အဆိုတော် Miley Cyrus ဟာ ပြီးခဲ့တဲ့သီတင်းပတ်တုန်းက ဘာစီလိုနာမြို့မှာ ပရိသတ်တဦးရဲ့ အကြမ်းပတမ်း ကိုယ်တွယ်ထိတွေ့မှုကိုခံခဲ့ရပြီးတဲ့နောက် သူ့ရဲ့ လွတ်လပ်ခွင့်ကို အနှောင့်အယှက်မပေးကြဖို့ ပရိသတ်ကို သတိပေးပြောဆိုလိုက်ပါတယ်။
အသက် ၂၆ နှစ်အရွယ်အဆိုတော် Miley ဟာ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက စပိန်နိုင်ငံမှာရှိတဲ့ ဟိုတယ်တခုကနေ အထွက်မှာ လူအုပ်ထဲမှာ ရပ်နေတဲ့ အမျိုးသားတဦးက သူ့ကို အနောက်ကနေ လှမ်းဖက်ပြီး နမ်း ဖို့ ဆံပင်ကိုလှမ်းဆွဲတာ ခံလိုက်ရတာဖြစ်ပါတယ်။ သူ့ရဲ့အရှေ့မှာ ခင်ပွန်း မင်းသား Liam Hemsworth လည်း ပါရှိနေခဲ့ပြီး အဲ့ဒီလိုကြမ်းတမ်းစွာ ကိုင်တွယ်ခံလိုက်ရပြီးတဲ့နောက် ခင်ပွန်းဆီကို ပြေးသွားခဲ့ရပါတယ်။
ပရိသတ်တဦးက ရိုက်ကူးထားပြီး ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့နေခဲ့တဲ့အဲ့ဒီအဖြစ်အပျက်မှတ်တမ်း ဗီဒီယိုမှာ ဆိုရင်တော့ အဆိုတော် Miley ကို ထိတွေ့မှုကြမ်းတမ်းခဲ့တဲ့အမျိုးသားကို လုံခြုံရေးအစောင့်တွေက အင်အားသုံး ဟန့်တားခဲ့ရတာကိုလည်း တွေ့ရပါတယ်။
အဲ့ဒီဗီဒီယိုနဲ့ပတ်သက်လို့ ဆွေးနွေးခန်းမှာ အဆိုတော် Miley က “သူက သူဝတ်ချင်တာကို ဝတ်နိုင်တယ်။ သူက အပျိုစင်တယောက်လည်း ဖြစ်နိုင်တယ်။ သူက လူ ၅ ယောက်နဲ့ အိပ်နိုင်တယ်။ သူက သူ့ခင်ပွန်းနဲ့လည်း ရှိနေနိုင်တယ်။ သူက သူ့ချစ်သူနဲ့လည်း ရှိနေနိုင်တယ်။ သူက ဝတ်လစ်စလစ်လည်း ဖြစ်နေနိုင်တယ်။ ဒါပေမယ့် သူ့ကိုခွင့်ပြုချက်မရှိဘဲ ဖက်လို့တော့မရဘူး။ ကျမရဲ့ လွတ်လပ်ခွင့်ကို အနှောင့်အယှက်မပေးကြပါနဲ့” လို့ ရေးသားခဲ့ပါတယ်။
သူ့ရဲ့ ကာကွယ်ပြောဆိုမှုကို ပရိသတ်အများစုက လက်ခံကြပေမယ့် Twitter အသုံးပြုသူတဦးကတော့ အဲ့ဒီလိုမျိုး တိုက်ခိုက်ခံရမှုဟာ အရင်တုန်းက ထွက်ရှိခဲ့တဲ့ ဂီတဗီဒီယိုတွေမှာ Sexy ပုံစံဖြစ်ဖို့ ကြိုးစားခဲ့တာကြောင့် ဖြစ်တယ်၊ အဲ့ဒါသူ့ရဲ့ အပြစ်ကြောင့်သာဖြစ်တယ်ဆိုပြီး ပြောဆိုတာရှိခဲ့ပါတယ်။
Lynn Sejevick ဆိုတဲ့ အမျိုးသမီးက “ရှင်ပဲ Sexy ကျချင်ခဲ့တာလေ။ ဘာတွေ မျှော်လင့်နေတာလဲ” လို့ ရေးသားခဲ့ပါတယ်။ အဲ့ဒီအခါ Miley က “ကျမရဲ့ လွတ်လပ်ခွင့်ကို အနှောင့်အယှက်မပေးပါနဲ့” လို့ ပြန်လည်ရေးသားခဲ့ပါတယ်။
Ref:contactmusic
You may also like these stories:
“We Can’t Stop” သီချင်းမှာ မူပိုင်ခွင့် ချိုးဖောက်ခဲ့မှုနဲ့ အဆိုတော် Miley Cyrus တရားစွဲခံရ
လက်ထပ်လိုက်ပြီလို့ တရားဝင်ကြေညာလိုက်တဲ့ Liam Hemsworth နဲ့ Miley Cyrus