• English
Thursday, May 22, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

ရင်းနှီးမြှုပ်နှံသူများအတွက် YG ကုမ္ပဏီအကြီးအကဲ ပြည့်တန်ဆာဝန်ဆောင်မှု ပေးခဲ့တယ်လို့ သတင်းထွက်

by မစ်ကီ
28 May 2019
in Entertainment
A A
YG အင်တာတိန်းမန့် အကြီးအကဲ Yang Hyun-suk

YG အင်တာတိန်းမန့် အကြီးအကဲ Yang Hyun-suk

31.2k
VIEWS
Share on FacebookShare on Twitter

တောင်ကိုရီးယားရဲ့ နာမည်ကျော် ဖျော်ဖြေရေးကုမ္ပဏီဖြစ်တဲ့ YG အင်တာတိန်းမန့် အကြီးအကဲ Yang Hyun-suk ဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေအတွက် ပြည့်တန်ဆာဝန်ဆောင်မှုပေးခဲ့တယ်လို့ ဒေသတွင်း စုံစမ်းရေး ရုပ်သံအစီအစဉ်တခုကနေ ထုတ်ပြန်လိုက်တဲ့ ဗီဒီယိုတခုမှာ တွေ့ရှိခဲ့ရပါတယ်။ ဒါပေမယ့် YG ကုမ္ပဏီကတော့ အဲ့ဒီ စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၇ ရက် ညမှာထုတ်လွှင့်ခဲ့တဲ့ MBB ရုပ်သံရဲ့ “Straight” ဆိုတဲ့အစီအစဉ်မှာ Yang ဟာ ၂၀၁၄ ခုနှစ်၊ ဇူလိုင်လတုန်းက အရှေ့တောင်အာရှနိုင်ငံသား ရင်းနှီးမြှုပ်နှံသူနှစ်ဦးအတွက် ပြည့်တန်ဆာရှာဖွေပေးခဲ့တယ်ဆိုတဲ့ စစ်ဆေးချက်အသေးစိတ်ကို အစီအစဉ်တင်ဆက်သူ အဖွဲ့က ပြောဆိုဆွေးနွေးခဲ့ကြပါတယ်။

RelatedPosts

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

21 May 2025
1.3k
ကလေးငယ်များကို စစ်ကောင်စီ အစုလိုက် သတ်ဖြတ်မှုတွင် နှုတ်ဆိတ်နေခြင်းက ကြံရာပါမှုမြောက်သည်

ကလေးငယ်များကို စစ်ကောင်စီ အစုလိုက် သတ်ဖြတ်မှုတွင် နှုတ်ဆိတ်နေခြင်းက ကြံရာပါမှုမြောက်သည်

21 May 2025
218
စာနာမှုများ ကင်းမဲ့သွားသော ကမ္ဘာ

စာနာမှုများ ကင်းမဲ့သွားသော ကမ္ဘာ

21 May 2025
359

အဲ့ဒီ စွပ်စွဲချက်တွေအရဆိုရင် Yang နဲ့ ကုမ္ပဏီရဲ့ အဆိုတော်တဦးတို့ဟာ ဆိုးလ်မြို့ တောင်ဘက်မှာရှိတဲ့ လူကုံထံတွေ နေထိုင်ရာ ခရိုင်တခုက အဆင့်မြင့်စားသောက်ဆိုင် တခုမှာ ညစာစားပွဲတခုကို ကျင်းပခဲ့တယ်လို့ သိရပါတယ်။ သူတို့နဲ့အတူ အမျိုးသမီး ၂၅ ဦးနဲ့ အမျိုးသား ၈ ဦးပါဝင်ခဲ့ပါတယ်။

အမျိုးသမီးတွေထဲမှာ ၁၀ ယောက်ကျော်လောက်က YG နဲ့ နီးစပ်တယ်ဆိုတဲ့ နာမည်ကျော် လိင်ဖျော်ဖြေရေး ကုမ္ပဏီတခုက ပြည့်တန်ဆာတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ညစာစားပြီးတဲ့နောက် သူတို့ဟာ Yang ပိုင်ဆိုင်တဲ့ NB ဆိုတဲ့ ကလပ်တခုကို သွားခဲ့ပြီး အဲ့ဒီမှာ ပြည့်တန်ဆာ ဝန်ဆောင်မှုပေးခဲ့တာဖြစ်တယ်လို့ ဗီဒီယိုဖိုင်မှာ မြင်တွေ့ရပါတယ်။

အဲ့ဒီအချိန်တုန်းက YG ကုမ္ပဏီလက်အောက်မှာရှိနေတဲ့ K-pop အဖွဲ့ဖြစ်တဲ့ Big Bang အဖွဲ့ဝင်ဟောင်း Seungri ကတော့ ရင်းနှီးမြှုပ်နှံသူတွေအတွက် ပြည့်တန်ဆာဝန်ဆောင်မှု ပေးခဲ့ကြောင်းနဲ့ YG ကုမ္ပဏီကဒ်နဲ့ ဟိုတယ်ခတွေကို ရှင်းပေးခဲ့တယ်လို့ သံသယရှိခံ ထားရပါတယ်။

YG နဲ့ Seungri တို့ဟာ ဒီလိုမျိုး အကျင့်ပျက်မှုမှာ ပါဝင်ခဲ့တယ်လို့ဆိုတဲ့ သက်သေရှိပေမယ့် ရဲတပ်ဖွဲ့ကတော့ ဒီကိစ္စကို ထဲထဲဝင်ဝင်စုံစမ်းတာမျိုး  မရှိခဲ့ပါဘူး။ “Straight” အဖွဲ့ကတော့ အဲ့ဒီဗီဒီယိုဖိုင်ထဲမှာ အပြည့်အစုံ ဖော်ပြပေးထားပါတယ်။ YG အင်တာတိန်းမန့်ကတော့ အဲ့ဒီပြောဆိုချက်တွေဟာ မမှန်ဘူးဆိုပြီး ပယ်ချထားပါတယ်။

ထုတ်ပြန်ချက်ထဲမှာတော့ “Yang Hyun-suk ဟာ သူ့ရဲ့ အပေါင်းအပါ သူငယ်ချင်းတွေရဲ့ ဖိတ်ကြားချက်ကို ရခဲ့ပေမယ့် အဲ့ဒီလိုဖော်ပြသလိုမျိုး လိင်ဝန်ဆောင်မှုပေးခဲ့တာ မရှိဘူး” လို့ ဖော်ပြထားပါတယ်။ ရဲတပ်ဖွဲ့ကတော့ အဲ့ဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ဘာကိုမှ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

တကယ်လို့ လိုအပ်မယ်ဆိုရင်တော့ အဲ့ဒီကိစ္စကို စုံစမ်းစစ်ဆေးသွားမှာဖြစ်ပြီး အချက်အလက်တွေကို စစ်ဆေးဖို့ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

Ref:asiaone

You may also like these stories:

“နိုင်ငံရေးလောကထဲ ဝင်မှာ မဟုတ်ဘူး”လို့ မင်းသား George Clooney ပြော

တခေတ်တခါက နာမည်ကျော်ဟောလိဝုဒ် မင်းသမီးကြီး Doris Day ကွယ်လွန်ပြီ

Cyberbullying ပြုလုပ်ခံခဲ့ရတဲ့ ကမ္ဘာကျော် အနုပညာရှင်များ

ဇူလိုင်လမှာ စစ်မှုထမ်းတာဝန် ပြီးဆုံးတော့မယ့် BigBang အဖွဲ့ဝင် T.O.P

Your Thoughts …
Tags: YG ကုမ္ပဏီအကြီးအကဲပြည့်တန်ဆာဝန်ဆောင်မှု
မစ်ကီ

မစ်ကီ

Contributor

Similar Picks:

နာမည်ကျော် Kpop အဖွဲ့ Big Bang မှအဖွဲ့ဝင်ဟောင်း Seungri

ပြည့်တန်ဆာ ဝန်ဆောင်မှုကို Seungri ဆောင်ရွက်ပေးခဲ့ကြောင်း ရဲတပ်ဖွဲ့ အတည်ပြု

by မစ်ကီ
1 April 2019
7.7k

ဆိုးလ်မြို့ပြ ရဲတပ်ဖွဲ့အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက “Seungri ရင်ဆိုင်နေရတဲ့ စွပ်စွဲချက်တွေရဲ့ အပိုင်းတွေကို စစ်ဆေးခဲ့ပြီးဖြစ်တယ်လို့ ပြောနိုင်ပါပြီ” လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

အဆိုတော် Psy

ပြည့်တန်ဆာ ဝန်ဆောင်မှုကိစ္စနဲ့ ပတ်သက်ပြီး အဆိုတော် Psy စစ်ဆေးမေးမြန်းမှု ခံခဲ့ရ

by မစ်ကီ
24 June 2019
6k

အဲ့ဒီသတင်း ဖော်ပြချက်အရ Yang Hyun Suk ဟာ ပွဲတခုဆီ အမျိုးသမီး ၂၅ ဦးကို ဖိတ်ကြားခဲ့ပြီး အဲ့ဒီထဲမှာ မဒမ်ဂျောင်လို့ခေါ်တဲ့ အမျိုးသမီးတဦးကနေ ခေါ်လာတဲ့အမျိုးသမီး ၁၀ ဦးပါဝင်တယ်လု့ိ သိရပါတယ်။

Next Post
နာဆာက ရိုက်ကူးခဲ့တဲ့ ဧရာဝတီမြစ် ဓာတ်ပုံ

နာဆာက ရိုက်ကူးခဲ့တဲ့ ဧရာဝတီမြစ် ဓာတ်ပုံ ထွက်ပေါ်

ရွှေမြိုင်သီရိဈေး အသစ်မဆောက်ရန် မွန်ပြည်နယ် ဝန်ကြီးချုပ်ထံ ဒုတိယအကြိမ် ကန့်ကွက်စာပို့ (ရုပ်/သံ)

ရွှေမြိုင်သီရိဈေး အသစ်မဆောက်ရန် မွန်ပြည်နယ် ဝန်ကြီးချုပ်ထံ ဒုတိယအကြိမ် ကန့်ကွက်စာပို့ (ရုပ်/သံ)

No Result
View All Result

Recommended

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

3 days ago
2.5k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

6 days ago
2.3k

Most Read

  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate