Entertainment

မျက်နှာ မတူလို့ ဝေဖန်ခံနေရတဲ့ Madame Tussauds ပြတိုက်မှ Ariana Grande ပုံတူ

Want create site? Find Free WordPress Themes and plugins.

အဆိုတော် Ariana Grande ရဲ့ ပရိသတ်တွေကတော့ သူတို့ချစ်ခင် နှစ်သက်ရတဲ့ အဆိုတော်ရဲ့ ပုံတူဖယောင်း ရုပ်တုကို အခု သီတင်းပတ်အတွင်းမှာပဲ လန်ဒန်မြို့မှာရှိတဲ့ Madame Tussauds ပြတိုက်မှာ စတင်ဖွင့်လှစ်ခဲ့ပြီးတဲ့နောက် ဝေဖန်မှုတွေ လုပ်ဆောင်ခဲ့ပြီး အဲ့ဒီရုပ်တုဟာ ရှက်ဖို့ကောင်းတဲ့အပြင် မလေးမစား ပြုရာရောက်တယ်လို့ ပြောဆိုခဲ့ကြပါတယ်။

ဒါ့အပြင် အဆိုတော် Ariana ကိုယ်တိုင်ကလည်း သူ့ရဲ့ပုံတူရုပ်တုကို သိပ်သဘောမတွေ့ဘဲ ဒီဇိုင်းပုံစံနဲ့ ပတ်သက်လို့ ခပ်တိုတိုပြတ်ပြတ် မှတ်ချက်ပေးခဲ့တာကို တွေ့ရပါတယ်။

အဲ့ဒီ ဖယောင်းရုပ်တုနဲ့ ပတ်သက်လို့ မှတ်ချက်ပေးရာမှာတော့ အသက် ၂၅ နှစ်အရွယ် အဆိုတော် Ariana က “ကျမ စကားပြောမှ ရတော့မယ်” လို့ ပြောဆိုခဲ့ပါတယ်။ Ariana ရဲ့ ပုံတူဖယောင်းရုပ်တုဓာတ်ပုံတွေကို ပြီးခဲ့တဲ့ မေလ ၂၈ ရက်နေ့မှာ Madame Tussauds ပြတိုက်ကနေ ဝေမျှခဲ့ပြီးတဲ့နောက် ပရိသတ်တွေက အွန်လိုင်းပေါ်မှာ တော်တော်လေး ဝေဖန်နေခဲ့ကြပါတယ်။

ပရိသတ်တွေက “ခင်ဗျားတို့က Classic ဆန်တဲ့ Ari ကို ရွေးချယ်ခဲ့တယ်။ အခုတော့ သူ့ရဲ့စတိုင် ပုံမှားရိုက်ထားတာ ရှိနေပြီ။ မေလ ၃၁ ရက်နေ့ကစလို့ ၅ ပတ်ကြာ လန်ဒန် Madame Tussauds ပြတိုက်မှာ Ariana Grande ကို မြင်တွေ့နိုင်ပါတယ်”လို့ တုံ့ပြန်ရေးသားခဲ့ကြပါတယ်။

၅ ပတ်ဆိုတဲ့အချိန်ဟာ Ariana ရဲ့ ပရိသတ်တွေဖြစ်တဲ့ Arianators တွေအတွက်တော့ တော်တော်လေးကို ကြာမြင့်တဲ့ အချိန်ကာလဖြစ်ပြီး အဲ့ဒီ ပုံမတူတဲ့ ဖယောင်းရုပ်တုနဲ့ ပတ်သက်ပြီး Twitter မှာ ဝေဖန်မှုတွေကို လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒေါသထွက်နေတဲ့ ပရိသတ်တဦးက “၅ ပတ်မို့လို့ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ သူနဲ့ တူမှ မတူတာပဲလေ” လို့ ရေးပါတယ်။ တခြားပရိသတ်တွေကတော့ ပုံမတူတာကြောင့် မျက်နှာကို အရည်ဖျော်ပြီး ပြန်ပုံဖော်သင့်တယ်လို့လည်း ဆိုကြပါတယ်။

ပရိသတ်တွေရဲ့ အဆိုအရကတော့ အဲ့ဒီပုံတူ ဖယောင်းရုပ်တုဟာ Saturday Night Live အစီအစဉ် ဟာသကဏ္ဍမှာ Ariana အဖြစ် သရုပ်ဆောင်လေ့ရှိတဲ့ Melissa Villaseñor နဲ့ဆင်တူနေတယ်လို့ ဆိုကြပါတယ်။

အခြားပရိသတ်တွေကတော့ “ဒါက Ariana ဆိုတာ သေချာရဲ့လား။ ငါကတော့ မထင်ဘူး။ နည်းနည်းလေးတောင် တူတယ်လို့ မထင်ဘူး။ မျက်ခုံးမွေးတွေကိုတော့ ဘယ်သူ လုပ်ထားတာလဲ” လို့ ဒေါသတကြီးဆိုကြပါတယ်။ ဒါ့အပြင် သူ မတူတဲ့ နှာခေါင်းဟာ ဖယောင်းရုပ်တုမှာတော့ တော်တော်လေး ကြီးနေတယ်လို့လည်း ဆိုကြပါတယ်။

Ref:Dailymail

You may also like these stories:

ဂီတပွဲတော်မှာ BLACKPINK အဖွဲ့ရဲ့ ဖျော်ဖြေမှုကို ကြည့်ရှုမယ်လို့ Ariana Grande ဆို

လန်ဒန်နဲ့ ဒေလီမှာရှိတဲ့ Madame Tussauds ပြတိုက်မှာ Deepika Padukone ရဲ့ ဖယောင်းရုပ်တု ထားရှိမည်

နယူးယောက်က ဇိမ်ခံတိုက်ခန်းကို ပြောင်းရွှေ့သွားကြတဲ့ Ariana Grande တို့စုံတွဲ

ဒေလီ Madame Tussauds ပြတိုက်မှာ ဘောလိဝုဒ်မင်းသား ရှာရွတ်ခမ်းရဲ့ ဖယောင်းရုပ်တု ပြသ

Did you find apk for android? You can find new Free Android Games and apps.
Loading