Entertainment

နာမည်ကျော် ကိုရီးယား ရုပ်သံအစီအစဉ် “Law of the Jungle” ကို မြိတ်ကျွန်းစုမှာ ရိုက်ကူးမည်

Want create site? Find Free WordPress Themes and plugins.

တောင်ကိုရီးယားနိုင်ငံက SBS ရုပ်သံလိုင်းရဲ့ နာမည်ကျော် ရုပ်သံအစီအစဉ် “Law of the Jungle” ဟာ မကြာမီ ရိုက်ကူးမယ့် အစီအစဉ်သစ်မှာ ပါဝင်လာမယ့် လူတွေကို အတည်ပြုခဲ့ပြီး လာမယ့် ဇွန်လ ၉ ရက်နေ့မှာ မြန်မာနိုင်ငံကို လာရောက်မှာဖြစ်တယ်လို့ သိရပါတယ်။

အခု Season ရဲ့ ခေါင်းစဉ်ကိုတော့ “အမိုက်စား ခန္ဓာကိုယ်” နဲ့ “တမူထူးခြားသူ” လို့ နာမည်ပေးထားပါတယ်။ ပထမအပိုင်းကိုတော့ “Law of the Jungle in Myanmar” လို့ နာမည်ပေးထားပြီး ဒုတိယအပိုင်းကိုတော့ တနင်္သာရီတိုင်းဒေသကြီးက မြိတ်ကျွန်းစုမှာ အခြေတည်မယ့် “Law of the Jungle in Myeik” လို့ နာမည်ပေးထားပါတယ်။

“အမိုက်စား ခန္ဓာကိုယ်” ရဲ့ ပထမဆုံးအဖွဲ့မှာတော့ ကိုရီးယားဟာသသရုပ်ဆောင် Kim Byung Man ၊ Jinusean အဖွဲ့ဝင် Sean ၊ UFC ဖိုက်တာ Kim Dong Hyun ၊ ဘောလီဘောကစားသမား Moon Sung Min ၊ No Woo Jin၊ KARD အဖွဲ့ဝင် BM၊ PENTAGON အဖွဲ့ဝင် Hongseok ၊ Hong Soo Ah ၊ Nature အဖွဲ့ဝင် Saebom တို့ ပါဝင်လာကြမှာပါ။

ကိုရီးယား ရုပ်သံအစီအစဉ် “Law of the Jungle”

No Woo Jin ကတော့ Kim Byung Man နဲ့အတူ ပူးတွဲပြီး အစီအစဉ်တွေမှာ ပါဝင်ခဲ့ဖူးပါတယ်။ ပရိသတ်တွေကတော့ သူတို့နှစ်ယောက်ရဲ့ ဟာသတွဲလုံးတွေနဲ့ ရယ်မောပျော်ရွှင်ကြရဦးမှာ ဖြစ်ပါတယ်။

“တမူထူးခြားသူ” အဖွဲ့မှာတော့ သရုပ်ဆောင်တွေဖြစ်ကြတဲ့ Oh Dae Hwan, Park Jung Chul, Ahn Chang Hwan, Go Young Bin နဲ့ Han Bo Reum တို့အပြင် ASTRO အဖွဲ့ဝင် Sanha ၊ (G)I-DLE အဖွဲ့ဝင် Yuqi တို့လည်း ပါဝင်လာကြမှာပါ။ မင်းသား Park Jung Chul ကတော့ “Law of the Jungle” ရဲ့ လက်ရှိ Season မှာ ပါဝင်နေသူလည်း ဖြစ်ပါတယ်။

ပရိသတ်တွေကတော့ တောထဲမှာ ပထမဆုံးအကြိမ်အနေနဲ့ အငယ်ဆုံးအဖွဲ့ဝင်တွေဖြစ်တဲ့ Sanha နဲ့ Yuqi တို့ ဘယ်လို ရုန်းကန်မလဲဆိုတာ စောင့်မျှော်နေကြပြီ ဖြစ်ပါတယ်။ “Law of the Jungle” ရဲ့ Season အသစ်ကိုတော့ လာမယ့် ဇူလိုင်လလယ်မှာ ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်။

Ref:soompi

You may also like these stories:

မြိတ်ကျွန်းစု ခရီးသွားလုပ်ငန်းကို လေ့လာကြည့်ခြင်း

ပြသတဲ့ ပထမဆုံးရက်မှာတင် ကြည့်ရှုနှုန်း အမြင့်ဆုံး စံချိန်တင်ခဲ့တဲ့ “Arthdal Chronicles”

နာမည်ကျော် သရုပ်ဆောင်များပါဝင်မယ့် အချစ်ဇာတ်လမ်း “Crash Landing of Love”

ထူးခြားဆန်းကြယ် ဒရာမာမှာ လီမင်ဟိုနဲ့ အတူ ပါဝင်လာမယ့် မင်းသမီး ကင်ဂိုအွန်း

Did you find apk for android? You can find new Free Android Games and apps.
Loading