Entertainment

၂၀၁၉ ခုနှစ်မှာ Disney က ထပ်မံထွက်ရှိမယ့် ရုပ်ရှင်ဇာတ်ကားများ

Want create site? Find Free WordPress Themes and plugins.

Disney ဟာ ၂၀၁၇ နောက်ပိုင်းက စပြီး ထွက်ရှိပြီး ဖြစ်တဲ့ ကာတွန်းကားတွေကို လူတွေနဲ့ ပြန်လည် ရိုက်ကူးတာတွေ ပြုလုပ်တာတွေရှိလာပါတယ်။ ဒီလို လူနဲ့ ပြန်လည်ရိုက်ကူးတဲ့ ဇာတ်ကားတွေမှာ အချို့ကကောင်းပေမယ့် တချို့ကတော့ တော်တော်ဆိုးဆိုးဝါးဝါး ဖြစ်နေတာကို တွေ့ရပါတယ်။ ဒါပေမဲ့ Disney ကတော့ ရှေ့ဆက်တိုးမှာ သေချာနေပါတယ်။ ဒါကြောင့် ၂၀၁၉ ခုနှစ်မှာ Disney က ထွက်ရှိမယ့် ရုပ်ရှင်ဇာတ်ကားတွေကို  ဖော်ပြပေးချင်ပါတယ်။

(၁) Toy Story 4

၁၉၉၀ နှစ်များကတည်းက ထွက်ရှိလာတဲ့ Toy Story ရုပ်ရှင်ဇာတ်ကားဟာ အပိုင်း ၄ ကို ရောက်ရှိလာပြီ ဖြစ်ပြီး ဒါဟာ နောက်ဆုံးပိုင်း ဖြစ်နိုင်ခြေ ရှိပါတယ်။ Disney နဲ့ Pixarရဲ့ ပြောစကားတွေ အရတော့ ဇာတ်ကောင်အသစ်တွေကို မိတ်ဆက်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

(၂) The Lion King

Live Action အဖြစ်နဲ့ ထွက်ရှိတော့မယ့် Lion king ကတော့ ဇူလိုင်လ ၁၉ ရက်နေ့မှာ ရုံတင်မှာ ဖြစ်ပါတယ်။ ၁၉၉၄ ခုနှစ်က ထွက်ရှိထားတဲ့ Animation ရုပ်ရှင်ကို ပြန်လည် ရိုက်ကူးထားတာဖြစ်ပြီး နာမည်ကျော် မင်းသား၊ မင်းသမီးတွေ သရုပ်ဆောင်ထားတာကို တွေ့ရပါတယ်။

(၃) Maleficent: Mistress of Evil

Maleficent: Mistress of Evil ကတော့ ၂၀၁၄ ခုနှစ်က ထွက်ရှိထားတဲ့ Maleficent ရုပ်ရှင်ဇာတ်ကားရဲ့ အဆက်ဖြစ်ပါတယ်။ မင်းသမီး အန်ဂျလီနာဂျိုလီက အဓိက သရုပ်ဆောင်ထားပြီး အောက်တိုဘာလ ၁၈ ရက်နေ့မှာ ရုံတင်မှာ ဖြစ်ပါတယ်။ ဘုရင့်သမီးတော်နဲ့ စုန်းမတို့ရဲ့ ကြားက ရှုပ်ထွေးတဲ့ ဆက်ဆံရေးတွေကို တွေ့မြင်ရမယ်လို့ သိရပါတယ်။

(၄) Frozen 2

၂၀၁၃ ခုနှစ်က ထွက်ရှိထားတဲ့ Frozen ရုပ်ရှင်ဇာတ်ကားရဲ့ အဆက်ဖြစ်တဲ့ Frozen 2 ကတော့ နိုဝင်ဘာလ ၂၂ ရက်နေ့မှာ ရုံတင်မှာ ဖြစ်ပါတယ်။ ရုပ်ရှင်ထဲမှာပါဝင်တဲ့ ဇာတ်ကောင် စရိုက်ကို ပိုမိုပေါ်လွင်အောင် ပြသဖို့ရှိပြီး အဓိက မင်းသမီ းနှစ်ယောက်အကြောင်း သီချင်းအသစ်တွေ ပါရှိမယ်လို့ သိရပါတယ်။

(၅) Star Wars: Episode IX — The Rise of Skywalker

Star War ရုပ်ရှင်ဇာတ်ကား တကားဖြစ်တဲ့ “Star Wars: Episode IX — The Rise of Skywalker” ဟာလည်း ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလမှာ ထွက်ရှိလာမှာပါ။ ဒီဇာတ်ကားမှာ Skywalker မိသားစုအကြောင်း ပိုမိုပါဝင်လာမှာဖြစ်ပြီး The Force Awakens ဒါရိုက်တာဖြစ်သူကပဲ ထပ်မံရိုက်ကူးထားတာ ဖြစ်တယ်လို့ သိရပါတယ်။

Ref. The insider

You may also like these stories:

Disney ကုမ္ပဏီကနေ ဆက်လက် ထွက်ရှိလာမယ့် Live-action ရုပ်ရှင်များ

ရုပ်ရှင်တွေထဲက အံ့အားသင့်စရာ နေရာတွေအတိုင်း အပြင်မှာ တကယ်ရှိတဲ့ နေရာများ

မစ်ကီ နှစ် ၉၀ ပြည့် အထိမ်းအမှတ်အဖြစ် ပြေးဆွဲမယ့် ဂျပန်ကျည်ဆံရထား ခရီးစဉ်

မင်းသား Jeremy Renner ပါဝင်မည့် ‘Hawkeye’ မီနီစီးရီးကို Disney+ တွင် ပြသမည်

ပရိသတ်တွေကို အားရကျေနပ်စေခဲ့တဲ့ Aladdin ရုပ်ရှင်

Did you find apk for android? You can find new Free Android Games and apps.
Loading