ရုပ်ရှင်ဇာတ်ကားတကားမှာ ပါဝင်တဲ့သရုပ်ဆောင်တွေဟာ မိမိကာရိုက်တာ တခုကိုပဲ သရုပ်ဆောင်ကြလေ့ရှိပေမယ့် တချို့သောသရုပ်ဆောင်တွေကတော့ ရုပ်ရှင်တခုတည်းမှာတင် တခြားသော အခန်းကဏ္ဍတခုမှာပါ ပါဝင်သရုပ်ဆောင်ခဲ့ကြတာမျိုး ရှိပါတယ်။
အခုဖော်ပြပေးမှာကတော့ ရုပ်ရှင်ဇာတ်ကားတခုတည်းမှာတင် အခန်းကဏ္ဍအမျိုးမျိုးကနေ ပါဝင်သရုပ်ဆောင်ခဲ့ကြတဲ့ နာမည်ကျော်သရုပ်ဆောင်တွေပဲ ဖြစ်ပါတယ်။
(၁) Jonathan Hyde
၁၉၉၅ ခုနှစ်ကထွက်ရှိခဲ့တဲ့ Jumanji ရုပ်ရှင်မှာတော့ မင်းသားကြီး Jonathan Hyde ဟာ Sam Parrish အနေနဲ့ရော Robbin Williams ကို အသားလွတ်သေနတ်နဲ့ လိုက်လံပစ်ခတ်နေတဲ့ လူကြီး Van Pelt အနေနဲ့ပါ ပါဝင် သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားဟာဆိုရင်တော့ ၉၀ ခုနှစ်ဖွားတွေကို အံ့သြစရာတွေနဲ့ ရင်ခုန်စိတ်လှုပ်ရှားမှုတွေကို ပေးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
(၂) Michael J.Fox
Back to the Future; Part 2 ရုပ်ရှင်မှာ ဟာ အဓိကဇာတ်ကောင်ဖြစ်တဲ့ Marty နေရာမှာ သရုပ်ဆောင်ခဲ့တဲ့အပြင် Marty ရဲ့သမီးဖြစ်သူအနေနဲ့ပါ တဦးတည်းကပဲ သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
(၃) Ben Stiller
ကလေးလူကြီးမရွေး ကြိုက်နှစ်သက်ကြတဲ့ Night at the Museum: Secret of The Tomb ရုပ်ရှင်ဇာတ်ကားမှာတော့ Ben Stiller ဟာ အဓိကဇာတ်ကောင် Larry Daley အဖြစ်ရော ရှေးလူသား Laaa အဖြစ်နဲ့ပါ သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
(၄) Dean-Charles Chapman
နာမည်ကျော် Game of Thrones တီဗီစီးရီးမှာတော့ ဟာ Martin Lannister အဖြစ်ရော Tommen Bratheon အဖြစ်ပါ သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
(၅) Ryan Reynolds
Deadpool မင်းသား Ryan Reynolds ဟာဆိုရင်တော့ Deadpool 2 ရုပ်ရှင်မှာ Deadpool အနေနဲ့ရော Juggernaut ရဲ့ အသံသရုပ်ဆောင်အဖြစ်ပါ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
You may also like these stories:
Deadpool ရုပ်ရှင် ဇာတ်ဝင်တေး သီဆိုဖို့ အဆိုတော် Celine Dion ကို မင်းသား Ryan Reynolds ကမ်းလှမ်း
ဟောလိဝုဒ်ရဲ့ အနုပညာကြေးအများဆုံး မင်းသားအဖြစ် Ryan Reynolds ထိပ်ဆုံးမှာ ရပ်တည်
တခေတ်တခါက နာမည်ကျော်ဟောလိဝုဒ် မင်းသမီးကြီး Doris Day ကွယ်လွန်ပြီ
ဖျော်ဖြေပွဲတွေ ပြန်လုပ်မယ်လို့ အဆိုတော် Britney Spears အတည်ပြု