• English
Tuesday, May 13, 2025
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

“ဟစ်တိုင်” ဇာတ်ကားမှာ တချို့က သရုပ်ဆောင်အသစ်မှန်း မသိကြဘူးလို့ စဝ်ယွန်းဝတီဦး ပြော

by ယုဖြူဟန်
24 May 2019
in Entertainment
A A
အလှမယ် စဝ်ယွန်းဝတီဦး  / ဝေဝေနှင်း / ဧရာဝတီ

အလှမယ် စဝ်ယွန်းဝတီဦး / ဝေဝေနှင်း / ဧရာဝတီ

12.6k
VIEWS
Share on FacebookShare on Twitter

သက်ငယ်မုဒိမ်း ပညာပေးအနေနဲ့ ရိုက်ကူးထားတဲ့ “ဟစ်တိုင်”ရုပ်ရှင်ဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ အလှမယ် စဝ်ယွန်းဝတီဦးကတော့ ဒီကားထဲမှာ တချို့သောပရိသတ်များက သရုပ်ဆောင်အသစ်မှန်းမသိဘဲ အားမလို အားမရ ဖြစ်ခဲ့တာတွေရှိတယ်လို့ ပြောပါတယ်။

“ဟစ်တိုင်မှာတော့ အသစ်တယောက်အနေနဲ့ တော်တော်များများက လက်ခံအားပေးကြတယ်။ အဲဒီအတွက်လည်း ပျော်ပါတယ်။ တချို့ကျတော့လည်း အားမလို အားမရလေးတွေ ရှိတာပေါ့။ တချို့ကျတော့လည်း အသစ်မှန်း မသိဘူး။ မအူဝဲကလည်း အများကြီးကောင်းတာဆိုတော့ ဒီထက်လည်း အများကြီးကြိုးစားပါဦးမယ်” လို့ အလှမယ် စဝ်ယွန်းဝတီဦးက ပြောပါတယ်။

RelatedPosts

မြိတ်မြို့

မြိတ်မြို့

11 May 2025
515
ပုဂံ့ကျက်သရေ

ပုဂံ့ကျက်သရေ

10 May 2025
224
ငလျင်ကြောင့် ရာစုနှစ်ချီ သမိုင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ အုတ်ပုံဖြစ်သွား

ငလျင်ကြောင့် ရာစုနှစ်ချီ သမိုင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ အုတ်ပုံဖြစ်သွား

7 May 2025
769

“ဟစ်တိုင်” ဇာတ်ကားကိုတော့ အားပေးတဲ့ ပရိသတ် အများအပြားရှိခဲ့သလို တဖက်မှာလည်း ဆိုးရွားတဲ့ ဝေဖန်မှုများ ရှိနေခဲ့ပါတယ်။ အဆိုပါ ဝေဖန်မှုများကို ဘယ်လိုမျိုးကျော်ဖြတ်လဲ ဆိုတာကိုလည်း စဝ်ယွန်းဝတီဦးက အခုလို ပြောပြခဲ့ပါတယ်။

“မကောင်းတဲ့ ဝေဖန်မှုတွေ ဆိုတာကလည်း ဝေဖန်တာကို ကျေနပ်တယ်။ ဘာမှ မပြောဘဲ လျစ်လျူရှုလိုက်တာ ထက်စာရင် ဟုတ်သည်ရှိ၊ မဟုတ်သည်ရှိ ၅၀ လောက်က ကိုယ့်အတွက် ကောင်းတယ်ပေါ့။ ဝေဖန်မှုတွေ အကုန်လုံးကို လက်ခံတယ်။ ဝေဖန်မှုတွေ အကုန်လုံးထဲကမှ ကိုယ်လိုအပ်နေတာကို သေချာ တခုချင်းရအောင် ပြင်တယ်။ ဝေဖန်မှုရှိမှလည်း တိုးတက်မှာပေါ့။ ဝေဖန်မှုတွေကို အားတွေအဖြစ်ပဲ သဘောထားပါတယ်” လို့ စဝ်ယွန်းဝတီဦးက ပြောပါတယ်။

အလှမယ်လောကမှ သရုပ်ဆောင် တယောက်အနေနဲ့ ပိုပြီးလုပ်ကိုင်လာခဲ့တဲ့ စဝ်ယွန်းဝတီကိုတော့ တချို့သောသူများက စကားမပြောတာမျိုးတွေရှိတယ်လို့လည်း သိရပါတယ်။

“တချို့ဆိုရင် အလှမယ်လောကကနေ မင်းသမီးလိုင်းကို သွားတဲ့အတွက် စကား မပြောကြဘူး။ အဲဒီအတွက်လည်း အားလုံးကို မေတ္တာရပ်ခံချင်ပါတယ်။ ကိုယ့်ရဲ့ယှဉ်ပြိုင်ရတဲ့နှစ်မှာ တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက အားပေးခဲ့တဲ့ ပရိသတ်တွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ အခုအနုပညာလိုင်းကို ဆက်သွားတော့လည်း ချစ်ပြီးအားပေးတဲ့ ပရိသတ်များကိုလည်း ကျေးဇူးတင်ပါတယ်” စဝ်ယွန်းဝတီဦးက ပြောပါတယ်။

သရုပ်ဆောင်တယောက်အနေနဲ့ ခြေလှမ်းစတင်ခဲ့တဲ့ အချိန်ကစပြီး ရိုက်ကူးရတဲ့ကာရိုက်တာများမှာ ပေါ့ပေါ့ပါးပါးမျိုး မဟုတ်ဘဲ ဖိအားများတဲ့ ကာရိုက်တာများကိုလည်း အရမ်းကြိုးစားခဲ့ရတယ်လို့ ဆိုပါတယ်။

“အသစ်တယောက်ဆိုပေမယ့် လွယ်လွယ်လေးနဲ့ စခဲ့ရတာ မဟုတ်ဘူးပေါ့။ တဝက်လောက်ကနေ မရရအောင်ကြိုးစားပြီးစခဲ့ရတယ်။ ဒါပေမယ့် အရမ်းလည်းကြိုးစားခဲ့တယ်။ စိတ်ဖိစီးမှုတွေလည်းမျ ားတယ်။ ဖိအားတွေလည်း များတယ်။ ပြန်ကြည့်လိုက်တဲ့အခါမှာတော့ ငါလုပ်နိုင်တယ်ဆိုပြီး ပျော်ပါတယ်” လို့ စဝ်ယွန်းဝတီဦးက ပြောပါတယ်။

မကြာခင်မှာလည်း စဝ်ယွန်းဝတီဦး ပါဝင်သရုပ်ဆောင်ထားတဲ့ “အဆောင်” ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲကို ပြသတော့မှာဖြစ်ပြီး ဒီထဲမှာတော့ အကြားအမြင်ဆရာမ တယောက်အနေနဲ့ တွေ့ရမှာပဲ ဖြစ်ပါတယ်။

You may also like these stories:

“ဟစ်တိုင်” ဇာတ်ကားကို ကိုယ်တိုင် မျက်ရည်ကျပြီး ရိုက်ကူးခဲ့တယ်လို့ ဒါရိုက်တာ ဟိန်းစိုး ပြော

“ဟစ်တိုင်ကို အကယ်ဒမီ မမျှော်လင့်ရဲဘူး၊ ပရိသတ်တွေ ကြိုက်တာနဲ့တင် ကျေနပ်ပြီ”

“ဟစ်တိုင်” ဇာတ်ကားထဲမှာ အိန္ဒြာကျော်ဇင်ရဲ့ သူငယ်ချင်းနေရာက သရုပ်ဆောင်ထားတဲ့ မုဏ်း

“ဟစ်တိုင်”ကို ဝတ္ထုဖတ်ချိန်ကတည်းက ရင်ထဲဆို့နင့်နေလို့ နားပြီးမှ ဖတ်ခဲ့ရတဲ့ အိန္ဒြာကျော်ဇင်

Your Thoughts …
Tags: စဝ်ယွန်းဝတီဦးဟစ်တိုင်
ယုဖြူဟန်

ယုဖြူဟန်

ဧရာဝတီ

Similar Picks:

အကယ်ဒမီ အိန္ဒြာကျော်ဇင်  / Eaindra Kyaw Zin's Facebook / Photo by Nay Min Tun

“ဟစ်တိုင်”ကို ဝတ္ထုဖတ်ချိန်ကတည်းက ရင်ထဲဆို့နင့်နေလို့ နားပြီးမှ ဖတ်ခဲ့ရတဲ့ အိန္ဒြာကျော်ဇင်

by မန်းသူ
8 May 2019
39.1k

“ဆရာမ သျှင်မ ဝတ္ထုဖတ်ကြည့်ချိန်မှာ တော်တော် ရင်ထဲထိခဲ့တယ်။ သက်ငယ် မုဒိမ်း ပညာပေးလည် းပါတယ်။ တချိန်တည်းနဲ့လည်း ဒီဝတ္ထုကို ဖတ်လို့မရဘူး။ ရင်ထဲမှာ ဆို့နေတာကြောင့်ပါ။

သရုပ်ဆောင် မုဏ်း  / ဝေဝေနှင်း / ဧရာဝတီ

“ဟစ်တိုင်” ဇာတ်ကားထဲမှာ အိန္ဒြာကျော်ဇင်ရဲ့ သူငယ်ချင်းနေရာက သရုပ်ဆောင်ထားတဲ့ မုဏ်း

by ယုဖြူဟန်
2 May 2019
19k

သရုပ်ဆောင် အိန္ဒြာကျော်ဇင်ကတော့ သူမရဲ့ကြိုက်နှစ်သက်ရတဲ့ မင်းသမီးတဦးဖြစ်ပြီး အတူတွဲဖက်သရုပ်ဆောင် ရတဲ့အတွက် ပညာတွေလည်း အများကြီးရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါရိုက်တာ ဟိန်းစိုး  / ချစ်ပိုး / ဧရာဝတီ

“ဟစ်တိုင်” ဇာတ်ကားကို ကိုယ်တိုင် မျက်ရည်ကျပြီး ရိုက်ကူးခဲ့တယ်လို့ ဒါရိုက်တာ ဟိန်းစိုး ပြော

by ချစ်ပိုး
23 May 2019
9.1k

“ဒီကားမှာ အူဝဲလည်း တော်တော်ပင်ပန်းတယ်။ ဒီဇာတ်ကားက ကျနော်တို့ မြန်မာနိုင်ငံမှာ ကြည့်နေတဲ့ သမရိုးကျ ဇာတ်လမ်းကနေ ရဲရဲရင့်ရင့် ဖောက်ထွက် ရိုက်လိုက်တဲ့ ဇာတ်ပါ။

သရုပ်ဆောင် အကယ်ဒမီ အိန္ဒြာကျော်ဇင်  /  ချစ်ပိုး / ဧရာဝတီ

“ဟစ်တိုင်ကို အကယ်ဒမီ မမျှော်လင့်ရဲဘူး၊ ပရိသတ်တွေ ကြိုက်တာနဲ့တင် ကျေနပ်ပြီ”

by ချစ်ပိုး
18 May 2019
7.7k

"ဇာတ်ရဲ့ ရည်ရွယ်ချက်လေးကလည်း ကောင်းတယ်။ သမီး မိန်းကလေး ရှိတဲ့ အမေတွေအတွက် အသိလေးတွေ ရသွားဖို့ အတွက် ဒီကားလေး ရိုက်လိုက်တော့ အားလုံးအတွက် မှတ်မှတ်ထင်ထင်လေး ဖြစ်သွားတာပေါ့"

Miss Myanmar International 2017 အလှမယ် စဝ်ယွန်းဝတီဦး   / ဝေဝေနှင်း / ဧရာဝတီ

နိုင်ငံတကာကို သွားပြိုင်မယ့် အလှမယ်တွေအတွက် ဆောင်ရန်၊ ရှောင်ရန်တွေ ပြောပြတဲ့ စဝ်ယွန်းဝတီဦး

by ယုဖြူဟန်
2 June 2019
37.5k

“ပြိုင်ပွဲပေါ် မူတည်တာပေါ့။ အင်္ဂလိပ်လို ပြောတတ်ရမယ်၊ ပြောနိုင်ရမယ်ဆိုတဲ့ ပွဲတွေ ရှိတယ်။ တချို့ကျတော့ စကားပြန်တွေနဲ့ ပြောရတဲ့ပွဲတွေ ရှိတယ်။ International ပွဲတွေကတော့ သေချာတယ်။

အလှမယ် စဝ်ယွန်းဝတီဦး  / Sat Yun WaDi Oo'sFacebook

အနုပညာလောကမှာ ဂုဏ်သိက္ခာရှိရှိနဲ့ ရပ်တည်ချင်သူ အလှမယ် စဝ်ယွန်းဝတီဦး

by ယုဖြူဟန်
5 November 2018
11.3k

“အကယ်၍ အနုပညာလောကထဲကနေ မလုပ်ဘဲ ထွက်သွားတယ်။ တခြားအပြင် စီးပွားရေးအလုပ်တွေ လုပ်တဲ့ တိုင်အောင် နာမည်ကောင်းလေးနဲ့ ကျန်တဲ့ အမျိုးသမီး တယောက်အနေနဲ့ မိသားစုက မြင်ချင်တာပါ”

Next Post
၂၀၁၈ ခုနှစ် ရန်ကုန်ရေကြီးမြင်ကွင်း  / မျိုးမင်းစိုး / ဧရာဝတီ

ရန်ကုန်စည်ပင်အရာရှိများအတွက် ကားဝယ်ရန် ကျပ် ၁ ဒဿမ ၅ ဘီလီယံ တောင်းခံ

 ကျန်ဇီ ပြည်နယ်ရှိ ရှားပါးမြေထုတ်လုပ်သော လုပ်ငန်းတခုသို့ တရုတ်သမ္မတ ရှီကျင့်ဖျင် သွားရောက်ခဲ့စဉ် / Xinhua

မြန်မာမှ ရှားပါးမြေ တင်သွင်းမှု တရုတ် ပိတ်ပင်သောကြောင့် ဈေး ရုတ်တရက်တက်

No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

6 days ago
5.4k
တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

1 week ago
7.4k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

    shares
    Share 0 Tweet 0
  • အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate