The Voice Myanmar Season 2 သီချင်းဆို ပြိုင်ပွဲကြီးကတော့ ဇွန်လ ၁၆ ရက်နေ့ညက ကျင်းပပြီးစီးခဲ့ပြီး Winner အဖြစ် အဆိုတော် ကျားပေါက် Team မှ ပြိုင်ပွဲဝင် Novem Htoo က ရရှိခဲ့ပါတယ်။
Novem Htoo ဟာ မြန်မာနိုင်ငံမှာ ကျင်းပတဲ့ သီချင်းဆို ပြိုင်ပွဲတွေထဲက Winner ရရှိသူများအကြားမှာ ထူးခြားစွာ Metal ဂီတကို သီဆိုယှဉ်ပြိုင်ပြီး ဆုရရှိခဲ့သူ တယောက်ပါ။ Novem Htoo ဟာ အဆိုတော် ကျားပေါက် Team ရဲ့ အဖွဲ့ဝင်တဦး ဖြစ်ပြီး သူယုံကြည်ရာ ဂီတကို တစိုက်မတ်မတ် သီဆိုကာ ကိုယ်တိုင်လည်း ဆုရဖို့ မျှော်မှန်းမထားဘူးလို့ သိရပါတယ်။
The Voice Myanmar Season 2 ရဲ့ နောက်ဆုံး Final ပွဲမှာတော့ Finalsts ပြိုင်ပွဲဝင်များ ဖြစ်ကြတဲ့ Novem Htoo ၊ Paul Austin ၊ Melody Khong ၊ Hazel တို့ ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပြီး Winner ကိုတော့ Novem Htoo ၊ Paul Austin တို့ ၂ယောက်ထဲမှ တယောက်ကို ကြေညာခဲ့တာ ဖြစ်ပါတယ်။
Final ပွဲမှာ Novem Htoo က Idiots အဖွဲ့ရဲ့ “နောက်ကျော”သီချင်းနဲ့ယှဉ်ပြိုင်ခဲ့ပြီး Hazel ကတော့ မြန်မာသံ အဆိုတော် တင်တင်မြရဲ့ “တစ်ကျာ့ နှစ်ကျော့ တေးကိုသီ” သီချင်းကို မြန်မာမှုနဲ့ ရောစပ်ကာ သီဆို ယှဉ်ပြိုင်ခဲ့ပါတယ်။ ပြိုင်ပွဲဝင် Paul Austin ကတော့ ဆုန်သင်းပါရ်ရဲ့ “သခင်” သီချင်း ကိုယှဉ်ပြိုင်ခဲ့ပြီး Melody Khong ကတော့ ထူးအိမ်သင်ရဲ့ “ဂျပ်ဆင်ထိပ်က လရိပ်ပြာ” သီချင်းနဲ့ အသီးသီး ယှဉ်ပြိုင်ခဲ့ကြပါတယ်။
Novem Htoo ဆုရရှိခဲ့တဲ့အပေါ် ဂီတလမ်းအသစ်ကို ဖောက်ချင်တဲ့ လူငယ်အများစုကတော့ ဝမ်းသာအားရနဲ့ ကြိုဆိုလျက် ရှိကြပြီး တဖက်မှာလည်း ဝေဖန်မှုများ ရှိနေပါတယ်။
“ကျနော် အကောင်းဆုံးပဲ ဆိုပြသွားမယ်လို့ တွေးထားတာပါ။ ပွင့်ပွင်းလင်းလင်းပြောရရင် ပြိုင်တဲ့ ၄ ယောက်ထဲမှာ ကျနော်က သက်သက်ကြီးကို ထွက်နေတာပေါ့။ နောက်ဆုံး Final မှာ ကျနော်ရွေးတဲ့ သီချင်းကအစ ကျနော်က သောင်းကျန်းဖို့ကို ဦးစားပေးတယ်။ အခု ကျနော် Winner ရသွားတယ်ဆိုတော့ ကျနော် ထင်တာက ကျနော့်လို ပုန်ကန်ချင်တဲ့သူတွေ များတယ်လို့ ထင်တယ်”
“ကျနော် ပုန်ကန်တာကို သဘောကျလို့ပဲဖြစ်ဖြစ်၊ ကျနော့် ယုံကြည်ချက်ကို အကောင်အထည် ဖော်ပေးချင် တဲ့ စိတ်နဲ့ပဲ ပေးတယ်လို့ ထင်တာပဲ” လို့ Novem Htoo က ပြောပါတယ်။
The Voice Myanmar Season 2 ရဲ့ Winner ဆုကို ရရှိခဲ့တဲ့ Novem Htoo ကတော့ Ford ကားအသစ်တစီး၊ ငွေကျပ်သိန်း ၂၀၀ နဲ့အတူ Universal Studio နဲ့ တေးသီချင်းတပုဒ် လက်တွဲဖန်တီးခွင့် ရရှိမှာ ဖြစ်ပါတယ်။ The Voice Myanmar ရဲ့ Season 1 မှာတော့ ငွေစိုးက ဆုရရှိခဲ့ပြီး ယခု Season 2 မှာတော့ Novem Htoo က ရရှိခဲ့တာ ဖြစ်ပါတယ်။
You may also like these stories:
“ပရိသတ်တွေ ဦးနှောက်နဲ့ နှလုံးသား နှစ်ခု ချိတ်ဆက်ပြီး Vote ပေးကြပါ”လို့ ရန်ရန်ချန်း ပြော
“The Voice Myanmar Season 2 က ကြည့်လို့ကောင်းမယ့် အစီအစဉ်ပါ”
“The Voice Myanmar” အဆိုပြိုင်ပွဲ ဝင်မယ့်သူတွေကို အကြံပေးစကားပြောတဲ့ ငွေစိုး