X-Men နဲ့ Fantastic Four ရုပ်ရှင်တွေကို 21 Century Fox ထံမှ Disney က မူပိုင်ခွင့် ရရှိခဲ့ပြီးနောက်ပိုင်းမှာ အဲဒီ ရုပ်ရှင်တွေကို Disney က ပြန်လည်ရိုက်ကူးတော့မှာ ဖြစ်ပါတယ်။ Wolverine အဖြစ် ၁၇ နှစ်တိတိ သရုပ်ဆောင်ခဲ့တဲ့ မင်းသား Hugh Jackman ဟာ Logan ရုပ်ရှင်ကား ရိုက်ကူးပြီးတဲ့နောက်မှာ Wolverine ဇာတ်ကောင်ကနေ အနားယူလိုက်ပြီ ဖြစ်ပါတယ်။
Texas မှာ ကျင်းပခဲ့တဲ့ Celebrity Fan ပွဲတော်မှာ SuperBrosMovie က မင်းသား Jason Momoa ကို Marvel က စူပါဟီးရိုးအနေနဲ့ ဘယ်ဇာတ်ကောင် နေရာမှာ သရုပ်ဆောင်ချင်လဲဆိုတဲ့ မေးခွန်းကို မေးတဲ့အခါ Jason Momoa က Wolverine နေရာက သရုပ်ဆောင်ချင်တယ်လို့ ဖြေကြားခဲ့ပါတယ်။ ဒါပေမဲ့ Aquaman ရုပ်ရှင်ကို ဆက်လက် ရိုက်ကူးဖို့ရှိနေတဲ့ Jason Momoa အနေနဲ့ Marvel နဲ့ ချိတ်ဆက်ပြီး အလုပ်လုပ်ဖို့ဆိုတာ သိပ်ဖြစ်နိုင်တဲ့ အနေအထားတော့ မဟုတ်ပါဘူး။
Aquaman ရုပ်ရှင်ကားနဲ့ ဝင်ငွေစံချိန်တင်ခဲ့တဲ့ အတွက် DC ဟာ Jason Momoa ကို ဆက်ပြီး နေစေချင်တဲ့ သဘောမှာလည်း ရှိနေပါတယ်။ ၂၀၂၂ ခုနှစ်မှာ “Aquaman 2” ရုပ်ရှင်ထွက်ရှိဖို့ ရှိနေပြီး ရိုက်ကူးဖို့ ပြင်ဆင်မှုတွေလည်း ရှိနေပါတယ်။
ပရိသတ်တွေကတော့ Jason ကို Wolverine အဖြစ်နဲ့ မြင်ချင်တယ်လို့ ပြောဆိုနေကြပြီး Aquaman ရုပ်ရှင်ထွက်ပြီးမှ X-Men ကို စတင်ရိုက်ကူးစေချင်တယ်လို့ ဝေဖန်နေကြပါတယ်။ Marvel အနေနဲ့လည်း X-men နဲ့ Fantastic 4 ရုပ်ရှင်တွေကို အချိန်ယူပြီး ရိုက်ကူးမှာဖြစ်လို့ မင်းသား Jason Momoa ကို Wolverine အနေနဲ့ မြင်တွေ့ရမလားဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
Ref. CBR.com
You may also like these stories:
Tom Cruise နဲ့ ယှဉ်ပြိုင်ထိုးဖို့ စိန်ခေါ်ခဲ့တာဟာ စနောက်ခဲ့တာလို့ Justin Bieber ပြော
မြောက်အမေရိက ရုပ်ရှင်ရုံ ဝင်ငွေစာရင်းမှာ ဦးဆောင်ခဲ့တဲ့ “Men In Black: International” ရုပ်ရှင်
Aquaman Premiere ပွဲမှာ အဖွဲ့သားတွေနဲ့အတူ ရိုးရာအက ကခဲ့တဲ့ Jason Momoa
Wolverine အဖြစ် သရုပ်ဆောင်ချင်တယ်လို့ မင်းသား Keanu Reeves ထုတ်ပြော