• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

33 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

တက္ကသိုလ်ဝင်တန်း အောင်သွားပြီဖြစ်လို့ အနုပညာ အလုပ်တွေ ပိုလုပ်သွားမယ့် မေလသံစဉ်

by ချစ်ပိုး
12 June 2019
in Entertainment
A A
အဆိုတော် မေလသံစဉ် / ဧရာဝတီ

အဆိုတော် မေလသံစဉ် / ဧရာဝတီ

12.3k
VIEWS
Share on FacebookShare on Twitter

ငယ်စဉ်ကတည်းက အနုပညာ ဝါသနာပါပြီး ကိုယ်တိုင် စန္ဒရားတီး၊ ဂစ်တာတီးကာ Cover Song တွေ ဆိုရင်း လူသိများလာတဲ့ ဆယ်ကျော်သက် အဆိုတော် မေလသံစဉ်ဟာ ဒီနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီးကို အောင်မြင်ခဲ့တဲ့အတွက် ဝါသနာပါတဲ့ အနုပညာအလုပ်တွေကို ပိုပြီးလုပ်သွားမယ်လို့ ပြောပါတယ်။

“ကျောင်းကတော့ ဘယ်ကျောင်း ဆက်တက်ဖြစ်မလဲ မစဉ်းစားရသေးဘူးပေါ့။ ပြည်တွင်းနဲ့ ပြည်ပ ဘယ်ဟာတက်ရမလဲ စဉ်းစားနေတုန်းပါ။ သမီး ဝါသနာပါတဲ့ အနုပညာအလုပ်ကို အဓိကထားပြီး လုပ်သွားမယ်။ ပညာရေးပိုင်းကိုလည်း ဘွဲ့ရတဲ့အထိ ကြိုစားသွားမှာပါ။ သမီးကို ဂရုတစိုက် ချစ်ပေးပြီး စာမေးပွဲအတွက်လည်း ဝမ်းသာပေးကြတဲ့အတွက် ပရိသတ် တဦးချင်းစီကို ကျေးဇူးတင်ပါတယ်”

RelatedPosts

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

20 May 2025
358
မဟာ အလက်ဇန္ဒား

မဟာ အလက်ဇန္ဒား

18 May 2025
818
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
1.6k

“အခု စာမေးပွဲလည်း ပြီးသွားပြီဆိုတော့ ပြောချင်ပါတယ်။ ၁၀ တန်းတုန်းကတော့ ၁၀ တန်းပြီးရင် အခွေ ထုတ်မယ်၊ ဘာသာရပ်တွေ သင်မယ်။ Video Edit လုပ်တာတွေလည်း သင်မယ်ပေါ့။ စဉ်းစားထားတာတွေ အခု အကုန်လုံး ခွင့်ရပါပြီ။ အဖေရော၊ အမေရော သမီးကို အားလုံး ပံ့ပိုးပေးမှာပါ”လို့ အဆိုတော် မေလသံစဉ်က ပြောပါတယ်။

ရေဒီယို သီချင်းဟောင်းတွေကို ပြန်ဆိုဖို့ရှိတဲ့ အဆိုတော် မေလသံစဉ်က “နတ်သားပုံပြင်”ဆိုတဲ့ သီချင်းကို အွန်လိုင်းကနေ Music Video တင်ပေးဖို့ရှိတယ်လို့ ဆိုပါတယ်။

“လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုအနေနဲ့ ကြော်ငြာတွေ ရိုက်ဖြစ်နေပါတယ်။ တခြား ပွဲတက်တွေလည်း ရှိတယ်။ ရှိုးပွဲတွေလည်း ဆိုဖို့ ရှိတယ်။ နောက်ထပ် ကုန်ပစ္စည်းတခုမှာ Brand Ambassador အနေနဲ့ လက်ခံဖို့လည်း ရှိပါတယ်။ အခုတော့ သမီးကိုယ်တိုင် ရေးထားတဲ့ ‘နတ်သားပုံပြင်’ ဆိုတဲ့ သီချင်း တင်ပေးဖို့ ရှိပါတယ်။ အဲ့သီချင်းကို Tik Tok မှာလည်း ဆော့နေကြတော့ အဲ့သီချင်းလေး တင်ပေးမယ်”

“သမီးက အခွေ ၂ ခွေ ထွက်ချင်တယ်။ သမီးရဲ့ ကိုယ်ပိုင်သံစဉ်ခွေကတော့ ကြာဦးမယ်။ သမီးရဲ့အဘိုး တေးရေး စန်းသော်တာ သီချင်းတွေကို Audio CD အနေနဲ့ တခုထွက်ဖို့ ကြိုးစားနေပါတယ်။ အဲ့အခွေကိုတော့ အရင်တုန်းက ရေဒီယိုသီချင်းတွေ ပြန်ဆိုမှာပါ။ သီချင်း ၆ ပုဒ်လောက် အရင်ထွက်မယ်။ သီချင်းတွေက ခက်တဲ့အတွက် ကြိုးစားပြီး ဆိုရတယ်။ လူသိပြီးသား သီချင်းဟောင်းတွေကို ပြန်ဆိုမှာပါ။ အဲ့အခွေကို အခုပြင်ဆင်နေပြီ။ ၃ လလောက် နေရင်တော့ ထွက်နိုင်အောင် ကြိုးစားနေပါတယ်”လို့ မေလသံစဉ်က ပြောပါတယ်။

ဆယ်ကျော်သက် အဆိုတော် မေလသံစဉ်ကတော့ ပရိသတ်တွေ အားပေးမှုကို အခိုင်အမာ ရရှိထားသူ တဦးဖြစ်ပြီး VIVO စမတ်ဖုန်း Brand ရဲ့ Key Opinion Leader (KOL) တယောက်လည်း ဖြစ်ပါတယ်။

You may also like these stories:

သားတွေအပေါ် ထိန်းကျောင်း ပဲ့ပြင်မှုအပိုင်းကို ပြောပြတဲ့ ဝမ်း

“အစ်ကို နှစ်ယောက်ကို ကြည့်ပြီး အချစ်ရေး မစဉ်းစားသေးဘူး”လို့ ပြောတဲ့ သဇင်ထူးမြင့်

Music Video တွေမှာ ပိန်ပိန်လေးဖြစ်ချင်လို့ ဝိတ်ချခဲ့တဲ့ အဆိုတော် AR-T

Your Thoughts …
Tags: ဆယ်ကျော်သက်မေလသံစဉ်အဆိုတော်
ချစ်ပိုး

ချစ်ပိုး

ဧရာဝတီ

Similar Picks:

မူဆယ် နမ့်ခမ်း လမ်းကို သီချင်းနဲ့ ပြင်ခဲ့သူ (သို့) စိုင်းဆိုင်မောဝ် (ရုပ်/သံ)

မူဆယ် နမ့်ခမ်း လမ်းကို သီချင်းနဲ့ ပြင်ခဲ့သူ (သို့) စိုင်းဆိုင်မောဝ် (ရုပ်/သံ)

by ဧရာဝတီ
18 July 2024
1.2k

ရှမ်းတိုင်းရင်းသား အဆိုတော် စိုင်းဆိုင်မောဝ်ဟာ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့က ရန်ကုန်မြို့ အင်းစိန်မြို့နယ်က သူ့ရဲ့နေအိမ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၇၆ နှစ် ရှိပါပြီ။

အနုပညာရှင်တွေသွားရောက်ဖျော်ဖြေမယ့် ကျားဖြန့်နယ်မြေ (ရုပ်/သံ)

အနုပညာရှင်တွေသွားရောက်ဖျော်ဖြေမယ့် ကျားဖြန့်နယ်မြေ (ရုပ်/သံ)

by ဧရာဝတီ
20 January 2025
685

ကရင်ပြည်နယ်က ကရင်နယ်ခြားစောင့်တပ် (BGF) နယ်မြေဖြစ်တဲ့ ရွှေကုက္ကိုလ်မြို့သစ်မှာ တရုတ် နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် ကျင်းပမယ့်ပွဲမှာ နာမည်ကြီးအဆိုတော်တွေဖြစ်တဲ့ ဝိုင်းစုခိုင်သိန်း၊ ဟဲလေး၊ သာဒီးလူ၊ Bobby Soxer နဲ့ ယွန်းမြတ်သူ တို့ သွားရောက်ဖျော်ဖြေမှာ ဖြစ်ပါတယ်။

နိုင်ငံဒုက္ခရောက်နေချိန်မှာ နိုင်ငံသားကောင်းဖြစ်ချင်တယ် (ရုပ်/သံ)

နိုင်ငံဒုက္ခရောက်နေချိန်မှာ နိုင်ငံသားကောင်းဖြစ်ချင်တယ် (ရုပ်/သံ)

by ဧရာဝတီ
6 January 2025
252

တိုင်းပြည်ဒုက္ခရောက်နေချိန်မှာ တာဝန်ကျေတဲ့ နိုင်ငံသားကောင်းတယောက်ဖြစ်ချင်တယ်လို့ Hip Hop အဆိုတော် ရန်ရန်ချမ်းက ပြောလိုက်ပါတယ်။

အဆိုတော် ရေဗက္ကာဝင်း  / Rebecca Win's Facebook

နေရွှေသွေးအောင်နဲ့ ဓာတ်ပုံအကြောင်း ပြန်ရှင်းပြလိုက်တဲ့ ရေဗက္ကာဝင်း

by ဧရာဝတီ
2 June 2021
25.7k

“ကျမ အကောင့် ဟက်ခံရတာ လုံးဝ မဟုတ်ပါဘူးရှင်။ ကျမအနေနဲ့ ပြည်သူလူထုကို ၁၇ နှစ်လုံးလုံး တတ်နိုင်တဲ့ဘက်က စေတနာ၊ မေတ္တာနဲ့ အလုပ်အကျွေး ပြုခဲ့ပါတယ်”

သာသနာ့ဘောင် ဝင်သွားတဲ့ မေသက်ထားဆွေ  / May Thethtar Swe's Facebook

ရာသက်ပန် သီလရှင် ဝတ်သွားတဲ့ အဆိုတော် မေသက်ထားဆွေ

by ဧရာဝတီ
13 May 2021
17.6k

မေသက်ထားဆွေဟာ အဓိဋ္ဌာန်တခု ၉ ရက် ပြုကျင့်ရာမှ ရာသက်ပန် ဝတ်ရန် သန္နိဋ္ဌာန် ချခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၀ ခုနှစ်တွင် အတောက်ပဆုံး အနုပညာရှင်များကို ဧရာဝတီ Lifestyle သတင်းအဖွဲ့က ရွေးချယ် ဂုဏ်ပြု ဖော်ပြအပ်ပါသည်။

၂၀၂၀ ခုနှစ်၏ ကြယ်တာရာများ

by ဧရာဝတီ
28 December 2020
8.1k

ကပ်ရောဂါကြောင့် ဖျော်ဖြေရေး လုပ်ငန်းတွေ ရပ်နားထားရချိန်မှာ လူမှုကွန်ရက် မီဒီယာတွေက တဆင့် ပရိသတ်တွေကို Live တင်ဆက်ကာ၊ Virtual ဖျော်ဖြေမှုနဲ့ တင်ဆက်မှုတွေဟာ ၂၀၂၀ ခုနှစ်မှာ ပိုပြီး Trend ဖြစ်လာခဲ့ပါတယ်။

Next Post
အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ "Brooklyn Ball Barbers" (ငယ်ပါဆံသ)

အမျိုးသားများအတွက် ထူးထူးခြားခြား ဖွင့်လှစ်ထားတဲ့ ငယ်ပါဆံသ 

“Avengers: Endgame” ရုပ်ရှင်နဲ့ “Avatar” ရုပ်ရှင်

ကမ္ဘာ့ရုံဝင်ငွေ အများဆုံး “Avatar” ရဲ့ စံချိန်ကို ကျော်မတက်နိုင်ခဲ့တဲ့ “Avengers: Endgame” 

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

1 day ago
3.2k
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

2 days ago
2.3k

Most Read

  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate