ဘောလိဝုဒ်မင်းသမီး Deepika Padukone ဟာ လက်ရှိမှာ အင်္ဂလန်နိုင်ငံကို ရောက်ရှိနေပြီးတော့ ခင်ပွန်းဖြစ်သူ မင်းသား Ranveer Singh အတွက် ဂုဏ်ပြုစကား ပြောဆိုခဲ့ပေးခဲ့တာကို တွေ့ရပါတယ်။
သူတို့ ဇနီး မောင်နှံနှစ်ဦးဟာ ဒါရိုက်တာ Kabir Khan ရဲ့ “83” ဆိုတဲ့ ရုပ်ရှင်မှာ အတူတွဲပြီး သရုပ်ဆောင်ကြဦးမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့တုန်းက မင်းသမီး Deepika ဟာ သူ့ရဲ့ Instagram Stories မှာ အထူးဗီဒီယိုကို ဝေမျှခဲ့ပြီး ပွဲကြည့်စဉ်ကနေ မင်းသား Ranveer ကို ဘယ်လိုအားပေးနေတယ်ဆိုတာကို မြင်တွေ့ပါတယ်။
မင်းသမီးဟာ အဲ့ဒီရုပ်ရှင်မှာ ပါဝင်ဖို့ ပြင်ဆင်ထားတယ်လို့လည်း ဆိုပါတယ်။ အဲဒီ ဗီဒီယိုမှာတော့ “ကွင်းထဲနဲ့ ကွင်းပြင်ကနေ အားပေးနေတဲ့ ဇနီး”လို့ ရေးသားခဲ့ပါတယ်။
မင်းသမီး Deepika ကလည်း ၁၉၈၃ ခုနှစ်က ခရစ်ကတ် ကမ္ဘာ့ဖလားမှာ အိန္ဒိယရဲ့ အနိုင်ရရှိမှုအကြောင်း အခြေခံ ရိုက်ကူးမယ့် ရုပ်ရှင်မှာ ပါဝင်မယ်လို့ ဇွန်လ ၁၂ ရက်နေ့မှာပဲ ကြေညာထားတာ ဖြစ်ပါတယ်။ သူ့ရဲ့ ခင်ပွန်း မင်းသား Ranveer ကတော့ အသင်းခေါင်းဆောင်ဟောင်း Kapil Dev အဖြစ် ပါဝင်မှာ ဖြစ်ပြီး မင်းသမီးကတော့ သူ့ရဲ့ဇနီး Romi အဖြစ် ပါဝင်မှာလည်း ဖြစ်ပါတယ်။
မင်းသား Ranveer က ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်နေ့မှာ Instagram ကနေ ကြေညာချက်တခု ထုတ်ပြန်ခဲ့ပါတယ်။ ဇနီးမင်းသမီး Deepika နဲ့ ဒါရိုက်တာ Kabir တို့ အပါအဝင် သူနဲ့ရိုက်ကူးထားတဲ့ ဓာတ်ပုံတပုံကို တင်ခဲ့ပြီးတော့ အသစ်ရိုက်ကူးမယ့် ရုပ်ရှင်မှာ မင်းသမီး ပါဝင်လာမယ့်အကြောင်း ကြေညာခဲ့တာလည်း ဖြစ်ပါတယ်။
နောက်ပို့စ် တခုမှာတော့ မင်းသား Ranveer က ရုပ်ရှင်ထဲက သူ သရုပ်ဆောင်မယ့် ဇာတ်ကောင်ရဲ့ ဇနီးနေရာမှာ သူ့ဇနီးသာလျှင် အသင့်တော်ဆုံးဆိုတဲ့ စာတွေကို တင်ခဲ့ပါတယ်။
မင်းသားက “ကျနော့် ဇနီးနေရာမှာ သရုပ်ဆောင်ဖို့ ကျနော့် ဇနီးထက် ဘယ်သူပိုကောင်းဦးမှာလဲ” လို့ ဆိုပြီး Romi Dev အဖြစ် မင်းသမီး Deepika သရုပ်ဆောင်မယ့်အကြောင်း ပြောဆိုခဲ့ပါတယ်။ ဒီရုပ်ရှင်ဟာ ပြီးခဲ့တဲ့နှစ်က ဖြန့်ချိခဲ့တဲ့ “Padmaavat” ရုပ်ရှင်နောက်ပိုင်း ပထမဆုံး ထွက်ရှိလာတဲ့ ရုပ်ရှင်ဖြစ်ပြီး သူတို့နှစ်ဦး ပူးတွဲ ရိုက်ကူးတဲ့ ပဉ္စမမြောက် ရုပ်ရှင်လည်း ဖြစ်ပါတယ်။
ဒါရိုက်တာ Kabir ကတော့ ရိုက်ကူးရေးအဖွဲ့ထဲမှာ မင်းသမီး ပါဝင်လာတာကို စိတ်လှုပ်ရှားမိပြီး မင်းသမီးနဲ့ အခုလိုမျိုးလက်တွဲ အလုပ်လုပ်နိုင်ဖို့အခွင့်အရေးကို အချိန်အကြာ ကြီးစောင့်ဆိုင်းခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။ “83” ရုပ်ရှင်ကို လက်ရှိမှာတော့ စကော့တလန်နိုင်ငံ၊ ဂလက်စ်ဂိုမြို့မှာ ရိုက်ကူးနေပါတယ်။
Ref: hindustantimes
You may also like these stories:
အီတလီမှာ စေ့စပ်လက်စွပ်လဲလှယ်ခဲ့ကြတဲ့ Ranveer Singh နဲ့ Deepika Padukone
တတိယမြောက် မင်္ဂလာပွဲကို ခမ်းနားစွာ ကျင်းပခဲ့တဲ့ Ranveer Singh နဲ့ Deepika Padukone
ကြင်စဦး ဇနီးမောင်နှံနှစ်ဦး Ranveer နဲ့ Deepika တို့ အိန္ဒိယကို ပြန်ရောက်လာ
အီတလီနိုင်ငံမှာ လက်ထပ်ပွဲ ကျင်းပခဲ့ကြတဲ့ Ranveer Singhနဲ့ Deepika Padukone