• English
Monday, July 14, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

ဇွန်လမှာ မွေးဖွားခဲ့တဲ့ ကမ္ဘာကျော် အနုပညာရှင် မာရီလင်မွန်ရိုး အကြောင်း

by ညီညီသူ
4 June 2019
in Entertainment
A A
ကမ္ဘာကျော် အနုပညာရှင် မာရီလင်မွန်ရိုး

ကမ္ဘာကျော် အနုပညာရှင် မာရီလင်မွန်ရိုး

9.4k
VIEWS
Share on FacebookShare on Twitter

၂၀ ရာစုအတွက် ပုရိသတွေကို ဆွဲဆောင်မှုအရှိဆုံး ကမ္ဘာကျော် ရုပ်ရှင်မင်းသမီး တယောက်ကိုပြပါဆိုရင် မာရီလင်မွန်ရိုးကို ပြရမှာပါ။ မာရီလင်မွန်ရိုးဟာ ဟောလီးဝုဒ် ရုပ်ရှင်လောကမှာ ထင်ရှားကျော်ကြားတဲ့ မင်းသမီးတယောက်ဖြစ်ခဲ့ပြီး တကမ္ဘာလုံးရဲ့ အာရုံစူးစိုက်မှုကို ခံရတဲ့ မင်းသမီး တယောက်ပါ။

အထူးသဖြင့်တော့ လိင်ဆွဲဆောင်အား ကောင်းလှတဲ့အတွက် ယောကျ်ားလေးတွေက မာရီလင်မွန်ရိုးကို ပိုမို နှစ်သက်ကြပါတယ်။ ၁၉၅၀ နဲ့ ၁၉၆၀ အစောပိုင်းနှစ်တွေမှာ မာရီလင်မွန်ရိုးဟာ ယောကျ်ားထုတွေအကြား ထင်ရှားတဲ့ လိင်သင်္ကေတတခု ဖြစ်ခဲ့ပါတယ်။ အနုပညာသည်ဘဝမှာ အောင်မြင်တွေ ရခဲ့ပေမယ့် မွန်ရိုးရဲ့ သီးခြားပုဂ္ဂလိက ဘဝမှာတော့ စိတ်ဖိစီးမှုတွေ၊ စိတ်ပူပန်မှုတွေအပြင် ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေက အမြဲလိုလို ရှိနေခဲ့ပါတယ်။

RelatedPosts

မိုးကုတ်မြို့

မိုးကုတ်မြို့

13 July 2025
310
အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

12 July 2025
371
မော်စီတုန်း (၂)

မော်စီတုန်း (၂)

12 July 2025
857

မာရီလင်မွန်ရိုးကို ၁၉၂၆ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိစ်မြို့ မှာ မွေးဖွားခဲ့ပါတယ်။ မာရီလင်မွန်ရိုးကို မွေးဖွားပေးခဲ့တဲ့ မိခင်ကတော့ Gladys Pearl Baker ဆိုသူဖြစ်ပြီး စိတ်ဝေဒနာခံစားနေရတဲ့ အမျိုးသမီး တယောက်လည်း ဖြစ်ပါတယ်။ မွန်ရိုးရဲ့ဖခင်က ဘယ်သူလဲဆိုတာကိုတော့ မွန်ရိုးကိုယ်တိုင် သေဆုံးချိန်အထိ သိမသွားခဲ့ပါဘူး။

မွန်ရိုးရဲ့ ငယ်နာမည်ကတော့ နော်မာဂျင်းန်မော်တန်ဆန် (Norma Jeane Mortensen) ဖြစ်ပြီး နှစ်ခြင်းခံတဲ့ အခါမှာတော့ နော်မာ ဂျင်းန်ဘိတ်ကာ (Nomar Jeane Baker) ဆိုတဲ့ နာမည်နဲ့ နှစ်ခြင်းခံခဲ့ပါတယ်။

မွန်ရိုးရဲ့ အမေဟာ စိတ်ဝေဒနာရှင်တယောက် ဖြစ်တဲ့အတွက် မွန်ရိုးကို သေချာစောင့်ရှောက်နိုင်စွမ်း မရှိခဲ့ပါဘူး။ ဒါကြောင့်လည်း မွန်ရိုး ၇ နှစ်အရွယ်အထိ ကာလီဖိုးနီးယားပြည်နယ်၊ ဟော်သွန်း (Hawthorne) မြို့မှာ နေထိုင်သူတွေဖြစ်တဲ့ Albert နဲ့ Ida Bolender တို့က မွေးစားခဲ့ကြပါတယ်။

မွန်ရိုးဟာ သူမရဲ့ဆယ်ကျော်သက်ဘဝတွေမှာ မိဘမဲ့ဂေဟာနဲ့ ပရဟိတဂေဟာတွေမှာသာ လှည့်လည်နေထိုင်ခဲ့ရပါတယ်။ အဲဒီလို နေထိုင်နေစဉ်အတွင်း အသက် ၁၁ နှစ်အရွယ်မှာတော့ အမည်မသိတဲ့ ယောကျ်ားတယောက်ရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို ခံခဲ့ရပါတယ်။

သူမ အသက် ၁၆ နှစ် ပြည့်ပြီးတဲ့ ၁၉၄၂ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့မှာတော့ အိမ်နီးချင်း တယောက်ဖြစ်တဲ့ အသက် ၂၁ အရွယ် Jim ဆိုသူနဲ့ လက်ထပ်ခဲ့ပါတယ်။ သူမရဲ့ ပထမဆုံးခင်ပွန်းဖြစ်တဲ့ Jim ကတော့ စက်ရုံတရုံရဲ့ အလုပ်သမား တယောက်ပါ။ အိမ်ထောင်ပြုပြီးနောက်ပိုင်းမှာတော့ မွန်ရိုးဟာ အထက်တန်းကျောင်းက ထွက်ခဲ့ရပြီး အိမ်ရှင်မတယောက် ဖြစ်လာခဲ့ပါတယ်။

အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ သူမရဲ့အမြင်ကိုလည်း မွန်ရိုးက အခုလိုပြောပြခဲ့ပါတယ်။

“အိမ်ထောင်ပြုတာက ကျမကို ဝမ်းနည်းအောင် လုပ်ဆောင်နိုင်စွမ်း မရှိသလို ဝမ်းသာအောင်လည်း ပြုလုပ်နိုင်စွမ်း မရှိခဲ့ပါဘူး။ ကျမ ယောကျ်ားနဲ့ ကျမ အကြားမှာ စကားတခွန်း ပြောဖို့ဆိုတာက တကယ်ကို ခက်ခဲတဲ့ ကိစ္စတခုပါပဲ။ ဒီလိုဖြစ်ရတာက တယောက်ကို တယောက် စိတ်ဆိုး ဒေါသထွက်နေကြလို့ မဟုတ်ပါဘူး။ ကျမတို့ နှစ်ယောက်ကြားမှာ ပြောစရာ စကားကို မရှိလို့ပါ။ ဒီလို စိတ်ပျက် ငြီးငွေ့ဖွယ်ရာ အခြေအနေတွေက ကျမကို သေတွင်းထဲ တွန်းပို့နေသလိုပါပဲ” လို့ မွန်ရိုးက ဆိုခဲ့ပါတယ်။

၁၉၄၄ ခုနှစ်မှာတော့ မွန်ရိုးဟာ ဓာတ်ပုံဆရာ တယောက်ဖြစ်တဲ့ David Conover ဆိုသူနဲ့ တွေ့ဆုံခဲ့ပါတယ်။ ၁၉၄၅ ခုနှစ်၊ ဇန်နဝါရီလမှာတော့ မွန်ရိုးဟာ သူမ အလုပ်လုပ်နေတဲ့ စက်ရုံကနေ အလုပ်ထွက်ခဲ့ပြီး ကိုယ်ဟန်ပြမယ် အလုပ်မှာ ဝင်ရောက် လုပ်ကိုင်ခဲ့ပါတယ်။

၁၉၄၆ ကနေ ၁၉၅၀ ခုနှစ်တွေ အတွင်းမှာတော့ မွန်ရိုးဟာ ရုပ်ရှင်ဇာတ်ကားတွေမှာ ဇာတ်ပို့၊ ဇာတ်ရံ တယောက်အဖြစ်နဲ့သာ သရုပ်ဆောင်ခွင့်ရခဲ့ပေမယ့် ၁၉၅၁ ခုနှစ်မှာတော့ Fox ကုမ္ပဏီနဲ့ စာချုပ်ချုပ် ဆိုခဲ့ပြီး ခေါင်းဆောင်မင်းသမီး အနေနဲ့ ရုပ်ရှင်တွေမှာ သရုပ်ဆောင်လာခဲ့ပါတယ်။

၁၉၅၃ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ “Niagara” ရုပ်ရှင်ဇာတ်ကားမှာတော့ လိင်ဆွဲဆောင်မှု အားကောင်းတဲ့ မင်းသမီးတယောက်အဖြစ် သရုပ်ဆောင်ခဲ့ပြီး Niagara ရုပ်ရှင်ဟာ လူကြိုက်များတဲ့ ရုပ်ရှင်ဖြစ်ခဲ့ပါတယ်။

မွန်ရိုးရဲ့နောက်ဆုံးအချိန်တွေမှာတော့ နာမကျန်းဖြစ်ရတာတွေ၊ ပုဂ္ဂိုလ်ရေးပြဿနာတွေနဲ့ မကောင်းသတင်းတွေ အများအပြား ထွက်လာခဲ့ပါတယ်။ ၁၉၆၂ ခုနှစ်၊ သြဂုတ်လ ၅ ရက်နေ့မှာတော့ မွန်ရိုးဟာ သူနေထိုင်တဲ့ လော့အိန်ဂျလိစ်မြို့က နေအိမ်မှာ စိတ်ငြိမ်ဆေးတွေ အလွန်အကျွံ သောက်သုံးပြီး သေဆုံးနေတာကို တွေ့ခဲ့ရပါတယ်။

မွန်ရိုး သေဆုံးခဲ့တာနဲ့ ပတ်သက်ပြီး လုပ်ကြံခံရမှုသာ ဖြစ်တဲ့အကြောင်း တချို့က အခုချိန်ထိ ပြောဆိုနေကြတုန်းပါပဲ။ ကွယ်လွန်ချိန်မှာတော့ မွန်ရိုးရဲ့ အသက်က ၃၆ နှစ်သာ ရှိပါသေးတယ်။

သရုပ်ဆောင်၊ အဆိုတော်နဲ့ မော်ဒယ်တယောက် ဖြစ်ခဲ့တဲ့ အမေရိကန်လူမျိုး မာရီလင်မွန်ရိုးကို ပေါ့ပ်ဂီတရဲ့ ယဉ်ကျေးမှု ပြယုဂ်အဖြစ် လူတွေက ညွှန်းဆိုလေ့ ရှိကြပြီး အမေရိကန်ရဲ့ ထင်ရှားတဲ့ သင်္ကေတတခု အနေနဲ့လည်း ရည်ညွှန်းလေ့ ရှိကြပါတယ်။

Ref: en.wikipedia, my.wikipedia

You May Also Like These Stories:

ကမ္ဘာကျော် ပန်းပုပညာနဲ့ ရုပ်လုံးပညာရှင် မိုက်ကယ်အိန်ဂျလို အကြောင်း 

မာရီလင်မွန်ရိုး ဒရာမာစီးရီးကို အကောင်အထည် ဖော်နေပြီ

ထင်ပေါ်ကျော်ကြားသူတို့ရဲ့ စိတ်ဝင်စားဖွယ်ရာ သေဆုံးမှုများအကြောင်း

Your Thoughts …
Tags: မာရီလင်မွန်ရိုး
ညီညီသူ

ညီညီသူ

Similar Picks:

ကမ္ဘာကျော် ဟောလိဝုဒ် မင်းသမီး မာရီလင်မွန်ရိုး

မာရီလင်မွန်ရိုး ဒရာမာစီးရီးကို အကောင်အထည် ဖော်နေပြီ

by မစ်ကီ
4 April 2019
7k

ကိုယ့်ကိုယ်ကို အဆုံးစီရင်မှုနဲ့ ၁၉၆၂ ခုနှစ်မှာ ကွယ်လွန်ခဲ့တဲ့ အသက် ၃၆ နှစ်အရွယ်၊ မွန်ရိုးဟာ ကမ္ဘာပေါ်မှာ နာမည်အကျော်ကြားဆုံး ဟောလိဝုဒ် မင်းသမီးတဦးလည်း ဖြစ်ပါတယ်။

Next Post
မင်းသား Matt Damon နဲ့ Chris Hemsworth

Matt Damon ကို လက်ထပ်ပြီး နှစ်နိုင်ငံသား ဖြစ်ခွင့်ပေးချင်တယ်လို့ Chris Hemsworth အရွှန်းဖောက်

အဆိုတော် ပိုပို / ပိုပို Facebook Page

“သီလရှင်ဝတ်ပြီး လောဘ၊ ဒေါသ၊ မောဟတွေ ကင်းလာတယ်”လို့ ပြောတဲ့ အဆိုတော် ပိုပို 

No Result
View All Result

Recommended

NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

3 days ago
4.1k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

5 days ago
3.2k

Most Read

  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0
  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate