လူတိုင်းမှာ တယောက်နဲ့ တယောက် မတူညီတဲ့ အကြောက်တရား ကိုယ်စီ ရှိကြပါတယ်။ ဒါပေမဲ့ အကြောင်းအရာ တစုံတခု၊ အခြေအနေ တခုခုကို ပုံမှန်ထက်ပိုပြီး ကြောက်ရွံ့ခြင်းကိုတော့ အကြောက်လွန်ရောဂါ (Phobia) လို့ ခေါ်ပါတယ်။ အခုဖော်ပြပေးမယ့် ကမ္ဘာကျော် အနုပညာရှင်တွေကတော့ သာမန် မဟုတ်တဲ့ ထူးထူးဆန်းဆန်း အကြောက်လွန်ရောဂါ ရှိကြသူတွေပဲ ဖြစ်ပါတယ်။
(၁) Johnny Depp
အောင်မြင်တဲ့ ရုပ်ရှင်ပေါင်းများစွာကို ရိုက်ကူးခဲ့တဲ့ မင်းသားကြီး Johnny Depp ဟာဆိုရင် Coulrophobia လို့ ခေါ်တဲ့ ဂျိုကာတွေကို ကြောက်တဲ့ Phobia ရှိသူပါ။ ဂျိုကာတွေရဲ့မျက်နှာပေါ်က ဆေးရောင်စုံတွေနဲ့ အမြဲတမ်း ပြုံးနေတဲ့ သူတို့ပုံစံက သူ့ကို စိတ်မလုံခြုံမှု ဖြစ်စေတယ်လို့ ဆိုပါတယ်။
(၂) Nicole Kidman
မင်းသမီးချော Nicole Kidman ကတော့ သူ့အနေနဲ့ ဘယ်လို အကောင်မျိုးကိုမှ မကြောက်တတ်ပေမယ့် လိပ်ပြာတွေကိုတော့ အဝေးကနေ လှမ်းမြင်ရုံနဲ့တင် ထိတ်လန့်ပြီး ခြေဖျားလက်ဖျားတွေ အေးစက်တဲ့အထိ ဖြစ်ရတယ်လို့ ဆိုပါတယ်။
(၃) Oprah Winfrey
နာမည်ကျော် တီဗီရုပ်သံ အစီအစဉ်တင်ဆက်သူ Oprah Winfrey ဟာ ပီကေဝါးတာကို ကြောက်တဲ့ Chiclephobia ရှိသူတဦးပါ။ ဒီလို အကြောက်လွန်ရောဂါ ရှိတာကြောင့် သူတည်ထောင်ထားတဲ့ စတူဒီယိုမှာ ပီကေ လုံးဝ မဝါးဖို့ကို တားမြစ်ထားပါတယ်။
(၄) Alred Hitchcock
နာမည်ကျော် ဒါရိုက်တာနဲ့ ထုတ်လုပ်သူ Alred Hitchcock ကတော့ ကြက်ဥ၊ ဘဲဥ စတဲ့ ဥတွေကို ကြောက်တဲ့ Ovophobia အကြောက်လွန်ရောဂါ ရှိသူပါ။ ဥတွေကိုမြင်တာနဲ့ စိတ်အနှောင့်အယှက် ဖြစ်ရတာကြောင့် သူ့ တဘဝလုံးမှာ ကြက်ဥ၊ ဘဲဥ စတာတွေကို မစားဘူးလို့လည်း သိရပါတယ်။
(၅) Madonna
ကမ္ဘာကျော် အမေရိကန်အဆိုတော် ပေါ့ပ်ဘုရင်မ မက်ဒေါနားရဲ့ Phobia ကတော့ မိုးခြိမ်းသံတွေနဲ့ လျှပ်စီးလက်တာကို အလွန်အမင်း ကြောက်ရွံ့တဲ့ Brontophobia အကြောက်လွန်ရောဂါ ရှိတာပဲ ဖြစ်ပါတယ်။ လျှပ်စီးလက်တာနဲ့ မိုးခြိမ်းသံတွေကို ကြားတဲ့အခါ သူ့အနေနဲ့ လုံခြုံပြီး အသံလုံတဲ့ အခန်းတခုမှာ သွားရောက် နေထိုင်လေ့ ရှိတယ်လို့လည်း သိရပါတယ်။
Ref. www.wonderslist.com
You may also like these stories:
ကြောက်လွန်ရောဂါ (Phobia) အကြောင်း တစေ့တစောင်း