Entertainment

"ဘာသာရေး ပိုလုပ်ချင်တာကြောင့် တနှစ်ကိုဇာတ်ကား ၂ကားလောက်သာရိုက်ကူးမယ်"လို့ ထွန်းအိန္ဒြာဗို ပြော

Want create site? Find Free WordPress Themes and plugins.

နောက်ပိုင်းမှာ ရုပ်ရှင်ဇာတ်ကားတွေ အရိုက်နည်းလာတဲ့ သရုပ်ဆောင် ထွန်းအိန္ဒြာဗိုက အသက်အရွယ်ရရော ဘာသာရေး ပိုလုပ်ချင်တာရောကြောင့် တနှစ်ကို ဇာတ်ကား၂ကားလောက်ပဲ ရိုက်ဖို့စဉ်းစားထားတယ်လို့ ဆိုပါတယ်။

“ ကျမရိုက်ကူးပြီးသား ဇာတ်ကား ၁၂ကားလောက်ရှိတယ်။ နောက်ထပ်ရိုက်ကူးမယ့် ကားတွေတော့ တနှစ်ကို ၂ကားလောက်ပဲ ရိုက်တော့မယ်လို့ စဉ်းစားထားတယ်။ ဘာကြောင့်မှတော့ မဟုတ်ဘူး။ အသက်အရွယ်ရရော ဘာသာရေးပိုလုပ်ချင် တာလည်းပါတယ်။ အဲ့နှစ်ကားရိုက်မယ်ဆိုတာတောင် ဇာတ်ကို စိတ်ကြိုက်ရွေးချယ်ဦးမှာ။ စိတ်ကြိုက်မဖြစ်ရင်လည်း ရိုက်ချင်မှရိုက်ဖြစ်မယ်”လို့ ထွန်းအိန္ဒြာဗိုလ်က ပြောပါတယ်။

မကြာခင်ရုံတင်ပြသမယ့် “စရိုက်” ဇာတ်ကားမှာ ခိုင်သင်းကြည်ရဲ့ အမေနေရာက ပါင်သရုပ်ဆောင်ထားတဲ့ ထွန်းအိန္ဒြာဗိုလ်က ဒီကားထဲက ကာရိုက်တာက စရိုက်ကြမ်းကြမ်းတမ်းတမ်းကို သရုပ်ဆောင်ရတာကြောင့် ပြောရတဲ့ စကားလုံးတွေ အခက်အခဲရှိတယ် လို့ဆိုပါတယ်။

“စရိုက်ကားထဲမှာတော့ အလွန်စရိုက်ကြမ်းပြီး ဘဝကိုလည်း ပေါ့ပျက်ပျက်နဲ့ လုပ်ချင်ရာ လုပ်တဲ့ အတ္တကြီးပြီး ဉာဏ်နည်းတိုင်း မှားချင်တိုင်းမှားနေတဲ့ မိန်းမတယောက်အနေနဲ့ ပါဝင်ထားတယ်။ မခိုင်လေးအမေနဲ့ ပါဝင်ထားတယ်။ ကျော်ထက်အောင်နဲ့လည်း ၂ကားရိုက်ဖူးတယ်။ ပထမကားနဲ့ ကာရိုက်တာပေးထားတာလည်း မတူဘူး။ မတူတဲ့ ဇာတ်ရုပ်ကို ကွဲအောင်လုပ်နိုင်တယ်လို့ မြင်ပါတယ်”

“ ဒီဇာတ်ကားကို ဒီဘက်ခေတ်အမြင်လေးနဲ့ နည်းနည်းပြောင်းထား တာလေးတွေ ရှိတယ်။ အခြေခံလူတန်းစားတွေ ရဲ့ဘဝတွေ ကိုရိုက်ပြသွားတဲ့ ကားလေးပါ။ အဓိကကတော့ ဒီကားထဲမှာ ကာရိုက်တာအပြောရတဲ့ စကားလုံးတွေကတော့ အခက်အခဲရှိပါတယ်” လို့ ထွန်းအိန္ဒြာဗိုက ဆိုပါတယ်။

ဆက်လက်ပြီး “ဇာတ်တခုလက်ခံပြီးရိုက်ရင်တော့ ဇာတ်ကခိုင်းတာလေးတွေ ကျမတို့ကတော့ ကြိုးစားလုပ်ရတာပေါ့။ သရုပ်ဆောင် မှုပဲဖြစ်ဖြစ် အဝတ်အစားပြင်ဆင်မှုပဲဖြစ်ဖြစ် မိတ်ကပ်ဆံပင်နဲ့ ပဲဖြစ်ဖြစ်ပေါ့။ ကလေးတွေရဲ့လက်ဦးဆရာက မိဘဆိုတာကို Message ပေးချင်တဲ့ ကားလေးပါ”

“ကျမစရိုက်ကြမ်းတော့ ကျမမွေးထားတဲ့ ခိုင်သင်းကြည်ကလည်း သူ့ဘဝမှာ ကြမ်းကြမ်းတမ်းတမ်းပဲ ဉာဏ်မရှိစွာ ဖြေရှင်းခဲ့ရတာလေးတွေ ရိုက်ထားတာပေါ့။ ကလေးရှိတဲ့ မိဘတိုင်းကတော့ ကိုယ့်ကလေးက ကိုယ့်ကို ကြည့်နေတယ် ဆိုတာကို မမေ့ဖို့လိုပါတယ်။ ဒီကားက မခိုင်လေးဇာတ်ပါ။ ကျမအခန်းသိပ်မရှိပါဘူး”လို့ ထွန်းအိန္ဒြာဗိုလ်က ပြောပါတယ်။

ထွန်းအိန္ဒြာဗိုလ်ဟာ ဂီတပိုင်းမှာ သီချင်းခွေတွေ အများကြီး ထွက်ရှိထားသလို ရုပ်ရှင်ဘက်မှာလည်း ၁၉၉၉ခုနှစ်မှာ “နှောင်းတမြေ့မြေ့” ၊ ၂၀၀၃ခုနှစ်မှာ “အမေ့နို့ဖိုး” ၊ ၂၀၀၅ ခုနှစ်မှာ “မိုးကုတ်စက်ဝိုင်းကို ကျော်လွန်၍” စတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကယ်ဒမီဆုတွေ ကိုပိုင်ဆိုင် နိုင်ခဲ့သူ တဦးဖြစ်ပါတယ်။

You may also like these stories:

ဗီလိန်ဇာတ်ရုပ်တွေ ရိုက်ကြည့်ချင်တဲ့ သရုပ်ဆောင်ညိမ်းသော်

မိဘမဲ့ကလေး အယောက် ၁၀၀ ကို ကစားကွင်း လိုက်ပို့ခဲ့တဲ့ ရွှေပိုးအိမ်

အမျိုးသမီးတွေ တနှစ်ကို အလုပ်ထွက်ချင်စိတ် ၁၇ ခါလောက်ဖြစ်လေ့ရှိ

သားဖြစ်သူကို လမ်းမှား မရောက်အောင် ဘာသာတရားနဲ့ ဆိုဆုံးမတယ် ဆိုတဲ့ ထွန်းအိန္ဒြာဗိုလ်

Did you find apk for android? You can find new Free Android Games and apps.
Loading