“Avengers: Endgame” ရုပ်ရှင်မှာတော့ Marvel Cinematic Universe လို့ခေါ်တဲ့ MCU ရဲ့ ပရိသတ် အချစ်ဆုံး သူရဲကောင်းအချို့ကို ဆုံးရှုံးခဲ့ရပေမယ့် ပရိသတ်တွေကတော့ ဒီအတိုင်း ထိုင်ကြည့်မနေခဲ့ကြ ပါဘူး။
“Endgame” ရုပ်ရှင်ထဲမှာ မင်းသား Robert Downey Jr. ရဲ့ဇာတ်ကောင် Tony Stark (Iron Man) ဟာ Thanos ကို အနိုင်ယူဖို့အတွက် သူ့အသက်ကို စတေးလိုက်တဲ့အချိန်မှာ ပရိသတ်တွေဟာ မျက်ရည်လည်ရွဲနဲ့ ကျန်ခဲ့ရပါတယ်။ ဒါပေမဲ့ အခုတော့ Tony Stark ဇာတ်ကောင်ကို Marvel အနေနဲ့ ပြန်အသက်သွင်းပေးဖို့ ရည်ရွယ်တဲ့ အသနားခံ တောင်းဆိုမှုတခုကို လူပေါင်း ၃၈,၀၀၀ ကျော်က လက်မှတ်ရေးထိုးခဲ့ကြပြီး ဖြစ်ပါတယ်။
Méline Louiseau ဆိုသူ စတင်ခဲ့တဲ့ အဲဒီ သနားခံတောင်းဆိုမှုမှာဆိုရင် “MCU ရဲ့ Tony ဟာ အသက်လုံးဝ ပြန်ရှင်လာဖို့ ထိုက်တန်ပါတယ်။ Tony ဟာ တစုံတခုကို အတုံ့အလှည့်အနေနဲ့ ပြန်မမျှော်လင့်ဘဲ သူ့အသက်ကို ထိခိုက်ခံဖို့ ခံစားခံဖို့နဲ့ တခြား တယောက်ယောက်အတွက် သူကိုယ်တိုင် စတေးခံဖို့ အမြဲတမ်း အဆင်သင့်ဖြစ်နေခဲ့တာပါ” လို့ ဖော်ပြထားပါတယ်။
Louiseau က “သူဟာ MCU မှာရော၊ ကျနော်တို့ ကမ္ဘာမှာရော လူတွေ တော်တော်များများကို ကူညီခဲ့ပါတယ်။ ကျနော် အပါအဝင် သူဟာ လူတွေကို သူတို့ရဲ့ပြဿနာတွေ ကျော်လွှားပြီး ရှင်သန်နေထိုင်ဖို့ ကိုယ့်ကိုကိုယ်လက်ခံဖို့၊ ဘဝကိုရင်ဆိုင်တတ်ဖို့ ကူညီပေးခဲ့ပါတယ်။ သူဟာ ကျနော်တို့ဘဝကို ကယ်ဆယ်ခဲ့ပါတယ်။ အဲ့ဒီတော့ သူ့ကို ကယ်ဆယ်ဖို့ ကျနော်တို့အလှည့်ကျပါပြီ” လို့ ဆိုပါတယ်။
Marvel ကုမ္ပဏီကတော့ အရင်က တခြားဇာတ်ကောင်တွေကို အသက်ပြန်သွင်းပေးခဲ့ပေမယ့် အခု နောက်ဆုံး ရုပ်ရှင်မှာ ဆုံးပါးသွားပြီဖြစ်တဲ့ Iron Man အတွက် အစီအစဉ်ကို မသိရသေးပါဘူး။
အသစ်ထွက်ရှိလာတော့မယ့် “Spider-Man: Far From Home” ရုပ်ရှင်မှာတော့ ပင့်ကူလူသား Peter Parker ဟာ သူအရမ်းချစ်ခင်ရတဲ့ Tony ဆုံးပါးသွားတာကို အချိန်ကာလတခု ကြာမြင့်သည့်တိုင် ဝမ်းနည်းပူဆွေးနေတာနဲ့ ဇာတ်လမ်းကို စတင်မှာ ဖြစ်ပါတယ်။
Ref: etcanada
You may also like these stories:
“Avengers: Endgame” အတွက် သရုပ်ဆောင်ကြေး ဒေါ်လာ ၇၅ သန်းထက် ပိုရမယ့် Robert Downey Jr.
Titanic ကိုကျော်ပြီး ကမ္ဘာ့ဒုတိယမြောက် ဝင်ငွေအကောင်းဆုံး ရုပ်ရှင်ဖြစ်လာတဲ့ “Avengers: Endgame”
Iron Man ကို ကယ်တင်ပေးရန် တောင်းဆိုနေသူများကို NASA တုံ့ပြန်ပြောဆို
‘Sherlock Holmes 3’ ရုပ်ရှင်ပြသမယ့်အချိန်ကို ၁ နှစ်နောက်ဆုတ်