ကမ္ဘာကျော် အဆိုတော် ဘီယွန်းစေးရဲ့ ခင်ပွန်းဖြစ်သူ Hip-hop အဆိုတော်၊ စီးပွားရေးလုပ်ငန်းရှင် Jay-Z ဟာ အခုဆိုရင် ဘီလီယံနာ တယောက် ဖြစ်လာခဲ့ပါပြီ။ Forbes မဂ္ဂဇင်းကနေထုတ်ပြန်ခဲ့တဲ့ နောက်ဆုံး စာရင်းဇယားတွေအရ Jay- Z ဟာ ဘီလီယံနာဖြစ်လာတဲ့ ပထမဆုံး Hip-hop အဆိုတော်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
အသက် ၄၉ နှစ်အရွယ်၊ အဆိုတော် Jay-Z ဟာ အမေရိကန်ဒေါ်လာ ၁ ဘီလီယံဝင်ငွေနဲ့ အခုလိုမျိုး ဘီလီယံနာ စာရင်းဝင်လာခဲ့တာလို့ ဆိုပါတယ်။
သူဟာ အဲ့ဒီဝင်ငွေတွေကို အရက် Brand တခုဖြစ်တဲ့ Armand de Brignac ကနေ ဒေါ်လာ သန်း ၃၁၀ ၊ ငွေသားနဲ့ ရင်းနှီးမြှုပ်နှံမှုက ဒေါ်လာ သန်း ၂၂၀၊ Bacardi ကုမ္ပဏီနဲ့အတူ ပူးတွဲ ဆောင်ရွက်နေတဲ့ D’Usse အရက် Brand ကနေ ဒေါ်လာ သန်း ၁၀၀၊ ဂီတဝန်ဆောင်မှု Tidal ကနေ ဒေါ်လာ သန်း၁၀၀၊ ဖျော်ဖြေရေး ကုမ္ပဏီ Roc Nation ကနေ ဒေါ်လာ ၇၅ သန်း၊ သူ့ရဲ့ ဂီတဝင်ငွေကနေ ဒေါ်လာ ၇၅ သန်း၊ သူ့ရဲ့ အနုပညာစုစည်းမှုကနေ ဒေါ်လာ သန်း ၇၀ နဲ့ သူ့ရဲ့ အိမ်ခြံမြေပိုင်ဆိုင်မှုကနေ ဒေါ်လာ သန်း ၅၀ စီ ဝင်ငွေတွေ အသီးသီး ရရှိခဲ့တာလည်း ဖြစ်ပါတယ်။
Jay-Z ရဲ့ ဂီတထုတ်လုပ်သူတဦးဖြစ်တဲ့ Swizz Beatz က အဲ့ဒီဆောင်းပါးထဲမှာ ဖော်ပြထားတဲ့ သူ့ရဲ့ ဂီတစွမ်းဆောင်ရည်တွေနဲ့ စီးပွားရေး အကျိုးအမြတ်တွေအတွက် ဘက်စုံထူးချွန်တဲ့ ဖျော်ဖြေသူအဖြစ် သူ့ကို ဂုဏ်ပြုခဲ့ပါတယ်။
သူက “အဲ့ဒါက Hip-hop ထက်ကို ပိုပါတယ်။ ကျနော်တို့ ယဉ်ကျေးမှုအတွက် နမူနာစံပြ ဖြစ်ပါတယ်။ ကျနော်တို့နဲ့ တူတဲ့လူတယောက်၊ ကျနော်တို့ကို ချစ်တဲ့လူတယောက်နဲ့ ကျနော်တို့အပေါ်မှာ အမြဲရှိတယ်လို့ ခံစားရစေတဲ့အရာကို လုပ်ခဲ့ပါပြီ။ တကယ်လို့ သူက ဘီလီယံနာ ဖြစ်ခဲ့ပြီ ဆိုရင် သူနောက် ဘာဖြစ်မယ်ဆိုရင် ခန့်မှန်းကြည့်ပါ။ အခုမှ သူဟာ အစပဲ ရှိပါသေးတယ်” လို့ ဆိုပါတယ်။
Jay-Z ဟာ အခုလိုမျိုး ငွေကြေးပိုင်းဆိုင်ရာ မှတ်တိုင်တခုကို မစိုက်ထူနိုင်ခင်မှာ ပြီးခဲ့တဲ့ ၂ လလောက်တုန်းလည်း သမ္မတကပေးတဲ့ ဆုကို ရရှိခဲ့ပါသေးတယ်။
အဲဒီ ဆုပေးပွဲမှာ သူက “ကျနော် အရာရာတိုင်းကို လုပ်နိုင်တယ်လို့ ယုံကြည်ရင်းနဲ့ ကြီးပြင်းလာတာပါ။ ကျနော့်ရဲ့ အိမ်မှာ ကြံ့ခိုင်တဲ့ အမျိုးသမီးတွေကြောင့် အခုလိုမျိုး အရာရာတိုင်းကို အောင်မြင်အောင် ဆောင်ရွက်နိုင်တာလည်း ဖြစ်ပါတယ်” လို့ မိခင်ဖြစ်သူ Gloria Carter နဲ့ အဖွားဖြစ်သူ Hattie White တို့ကို ရည်ရွယ်ပြီး ပြောဆိုခဲ့ဖူးပါတယ်။
ပြီးတော့သူက “ဒီဆုကို အဲဒီ လှပတဲ့ အမျိုးသမီးတွေအတွက် ဂုဏ်ပြု ရည်ရွယ်ချင်ပါတယ်။ ဒီဆုကို ကျနော့်ဘဝမှာ လှပတဲ့ အမျိုးသမီးတယောက်ကို ရည်ရွယ် ဂုဏ်ပြုချင်ပါတယ်။ အဲ့ဒါကတော့ ဘီယွန်းစေးဖြစ်ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။
Ref: CNA Lifestyle
You may also like these stories:
သက်သတ်လွတ်စားတဲ့ ပရိသတ်ကို တသက်တာလက်မှတ် အလကားပေးမယ့် Beyonce နဲ့ Jay-Z
စင်ပေါ်ကို ပရိသတ် တက်လာလို့ Jay-Z နဲ့ Beyonce တို့ရဲ့ဖျော်ဖြေပွဲ ရပ်ဆိုင်းလိုက်ရ
Jay-Z နဲ့ Beyonce တို့ရဲ့ ပူးတွဲ နယ်လှည့်ဖျော်ဖြေပွဲ ပြုလုပ်ရန် သေချာသွားပြီ