ယခုလ အစောပိုင်းတုန်းက ဂျမေကာနိုင်ငံမှာ လုပ်ခဲ့တဲ့ ရိုက်ကွင်းမှာ ဒဏ်ရာရရှိခဲ့တဲ့ မင်းသား Daniel Craig ဟာ “Bond 25” ရုပ်ရှင်ရိုက်ကွင်းကို ပြန်ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။
အသက် ၅၁ နှစ်အရွယ် မင်းသားကို Buckinghamshire မှာရှိတဲ့ Pinewood Studios မှာ အခုသီတင်းပတ် အစောပိုင်းတုန်းက တွေ့ခဲ့ကြရတာ ဖြစ်ပါတယ်။ ဒါပေမယ့် မင်းသား Craig ကတော့ သူ့ရဲ့ ဒဏ်ရာအတွက် ရုန်းကန်နေရဆဲပဲ ရှိပါသေးတယ်။ သူဟာ ဗင်ကားထဲကနေ ထွက်ခဲ့တဲ့အချိန်မှာ တံခါးကို ကိုင်ပြီး ထွက်ခဲ့ရတာကိုကြည့်ရင် သူ့ရဲ့ ဝေဒနာ အကင်းမသေသေးတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။
သူဟာ အညိုနဲ့ အနီရောင် ရှပ်အကျီကို ဝတ်ဆင်ခဲ့ပြီး လည်ပင်းမှာလည်း အိုင်ဒီကတ် ချိတ်ဆွဲထားတာကို မြင်တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် မင်းသားဟာ အဲ့ဒီနေ့က ရုပ်ရှင် ရိုက်ကွင်းရေးအတွက်ပဲ ရောက်လာခဲ့တာလား၊ သူမပါဘဲ ရုပ်ရှင်ဆက်လက် ရိုက်ကူးတာကို လာကြည့်တာလား ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
နော်ဝေသတင်းမီဒီယာ Rbnett ရဲ့ အဆိုအရ ရုပ်ရှင်ဟာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အတ္တလန္တိတ် သမုဒ္ဒရာလမ်းပေါ်က အမြန်နှုန်းနဲ့ ကားမောင်းတဲ့ ဇာတ်ဝင်ခန်းကို ရိုက်ကူးနေပြီဖြစ်တယ်လို့ သိရပါတယ်။ ၅ မိုင်ရှည်တဲ့ အဲ့ဒီလမ်းဟာ နော်ဝေ ကမ်းရိုးတန်းတလျှောက်မှာ တည်ရှိပြီး ကျွန်းငယ်လေးတွေကို ဖြတ်သန်းသွားရတာပဲ ဖြစ်ပါတယ်။
အဲဒီ့ ဝက်ဘ်ဆိုက်ရဲ့ Twitter အကောင့်မှာတော့ “စတန့် ဇာတ်ဝင်ခန်းတွေ၊ ရဟတ်ယာဉ် ပျံသန်းမှုတွေ၊ တရားမဝင် အရှိန်လွန် အမြန်နှုန်း မောင်းနှင်မှုတွေ ဖြစ်ပါတယ်။ ရာဘာ၊ အက်ရှင်နဲ့ အကုန်အကျများတဲ့ ရုပ်ရှင်ရဲ့ ထုတ်လုပ်ရေးကို လာမယ့် ဇွန်လ ၅ ရက်ကနေ ၇ ရက်အထိ အတ္တလာန္တိတ် လမ်းပေါ်မှာ ရိုက်ကူးမှာဖြစ်ပါတယ်” လို့ဆိုပြီးတော့ ကျဉ်းမြောင်းတဲ့ အဲ့ဒီလမ်းရဲ့ ဓာတ်ပုံကိုပါ တွဲပြီးတင်ခဲ့ပါတယ်။
မင်းသား Craig ဟာ မတော်တဆ ဖြစ်ရပ်ပြီးတဲ့နောက် လန်ဒန်မြို့အနီးက Pinewood Studios မှာ ပြုလုပ်မယ့် ရိုက်ကွင်းကို ဖျက်သိမ်းရပေမယ့် သူခွဲစိတ်ပြီး ဒဏ်ရာကနေ ပြန်သက်သာလာဖို့ ကြိုးစားနေတဲ့အချိန်မှာပဲ မင်းသား မပါဘဲ ရုပ်ရှင်ရိုက်ကူးရေးကို ဆက်လုပ်မယ်လို့ ကြေညာခဲ့ပါတယ်။
ပြီးတော့ ရုပ်ရှင်ကို စီစဉ်ထားတဲ့အတိုင်း ပြသမယ့်ရက် ရွှေ့ဆိုင်းတာမျိုး မရှိဘဲ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလမှာ ဖြန့်ချိပြသမှာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
Ref: aceshowbiz
You May Also Like These Stories:
မင်းသား Daniel Craig ခြေကျင်းဝတ်ဒဏ်ရာရလို့ “Bond 25” ရိုက်ကူးရေး ခေတ္တ ရပ်နားထားရ
ဂျိမ်းစ်ဘွန်းရုပ်ရှင် ရိုက်ကွင်းမှာ ရခဲ့တဲ့ ခြေကျင်းဝတ် ဒဏ်ရာကို Daniel Craig ခွဲစိတ်ကုသမှု ခံယူမည်