• English
Sunday, June 22, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

“Lady Boy” ရုပ်ရှင်မှာ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ရမှာ ရင်ခုန်နေတဲ့ ကျော်ကျော်ဗို

by ချစ်ပိုး
4 June 2019
in Entertainment
A A
သရုပ်ဆောင် ကျော်ကျော်ဗို / Lady Boy ရုပ်ရှင် Facebook Page

သရုပ်ဆောင် ကျော်ကျော်ဗို / Lady Boy ရုပ်ရှင် Facebook Page

8.6k
VIEWS
Share on FacebookShare on Twitter

မကြာခင် ရုံတင်ပြသတော့မယ့် “Lady Boy” ရုပ်ရှင်ဇာတ်ကားထဲမှာ သရုပ်ဆောင်ထားတဲ့ ကျော်ကျော်ဗိုက ဒီဇာတ်ကားကို ပြန်ကြည့်ရတာ ရင်ခုန်တယ်လို့ ဆိုပါတယ်။

“ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ရမှာ ရင်ခုန်နေတဲ့ ရုပ်ရှင်ကား၊ ဒီကားမှာ ကျနော့် နာမည်က ကျော်ကျော်နိုင်၊ Club မှာ Sexy Dance ကတဲ့ အလုပ်ကိုလုပ်ပြီး မိန်းကလေးတွေရဲ့ အသည်းစွဲပေါ့။ မိန်းမတွေကို ဖြားယောင်းမြူဆွယ်ရတာပေါ့။ အက ဖျော်ဖြေရေးသမား အလုပ်အပြင် ဂွင်အကြီးကြီးတွေဆို သီးသန့် လိုက်ဖျော်ဖြေပေးတဲ့ အလုပ်နဲ့ စီးပွားရေးဖြောင့်နေတဲ့ မြန်မာနိုင်ငံသားအဖြစ် ပါဝင်ထားတယ်”လို့ ကျော်ကျော်ဗိုက ပြောပါတယ်။

RelatedPosts

ဟင်္သာတမြို့

ဟင်္သာတမြို့

22 June 2025
571
နတ်ဆား၏ အိပ်မပျော်သောည

နတ်ဆား၏ အိပ်မပျော်သောည

21 June 2025
478
တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

16 June 2025
990

“ဒီကာရိုက်တာကလည်း ကျနော့်ဘဝမှာ ပထမဦးဆုံး လုပ်ဖူးတဲ့ ကာရိုက်တာပဲ။ ကိုယ်တိုင် ပြန်ကြည့်ရတော့မှာဖြစ်လို့ စိတ်လှုပ်ရှားနေတယ်။ ဟာသဆိုပေမယ့် ရင်ခုန်ရတဲ့ ကာရိုက်တာပေါ့။ ကာရိုက်တာအတွက် အရမ်းရင်ခုန်ပါတယ်။ နောက်ပိုင်းတွေလည်း လုပ်ဖြစ်ချင်မှ လုပ်ဖြစ်တော့မယ့် ကာရိုက်တာပေါ့”လို့ ကျော်ကျော်ဗိုက ဆိုပါတယ်။

အဆိုပါ “Lady Boy” ရုပ်ရှင် ရိုက်ကူးစဉ်က အတွေ့အကြုံတွေနဲ့ ပတ်သက်ပြီးတော့လည်း ကျော်ကျော်ဗိုက အခုလိုပဲ ပြောပါတယ်။

“အတွေ့အကြုံကတော့ ထိုင်းနိုင်ငံနဲ့ တွဲဖက် ရိုက်ကူးရာမှာ  ကျနော်တို့ဘာမှ နောက်ဆံတင်းစရာ မရှိဘူး။ Production ပိုင်းကလည်း သပ်သပ်ရပ်ရပ် ရှိတယ်။ အရင်တုန်းက နိုင်ငံတကာကို သွားရိုက်ရင် ခိုးကြောင်ခိုးဝှက် ရိုက်ရတာ အခုက ပေါ်တင်ရိုက်ရတဲ့အတွက် Smart အရမ်းဖြစ်တယ်”လို့ ကျော်ကျော်ဗိုက ပြောပါတယ်။

သူများနိုင်ငံတွေမှာ ရိုက်ကူးရေးနဲ့ ပတ်သက်ရင် အာမခံချက်တွေ ရှိပေမယ့် မြန်မာနိုင်ငံမှာ အာမခံချက်နဲ့ ပတ်သက်ပြီးလည်း ရှိလာဖို့ မျှော်လင့်တယ်လို့လည်း ကျော်ကျော်ဗိုက ဆိုပါတယ်။

“ထိုင်းနိုင်ငံမှာ Insurance (အာမခံချက်) ရှိတယ်။ ဒီနိုင်ငံမှာလည်း ဖြစ်လာဖို့ မျှော်လင့်တယ်။ ရိုက်ကွင်းမှာ မမြင်နိုင်တဲ့ အက်ဆီးဒင့်ဆိုတာ ရှိနိုင်တယ်လေ။ နိုင်ငံတကာမှာတော့ မပါမဖြစ်ပေါ့။ ဒီမှာတော့ ဒီအဆင့်ကို မေ့နေကြတာပေါ့။ မြန်မာနိုင်ငံမှာ ရိုက်ကွင်း အာမခံချက် မရှိတာက ကမ္ဘာ့အမြင် မကျယ်သေးတာပေါ့။ ဒီလို လုပ်ပါလား ဆိုတာကိုလည်း အခုနောက်ပိုင်းမှ စမ်းတဝါးဝါး သိတာ။ တဖြည်းဖြည်းတော့ သိလာပါလိမ့်မယ်”

“ပရိသတ်တွေအတွက် အနုပညာတွေဆက်ပြီး ဖန်တီးပါ့မယ်။ ကျနော် ဖန်တီးတဲ့ အနုပညာတိုင်းက တာဝန်ယူမှု၊ တာဝန်ခံမှု ကျနော့်ပေါ်မှာပဲ မူတည်ပါတယ်။ အဲ့အတွက် ပရိသတ်တွေကို ကျနော့် အနုပညာနဲ့ ပတ်သက်ပြီး တာဝန်ယူနိုင်တဲ့ အနုပညာသမားဖြစ်အောင် ကြိုးစားသွားပါ့မယ်”လို့ ကျော်ကျော်ဗိုက ပြောပါတယ်။

“Lady Boy” ရုပ်ရှင်ဇာတ်ကားကြီးကို ဇွန်လ ၆ ရက်နေ့ကစပြီး မင်္ဂလာ ရုပ်ရှင်ရုံကြီးများမှာ ရုံတင်ပြသသွား မှာ ဖြစ်ပါတယ်။ Lady Boy ရုပ်ရှင်ကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့က ထိုင်းနိုင်ငံမှာ ရက် ၂၀ ကြာ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ သရုပ်ဆောင် ပြေတီဦး၊ ခန့်စည်သူ၊ ကျော်ကျော်ဗို၊ ဂျိုကာနဲ့ အိချောပိုတို့နဲ့အတူ ထိုင်းမင်းသမီး ကရာဗီတို့က အဓိက သရုပ်ဆောင်များအဖြစ် ပါဝင်ထားပါတယ်။

You may also like these stories:

“Lady Boy” ရုပ်ရှင်မှာ ထိုင်းလိုပြောပြီး သရုပ်ဆောင်ထားတဲ့ ထူးအောင်

“Lady Boy” ရုပ်ရှင်ကို ၆ လပိုင်း၊ ၆ ရက်နေ့မှာ ရုံတင်ပြသမယ်လို့ ကိုဘိုစန်း ပြော

“Lady Boy လို့ နာမည်ပေးထားပေမယ့် အခြောက်ဇာတ်ကား မဟုတ်ပါဘူး”

Tom Boy အနေနဲ့ သရုပ်ဆောင်ထားပြီး LGBT တွေကို ထိခိုက်မှာ စိုးရိမ်တဲ့ သဲသဲဆုငြိမ်း

Your Thoughts …
Tags: Lady Boy ရုပ်ရှင်ကျော်ကျော်ဗို
ချစ်ပိုး

ချစ်ပိုး

ဧရာဝတီ

Similar Picks:

သရုပ်ဆောင် ကျော်ကျော်ဗို  / Kyaw Kyaw Bo's Facebook

အွန်လိုင်းကနေ ပရိသတ်တွေကို ဝိုင်ရောင်းမယ့် ကျော်ကျော်ဗို

by ချစ်ပိုး
20 October 2020
6.5k

ကျော်ကျော်ဗိုကတော့ သူကိုယ်တိုင် ဝိုင်ကြိုက်နှစ်သက်သူတဦး ဖြစ်တာကြောင့် မကြာခင်မှာ ပရိသတ်တွေကို ဝိုင်ရောင်းချဖို့ ရှိတယ်လို့ ဆိုပါတယ်။

ကျော်ကျော်ဗို နဲ့  မယဉ်ယဉ်မင်း / Kyaw Kyaw Bo's Facebook

“အမျိုးသမီးက ပါရမီဖြည့်ဖက်ကောင်းတဦးဖြစ်တယ်” လို့ ဆိုလိုက်တဲ့ ကျော်ကျော်ဗို

by ချစ်ပိုး
14 November 2018
9k

''အိမ်ထောင်တခုသာယာဖို့ဆိုတာ အမျိုးသမီးတယောက်တည်းနဲ့ပဲ သက်ဆိုင်တာမဟုတ်ဘူး။ အမျိုးသား ကောင်းလို့လည်း ဒီလိုဖြစ်တာပါ။ နှစ်ယောက်စလုံး အပေးအယူ မျှမျှတတနဲ့ ရှေ့ဆက်သွားကြတာပါ။ အေးချမ်းပါတယ် စိတ်ချမ်းသာအောင် ထားတယ်။

"မဟူရာရုပ်ရှင်ရုံ" ဇာတ်ကား

နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေမှာ သွားရောက် ပြသခွင့်ရရှိထားတဲ့ “မဟူရာရုပ်ရှင်ရုံ” ဇာတ်ကား

by ချစ်ပိုး
24 April 2019
7.5k

"မဟူရာ ရုပ်ရှင်ရုံ" ဇာတ်ကားကြီးကို ဒါရိုက်တာ ပြည့်ဇော်ဖြိုးက ရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး နေတိုး၊ ကျော်ကျော်ဗို၊ မင်းသွေး၊ Riya Ray နဲ့ နန်းဆုဦးတို့က အဓိက ပါဝင် သရုပ်ဆောင်ထားကြပါတယ်။

သရုပ်ဆောင် ကျော်ကျော်ဗို  / Kyaw Kyaw Bo's Facebook

လမ်းဘေး လက်ဖက်ရည်ဆိုင်ကို လွမ်းလို့ ကော်ဖီ ထုတ်ဖြစ်ခဲ့တဲ့ ကျော်ကျော်ဗို

by ချစ်ပိုး
24 January 2021
13.9k

“ကျနော်ကြိုက်တဲ့ ကော်ဖီဆိုင် မဖွင့်ဖြစ်သေးရင်တောင် ကျနော်ကြိုက်တဲ့ ကော်ဖီ အရသာလေးကို ဖြန့်ဝေချင်တာနဲ့ ကော်ဖီ ထုတ်ဖြစ်တာပါ။ အခုတော့ အွန်လိုင်းကနေပဲ Deli နဲ့ ပို့ပေးနေပါတယ်”

သရုပ်ဆောင် အကယ်ဒမီ ကျော်ကျော်ဗို  / ဝေဝေနှင်း / ဧရာဝတီ

အကယ်ဒမီ ရွှေကြယ်ကို မန္တလေး မဟာမြတ်မုနိဘုရားကြီးမှာ လှူဒါန်းမယ့် ကျော်ကျော်ဗို

by ယုဖြူဟန်
11 August 2019
9.5k

ကျော်ကျော်ဗိုကတော့ အကယ်ဒမီ ရရှိစဉ်က ချီးမြှင့်ခံထားရတဲ့ ရွှေပြားများကို လှူဒါန်းမှုများ ပြုလုပ်ခဲ့ပြီး အကယ်ဒမီ ရွှေကြယ်ကိုလည်း မန္တလေး မဟာမြတ်မုနိဘုရားကြီးမှာ လှူဒါန်းသွားမယ်လို့ ပြောပါတယ်။

"အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆု" ရရှိခဲ့တဲ့ ကျော်ကျော်ဗို

“အကယ်ဒမီကို အားလုံးထိုက်တန်လို့ ရကြတယ်”လို့ မှတ်ယူတဲ့ ကျော်ကျော်ဗို

by ယုဖြူဟန်
25 March 2019
6.1k

နေတိုးကို သူကြိုးစားထားမှု အသိအမှတ်ပြု မခံရလို့ စိတ်မကောင်းဖြစ်သလို ရသွားတဲ့ သူထူးစံအတွက်လည်း သူယ်ချင်းတွေဆိုတော့ ဝမ်းသာရမှာပါ။ ဘာလို့လဲဆိုတော့ ကျနော်တို့ လောကကြီးက ကျဉ်းကျဉ်းလေးပါ။

Next Post
ဦးဝီရသူ ဘယ်လိုအရေးယူမှုတွေ ဆက်ကြုံနိုင်လဲ (ရုပ်/သံ)

ဦးဝီရသူ ဘယ်လိုအရေးယူမှုတွေ ဆက်ကြုံနိုင်လဲ (ရုပ်/သံ)

ကမ္ဘာကျော် အနုပညာရှင် မာရီလင်မွန်ရိုး

ဇွန်လမှာ မွေးဖွားခဲ့တဲ့ ကမ္ဘာကျော် အနုပညာရှင် မာရီလင်မွန်ရိုး အကြောင်း

No Result
View All Result

Recommended

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

7 days ago
4.6k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

3 days ago
4.5k

Most Read

  • အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    shares
    Share 0 Tweet 0
  • အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် လျှောက်သောလမ်း

    shares
    Share 0 Tweet 0
  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0
  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate