Entertainment

“အဖေများနေ့” မှာ သားတော်လေးရဲ့ ဓာတ်ပုံကို ဆိုရှယ်မီဒီယာမှာ တင်ခဲ့တဲ့ တော်ဝင်ဇနီးမောင်နှံ

Want create site? Find Free WordPress Themes and plugins.

Sussex မြို့စား၊ တော်ဝင်မင်းသား ဟယ်ရီဟာ သားတော်လေး Archie Harrison ကို မွေးဖွားပြီး တလ အကြာမှာပဲ သူ့အတွက် ဖခင်ဖြစ်ပြီး ပထမဆုံးကြုံတွေ့ရတဲ့ “အဖေများနေ့”ကို ဆင်နွှဲခဲ့တာ တွေ့ရပါတယ်။

အခုလိုမျိုး အထူးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ တော်ဝင် ဇနီးမောင်နှံ ဖြစ်ကြတဲ့ Harry နဲ့ Meghan Markle တို့ဟာ သူတို့ရဲ့ သားတော်လေး မျက်နှာပါဝင်တဲ့ ပထမဆုံး ဓာတ်ပုံကို ဆိုရှယ်မီဒီယာမှာ ဝေမျှခဲ့ပါတယ်။ အဲဒီ ချစ်စဖွယ် ဓာတ်ပုံကို တော်ဝင်ဇနီးမောင်နှံက ရိုက်ကူးပေးထားတာဖြစ်ပြီး Sussex မြို့စား၊ မင်းသား ဟယ်ရီရဲ့ Instagram အကောင့်မှာ ဇွန်လ ၁၆ ရက်နေ့တုန်းက တင်ခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံထဲမှာတော့ သားတော်လေး Archie က ဖခင်ရဲ့ လက်ကို ကိုင်ပြီး ကင်မရာကိုကြည့်နေခဲ့ပါတယ်။ ပုံစာမှာတော့ “ပျော်ရွှင်ဖွယ်ရာ အဖေများနေ့ဖြစ်ပါစေ။ Sussex မြို့စားကြီးရဲ့ ပထမဆုံး အဖေများနေ့ကိုလည်း ဆုတောင်းပါတယ်” လို့ ရေးသားခဲ့ပါတယ်။ Sussex မြို့စားနဲ့ မြို့စားကတော်တို့ဟာ ပြီးခဲ့တဲ့ မေလတုန်းက ကျရောက်ခဲ့တဲ့ “အမေများနေ့”မှာလည်း သားတော်လေး Archie ရဲ့ ခြေထောက်ပုံ ပါဝင်တဲ့ ဓာတ်ပုံတပုံကိုလည်း မျှဝေခဲ့ပါသေးတယ်။

ဟယ်ရီနဲ့ မီဂန်တို့ဟာ မေလ ၆ ရက်နေ့တုန်းက သားတော်လေးကို မွေးဖွားခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ ဝင်ဆာရဲတိုက်က စိန့်ဂျော့ချ် ခန်းမဆောင်အတွင်း တနေရာကနေ သားတော်လေးကို ကမ္ဘာကြီးနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။

သားတော်လေးအတွက် ခရစ်ယာန်ဘာသာရေး ထုံးတမ်း ရေဖျန်းမင်္ဂလာ အခမ်းအနားကို လာမယ့် ဇူလိုင်လ အစောပိုင်း ကျရင် စိန့်ဂျော့ချ်ဘုရားကျောင်းမှာ ကျင်းပဖို့ရှိပါတယ်။ အဲလိဇဘက် ဘုရင်မကြီးကတော့ အချိန်ဇယား ပြဿနာကြောင့် တက်ရောက်ဖို့ မရှိဘူးလို့ ယူဆရပါတယ်။ ဧည့်သည်တော်ထဲမှာတော့ မင်းသား ဟယ်ရီရဲ့ အစ်ကို မင်းသား William နဲ့ ဇနီး Kate Middleton၊ ခမည်းတော် မင်းသားချားလ်စ်နဲ့ ဇနီး Camilla တို့အပြင် Meghan ရဲ့ မိခင် Doria Ragland တို့ ပါဝင်ပါတယ်။

ပြီးတော့ သူတို့တော်ဝင် ဇနီးမောင်နှံနှစ်ဦးဟာ သားတော်လေးကို တော်ဝင်မိသားစုနဲ့ တဖြည်းဖြည်းချင်း မိတ်ဆက်ပေးနေပြီဖြစ်ပါတယ်။ တခြား သတင်းရင်းမြစ်တခုက သားတော်လေး Archie ဟာ မင်းသား William ရဲ့ ရင်သွေးတွေဖြစ်တဲ့ မင်းသားလေး George ၊ မင်းသမီးလေး Charlotte၊ မင်းသားလေး Louis တိုနဲ့ မိတ်ဆက်ရခြင်း မရှိသေးလို့ ပြောကြားထားပါတယ်။

Ref. eonline.com

You may also like these stories:

“အမေများနေ့”မှာ မင်းသမီး ဒိုင်ယာနာကို ဂုဏ်ပြုခဲ့တဲ့ မီဂန်မာကယ်

ရင်သွေးလွယ်ထားရပြီလို့ အတည်ပြုလိုက်တဲ့ တော်ဝင်မင်းသား ဟယ်ရီတို့ ဇနီးမောင်နှံ

ဗြိတိန် တော်ဝင်မင်းသား ဟယ်ရီနဲ့ မင်းသမီး မီဂန်မာကယ်တို့ ပထမဆုံးရင်သွေး ရရှိ

တော်ဝင်မင်းသားဟယ်ရီနဲ့ မင်းသမီးမီဂန်မာကယ်တို့ရဲ့ ရင်သွေးနာမည်ကို ကြေညာ

Did you find apk for android? You can find new Free Android Games and apps.
Loading