Entertainment

မိန်းကလေး ပရိသတ်တွေ ကြိုက်မယ့် သီချင်းတွေပါ ဆိုတော့မယ့် ဖြိုးမြတ်အောင်

Want create site? Find Free WordPress Themes and plugins.

Myanmar Idol Season 3 ရဲ့ Winner အဆိုတော် ဖြိုးမြတ်အောင်က Myanmar Idol ပြိုင်ပွဲပြီးတဲ့အချိန်မှာ သူ့အတွက် မိန်းကလေး ပရိသတ်တွေက ပိုများလာတာကြောင့် တကိုယ်တော် အခွေထဲမှာ မိန်းကလေးပရိသတ်အကြိုက် သီချင်းတွေ ထည့်သွားမယ်လို့ ပြောပါတယ်။

“လတ်တလော လှုပ်ရှားမှုကတော့ Solo Album အတွက် သီချင်းတွေ ဖန်တီးပြီးသွားပြီ။ နှစ်ယောက်တွဲ ထွက်မယ့် သီချင်းခွေ အတွက်လည်း အသံသွင်းဖြစ်တယ်။ ကြော်ငြာတွေလည်း ရိုက်ဖြစ်တယ်။ Rock အပြင်းတွေကို ပိုအားသန်တဲ့အတွက် မိန်းကလေး ပရိသတ်တွေ များလာတော့ အဂ္ဂနီတုန်းက မိန်းကလေး ပရိသတ် သိပ်မရှိဘူး”

“အခု Myanmar Idol ပြိုင်ပြီးတော့မှ မိန်းကလေး ပရိသတ်တွေ ပိုများလာတယ်။ မိန်းကလေး ပရိသတ်တွေ ဆိုတော့လည်း သီချင်း ကြမ်းကြမ်းတမ်းတမ်းကြီးတွေ သူတို့ မခံစားတတ်ဘူးလေ။ အနုလေးတွေ ကြိုက်တာဆိုတော့ ကိုယ်ကြိုက်တာလည်း ကိုယ်လုပ်မယ်၊ သူတို့ ကြိုက်တာလေးတွေလည်း ဆိုပေးမယ်။ ဘယ်အရာဖြစ်ဖြစ် အစွန်းရောက်တာတော့ မကောင်းဘူးပေါ့။ အဲ့အတွက် ကိုယ်ကြိုက်တာရော၊ သူတို့ကြိုက်တာရော ချပြသွားမယ်”လို့ ဖြိုးမြတ်အောင်က ပြောပါတယ်။

နယ်ဘက်တွေမှာ သီချင်းဆိုရတာနဲ့ ပတ်သက်ပြီး တီးဝိုင်း အခက်အခဲနဲ့ အဆိုတော်ရဲ့ အခက်အခဲများကိုလည်း ဖြိုးမြတ်အောင်က အခုလိုပဲ ဆိုပါတယ်။

“နယ်တွေ ထွက်ဖြစ်တာ များတယ်။ မန္တလေး များတယ်။ ပွဲလာ ချိတ်တဲ့အခါ CD နဲ့ ဆိုရတာ ဖီလင် မလာဘူး။ အရင်ကတည်းက CD နဲ့ ဆိုချင်မှတော့ ကာရာအိုကေ သွားဆိုမှာပေါ့။ အဆိုတော် မလုပ်တော့ဘူး။ KTV သွားဆိုမှာပေါ့။ ကျနော် ကိုယ်တိုင်က တီးဝိုင်းနဲ့ ဆိုချင်တဲ့အတွက် အဲ့မှာတော့ အခက်အခဲ ရှိတယ်။ ဒါကကိုယ်ဖြစ်ချင်တာ”

“ပွဲဘက်ကို ပြန်ကြည့်ပြန်တော့လည်း ကုန်ကျစရိတ်တွေ ရှိတော့ မှန်တယ်။ ညှိရတာပေါ့။ လာမယ့်နှစ် နွေကတော့ ကိုယ့်အဖွဲ့နဲ့ကိုယ် ဆိုဖို့တော့ လုပ်ထားတယ်။ တလကို ၁ ပွဲပဲ ဆိုရဆိုရ၊ ၂ ပွဲပဲ ဆိုရ ဆိုရ၊ မဆိုရလည်း ဘာမှ မဖြစ်ဘူး။ အနုပညာကို ကွာလတီ ကောင်းကောင်း ဆိုချင်တာကြောင့်ပါ။ ပိုက်ဆံရတိုင်း သိပ်မဆိုဘူး” လို့ ဖြိုးမြတ်အောင်က ပြောပါတယ်။

အချစ်သီချင်းတွေ ဆိုရင်တော့ သူ့အတွက် အခက်အခဲဖြစ်စေတယ်ဆိုတဲ့ ဖြိုးမြတ်အောင်က လက်ရှိမှာ ချစ်သူ မရှိသးဘူးလို့ ဆိုပါတယ်။

“တခါတလေကျရင် ကိုယ်လည်း Status တွေ လျှောက်လျှောက်တင်ပြီး Feel ရတာပေါ့နော်။ ချစ်သူ ရှိရှိ၊ မရှိရှိ Feel ပစ်တာ။ ဇာတ်ကားတွေ ကြည့်ပြီးရင်လည်း မင်းသားနေရာမှာ ကိုယ်လိုပဲ တွေးပြီး လျှောက်လွမ်းပစ်တာ အဲဒီလိုပဲ ရတော့တယ်။ ဒီကြားထဲ သူငယ်ချင်းတွေကတောင် စနေသေးတယ် မင်း ရည်းစားထားသင့်ပြီပေါ့။ ကိုယ့်ကိုသာ သူတို့ပြောနေတာ သူတို့ကတောင် တယောက်မှ မရှိသေးဘဲနဲ့”

“ချစ်သူ မရှိတော့ အချစ်သီချင်းတွေဆိုရတာ တော်တော် ဒုက္ခရောက်တယ်။ လက်တွဲဖော် အစစ်တော့ လိုတာပေါ့။ ကျနော်ကျတော့လည်း ရင်မခုန်ဘူးဖြစ်နေတယ်။ အခုလက်ရှိလည်း ချစ်သူ မရှိဘူး၊ ကျနော်တယောက်တည်းပါပဲ။ ပြိုင်ပွဲမှာကတည်းက အချစ်သီချင်းဆိုရင် တီချယ်ကတောင် ပြောဖူးတယ်။ အချစ်သီချင်းတွေဆိုရင် သား နင် မချစ်တတ်ဘူးလား၊ ဒီလိုလေးတွေ ဆိုလိုက်ပါ့လားပေါ့။ အဲဒီလိုနေရာတွေ ဆိုရင် ကျနော် တော်တော်ဒုက္ခရောက်ပြီး တိုင်ပတ်တယ်”လို့ ဖြိုးမြတ်အောင်က ဆိုပါတယ်။

ဖြိုးမြတ်အောင်ကိုတော့ Myanmar Idol Season 3 Winner တယောက်အဖြစ် ပရိသတ်တွေ စတင်အားပေးခဲ့ကြတာဖြစ်ပါတယ်။ Myanmar Idol က နေရရှိလာတဲ့ ဆုငွေတွေကိုလည်း ဖြိုးမြတ်အောင်က အလှူအတန်းတွေ အဆက်မပြတ် လုပ်ခဲ့တာကို တွေ့ရပါတယ်။ လက်ရှိမှာလည်း ဖြိုးမြတ်အောင်က သူ့ရဲ့ တကိုယ်တော် အခွေအတွက် ပြင်ဆင်နေပါတယ်။

You may also like these stories:

ဖြိုးမြတ်အောင်ကို “မူးယစ်ဆေးဝါးနဲ့ အရက်သေစာ မလုပ်ရန်” မြန်မာပြည်သိန်းတန်ဆိုခဲ့

သမီးဖြစ်သူကို အနုပညာလောကရဲ့ လောကဓံတွေ မခံနိုင်မှာ စိုးရိမ်တဲ့ ခင်လှိုင်

“မူပိုင်ခွင့်တွေ ရှိလာတာ အဆိုတော်သစ်တွေအတွက် တွန်းအား ဖြစ်စေတယ်”လို့ ငွေဇင်လှိုင်း ပြော

တကိုယ်တော်ခွေကို Idol လေးဖြူနဲ့ တိုင်ပင်ပြီး လုပ်ချင်တဲ့ နေခန့်မင်းသစ်

Did you find apk for android? You can find new Free Android Games and apps.
Loading