville Wright က စီစဉ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

(၄) ဧဝရတ်တောင်ရဲ့ ပထမဆုံး ဓာတ်ပုံ

ကမ္ဘာ့ အမြင့်ဆုံးတောင်ဖြစ်တဲ့ ဧဝရတ်တောင်ရဲ့ ပထမဆုံး ဓာတ်ပုံကို ၁၉၃၃ ခုနှစ်က ရိုက်ကူးခဲ့ပါတယ်။ ၁၉၃၃ ခုနှစ် ဧပြီလ ၃ရက်နေ့မှာ လေယာဉ်နဲ့ ဧဝရတ်တောင်ပေါ်ကို ပထမဆုံး ပျံသန်းတဲ့ အချိန် ရိုက်ကူးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဧပြီ ၃ရက်နေ့က ဓာတ်ပုံက အဆင်မပြေတဲ့ အတွက် လေယာဉ်မှူးနဲ့ သူရဲ့ တူဖြစ်သူတို့ဟာ ၁၉၃၃ခုနှစ် ဧပြီလ ၁၆ရက်နေ့မှာ နောက်တကြိမ်သွားရောက် ရိုက်ကူးခဲ့တယ်လို့ ဆိုပါတယ်။

Ref;RD

You may also like these stories:

ဓာတ်ပုံဆရာပြောသော ဆင်တို့၏ အမှောင်ဘက်ခြမ်းက ဇာတ်လမ်းများ

သိပ္ပံပညာရှင်တွေရဲ့ လေ့လာချက်အရ ဦးနှောက်စွမ်းဆောင်ရည်ကို မြင့်တက်စေတဲ့ ဝါသနာများ

သိပ္ပံပညာရှင်တွေ အတည်ပြုထားတဲ့ သင့်မွေးလပေါ် မူတည်ပြီး သိနိုင်တဲ့ သင့်ကျန်းမာရေး အခြေအနေ

Did you find apk for android? You can find new Free Android Games and apps.
Loading