Ano ko no Toriko ဟာ Manga ကာတွန်းစီးရီးကို အခြေခံပြန်လည်ရိုက်ကူးထားတဲ့ Live Action ဇာတ်ကား ကောင်းတကားပါ။ မင်းသား Ryo Yoshizawa၊ မင်းသမီး Shizuku Tachibana နဲ့ မင်းသား Yosuke Sugino တို့ ခေါင်းဆောင်ပါဝင်ထားတဲ့ လူငယ်အချစ်ဇာတ်လမ်းလေးဖြစ်ပြီး ၂၀၁၈၊ အောက်တိုဘာလက ထွက်ရှိခဲ့ တာပါ။
ကလေးဘဝထဲက ရင်းနှီးလာကြတဲ့ ယိုရိ၊ ရှိဇုကု နဲ့ ဆုဘာရု ဆိုတဲ့ သူငယ်ချင်းသုံးယောက်ဟာ ငယ်ငယ်တည်း က သရုပ်ဆောင်ဖြစ်လာဖို့ ကတိတွေထားခဲ့ကြပါတယ်။ သူတို့ထဲကမှ ရှိဇုကု က နာမည်ကျော် သရုပ်ဆောင် မင်းသမီးဖြစ်လာပြီး ကြီးလာတဲ့အခါ သုံးယောက်လုံးတူတူသရုပ်ဆောင်ဖို့ ဆန္ဒရှိခဲ့ပါတယ်။
ငယ်သူငယ်ချင်းတွေ ဖြစ်တဲ့ ယိုရိနဲ့ ဆုဘရုတို့နှစ်ယောက်က ငယ်ငယ်တည်းက တဦးတည်းသော မိန်းကလေး သူငယ်ချင်း ရှိဇုကု ကို မေတ္တာရှိနေခဲ့ကြပါတယ်။ ကတိတွေထားခဲ့ကြပေမယ့် နှစ်တွေကြာလာတော့ မိဘ အလုပ်အကိုင်ကြောင့် သူငယ်ချင်းသုံးယောက်ကွဲသွားခဲ့ ပြီး ယိုရိကတော့ ရှိဇုကုကို ပေးထားတဲ့ကတိမတည်နိုင်ခဲ့ပါဘူး။
တနေ့ စတိုးဆိုင်မှာမုန့်သွားဝယ်ရင်း မဂ္ဂဇင်းတ စောင်မှာ မော်ဒယ်လုပ်ပြီးအောင်မြင်နေတဲ့ ရှိဇုကု ကိုတွေ့သွားခဲ့သလို သူ့ပြိုင်ဘက် ဆုဘာရုကလည်း အောင်မြင်တဲ့ တက်သစ်စအနုပညာရှင်ဖြစ်နေတာကို သိသွားခဲ့လို့ ရှိဇုကုရှိရာ တိုကျိုမြို့ အထက်တန်းကျောင်းဆီကို တယောက်တည်းထွက်လာခဲ့ပါတယ်။
ပထမဆုံးရက်မှာ မမျှော်လင့်ပဲ ရှိဇုကုနဲ့ ဝင်တိုက်မိရင်း ပြန်တွေ့ခဲ့ပြီး နောက်နေ့မှာတော့ ရှိဇုကုရဲ့ လက်ထောက် လုပ်ပေးဖို့ ယိုရိကို့ အေဂျင်စီက လှမ်းဆက်သွယ်ပါတော့တယ်။ ရှိဇုကုအနားမှာနေချင်တဲ့ ယိုရိအတွက်တော့ အခွင့်ရေးကောင်းဖြစ်လို့ လက်ခံလိုက်ပေမယ့် သူ့ရဲ့ပြိုင်ဘက်ဖြစ်နေတဲ့ ဆုဘာရုကို ရှိဇုကုတယောက် စိတ်ဝင်စားနေတာကို သိသွားခဲ့ပြန်တော့ စိတ်မကောင်းဖြစ်ရပြန်ပါတယ်။
တရက် ဆုဘာရုနဲ့အတူတွဲရိုက်ဖို့ ရှိဇုကုကို ကမ်းလှမ်းခံခဲ့ရပေမယ့် ရိုက်မယ့်နေ့မှာ ရှိဇုကု စိတ်လှုပ်ရှားနေတာမို့ ရိုက်ကွင်းပျက်သွားမလိုဖြစ်ခဲ့ချိန်မှာ ဒါရိုက်တာကို ယိုရိကပဲ တောင်းပန်ခဲ့သလို မင်းသားနေရာမှာပါ ယိုရီကို အစားထိုးရိုက်ကူးဖို့ ဖြစ်လာခဲ့ပါတယ်။
ယိုရိတယောက် ပွဲဦးထွက်ရိုက်ကွင်းမှာ အောင်မြင်ခဲ့သလို ဒါရိုက်တာကလည်း သဘောကျပေမယ့် ရှက်တတ် ပြီး အသံကျယ်ကျယ်မပြောရဲတာကြောင့် နောက်ထပ်မအောင်မြင်သေးဘဲ ရှိဇုကု အနားမှာပဲ လက်ထောက်ပြန် လုပ်နေခဲ့ပါတယ်။
ငယ်ငယ်တည်းက စိတ်ဝင်စားခဲ့တဲ့ ရှိဇုကု အနားမှာလိုအပ်သမျှဖြည့်ဆည်းပေးနေပေမယ့် ဆုဘာရုကို စိတ်ဝင် စားနေတာကြောင့် ဘယ်လိုပုံစံဆက်ဖြစ်လာမလဲ။ တက်သစ်စ မင်းသားအဖြစ် အောင်မြင်နေတဲ့ ဆုဘာရုရဲ့ ကျော်ကြားမှုကို ယိုရိတယောက် ဖြတ်ကျော်နိုင်ပါ့မလား။ ပေးဆပ်ပြီးချစ်နေတဲ့ မေတ္တာအပေါ်မှာရော ရှိဇုကုက နားလည်သဘောက်ပေါက်ပြီး မေတ္တာသက်ဝင်သွားမလား။ ငယ်ငယ်တုန်းက ပေးထားတဲ့ကတိအတိုင်း တည် နိုင်မလားဆိုတာကတော့ Ano ko no Toriko လို့ နာမည်ပေးထားတဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကို ဆက်လက်ကြည့်ရှုစေချင်ပါတယ်။
You may also like these stories:
Disney ကုမ္ပဏီကနေ ဆက်လက် ထွက်ရှိလာမယ့် Live-action ရုပ်ရှင်များ
“Maleficent 2” ရုပ်ရှင်မှာ ဗီလိန်အဖြစ် မြင်တွေ့ရဦးမယ့် အန်ဂျလီနာဂျိုလီ