အခုနှစ်ရဲ့ ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ ဂျူရီအကဲဖြတ်အဖွဲ့ဝင်တဦးအဖြစ် ပါဝင်တဲ့ အမေရိကန် မင်းသမီး Elle Fanning ဟာ ရာသီလာနေတဲ့အချိန်မှာ တင်းကျပ်လွန်းတဲ့အဝတ်အစားကို ဝတ်ဆင်လိုက်တဲ့အတွက် အခုသီတင်းပတ်အတွင်းမှာ ကျင်းပခဲ့တဲ့ ညစာစားပွဲတခုမှာ မူးမေ့လဲခဲ့ရတယ်လို့ ပြောဆိုခဲ့ပါတယ်။
French Riviera မှာ ကျင်းပတဲ့ ရုပ်ရှင်ပွဲတော်မှာ ရုပ်ရှင်တွေ သုံးသက်ကြည့်ရှုတဲ့ အလုပ်တွေနဲ့ ရှုပ်နေတဲ့ မင်းသမီး Fanning က “၁၉၅၀ တုန်းက Prada ဝတ်စုံနဲ့ ဒီညမှာမေ့လဲမတတ်ဖြစ်ခဲ့တယ်။ ဒါပေမယ့် အားလုံး အဆင်ပြေသွားပါပြီ” ဆိုပြီး မေလ ၂၀ ရက်နေ့က Instagram မှာပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် သူမက လက်မထောင်ထားသော Selfie ပုံတပုံကိုလည်း တင်ခဲ့ပြီး အဲ့ဒီညမှ တင်းကျပ်တဲ့ ဝတ်စုံကို ဝတ်ခဲ့ရတဲ့အကြောင်းနဲ့ ရာသီလာနေချိန်ဖြစ်တဲ့အကြောင်း ရေးသားခဲ့ပါတယ်။
အလားတူ ညစာစားပွဲကို တက်ရောက်ခဲ့တဲ့ ဗြိတိသျှမင်းသား Colin Firth က မင်းသမီး Fanning လဲကျတဲ့အချိန်မှာ ကူညီပေးဖို့ သွားခဲ့ပြီး ဆေးအကူအညီနဲ့ မင်းသမီးကို ခေါ်ထုတ်မသွားခင်အထိ အတူ ရှိနေပေးခဲ့တယ်လု့ိ Variety မီဒီယာက ဆိုပါတယ်။ အသက် ၂၁ နှစ်အရွယ် မင်းသမီး Fanning ဟာ Maleficent: Mistress of Evil ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ထားသူလည်း ဖြစ်ပါတယ်။
မင်းသမီး Fanning ဟာ အခုနှစ်ကျင်းပတဲ့ ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ ဆုရွေးချယ်ရေးအဖွဲ့ တနည်းအားဖြင့် ဂျူရီ အဖွဲ့ထဲပါဝင်တဲ့ အနုပညာရှင် ကိုးယောက်ထဲက တယောက်ဖြစ်ပါတယ်။
ရုပ်ရှင်ပွဲတော်အတွက် အထူးဆုလို့ ခေါ်နိုင်မယ့် Palme d’Or ဆုရှင်ကို လာမယ့် မေလ ၂၅ ရက်နေ့မှာ ကြေညာဖို့ရှိပြီး အဲ့ဒီဆုရွေးချယ်ခံရမယ့်အထဲ မှာပါဝင်တာကတော့ မေလ ၂၁ ရက်တုန်းက ပွဲဦးထွက်ပြသခဲ့ပြီး ပရိသတ်တွေ အထူးအကြိုက်တွေ့ခဲ့ကြတဲ့ “Once Upon a Time In Hollywood” ရုပ်ရှင်ပဲ ဖြစ်ပါတယ်။
Ref:asiaone
You may also like these stories:
People မဂ္ဂဇင်းမှ ထုတ်ပြန်တဲ့ ကမ္ဘာ့အလှဆုံး အမျိုးသမီးစာရင်းမှာ မင်းသမီး Jennifer Garner ဦးဆောင်
နာမည်ကျော် သရုပ်ဆောင်များပါဝင်မယ့် အချစ်ဇာတ်လမ်း “Crash Landing of Love”
ဖော်မြူလာဝမ်း ပြိုင်ကား ချန်ပီယံဟောင်းဖြစ်သူ Niki Lauda ကွယ်လွန်
ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ ပရိသတ်တခဲနက်အားပေးတာခံရတဲ့ လီယိုနာဒိုနဲ့ ဘရက်ပစ်တို့ရဲ့ ရုပ်ရှင်