သရုပ်ဆောင် အေးမြတ်သူကတော့ ယခုခေတ် လူငယ်တွေကြားမှာ ရေပန်းစားတဲ့ ဆိုရှယ်မီဒီယာတခု ဖြစ်တဲ့ Tik Tok ကို အသက် ၃၄ နှစ်ရောက်မှ ဆော့ဖြစ်တယ်လို့ ပြောပါတယ်။
“အေးမြတ်သူ အသက် ၃၄ နှစ်မှ Tik Tok ဆော့ဖြစ်ခဲ့တာ။ လူတွေအများကြီး ဆော့နေတာကို မဆော့ဖြစ်ခဲ့ဘူး။ ပထမဆုံး ဆော့ဖြစ်တာက Pocari Sweat နဲ့ဆော့ဖြစ်တယ်။ အဲဒီမှာ အကောင့်လေး ရသွားတယ်။ ကိုယ်လည်း မလုပ်တတ်ပါဘူး။ ပစ်ထားတာ ကြာလှပြီ” လို့ အေးမြတ်သူက ပြောပါတယ်။
အသက် ၃၄ နှစ်ပြည့်တဲ့ မွေးနေ့မှာ စတင်ဆော့ဖြစ်ရာကစပြီး ဆော့ကြည့်ရင်းနဲ့ ဆော့တတ်တဲ့သူ တယောက်ဖြစ်သွားတဲ့အတွက် Tik Tok မှာ သာယာနေတယ်လို့ ပြောပါတယ်။
“ဟိုရက်က ၃၄ နှစ် ပြည့်တဲ့နေ့က ဘာရယ်မဟုတ်ဘူး။ ဆော့ကြည့်တော့ အခုဆော့တတ်တဲ့သူ ဖြစ်သွားတာပေါ့။ ချစ်တဲ့သူတွေကလည်း သိနေတယ်။ ကောမန့်တွေလည်း ဝင်ရေးကြတယ်။ နောက်ပြီး ကိုယ်ဆော့ထားတာနဲ့ ပေါင်းပြီး ပြန်လုပ်ပေးတာတွေ ရှိတယ်။ သာယာနေတာပေါ့။ Tik Tok မှာ ခဏသွားသာယာနေတယ်” လို့ အေးမြတ်သူက ပြောပါတယ်။
လတ်တလော နာမည်ကြီးနေတဲ့ အဆိုတော် ချယ်ရီသင်းရဲ့ “ခွင့်လွှတ်ပေးဖို့ တောင်းပန်ချင်” သီချင်းထဲက စာသားတခုဖြစ်တဲ့ “အချစ်က လိုက်လို့ ပြေးတာလား၊ ပြေးလို့လိုက်တာလား” စာသားနဲ့ Tik Tok ဆော့ထားတာကိုလည်း အေးမြတ်သူရဲ့ ပရိသတ်များက သဘောကျ နှစ်သက်လျက် ရှိပါတယ်။
“အဲ့သီချင်းကို မှတ်မှတ်ရရ အကယ်ဒမီ မတိုင်ခင် တောင်ကြီးမှာ ကားရိုက်တုန်းက မတ်လဆန်းပေါ့။ တခြားတယောက် ကပြတာ။ သီချင်းကောင်းတယ်ပေါ့။ နားထောင်ကြည့်လိုက် ဆိုပြီးတော့ပေါ့။ အဲ့သီချင်းက နောက်ပိုင်းမှာ ပိုပေါက်လာတယ်။ အေးမြတ်သူလည်း အလွတ်ရသွားတယ်။ အရမ်း သဘောကျတယ်”လို့ ဆိုပါတယ်။
အဲဒီ သီချင်းကိုတော့ အေးမြတ်သူက အရမ်းသဘောကျနေပြီး အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ အပျိုကြီးတယောက်အနေနဲ့ သီချင်းထဲကလို အချစ်နဲ့ ပတ်သက်ရင် ပြေးတဲ့သူသာ ဖြစ်ချင်တယ်လို့ ဆိုပါတယ်။ အေးမြတ်သူကတော့ သရုပ်ဆောင်ပိုင်းမှာ သဘာဝကျကျ သရုပ်ဆောင်တတ်တဲ့ မင်းသမီး ဖြစ်ပြီး ဒီနှစ်မှာလည်း “နောင်တွင် ဥဒါန်းတည်စေသတည်း” ရုပ်ရှင်နဲ့ “အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု”ကို ရရှိထားပါတယ်။
You may also like these stories:
အကယ်ဒမီရပြီးနောက်ပိုင်း စကားပြောတာနဲ့ အနေအထိုင်ကို ထိန်းသိမ်းလာတယ်လို့ အေးမြတ်သူပြော
မြန်မာ့ယဉ်ကျေးမှုကို ဖော်ထုတ်တဲ့ ဇာတ်ကားတွေမှာ ပါဝင်ချင်တဲ့ အေးမြတ်သူ
“အပျိုကြီး မလုပ်ပါဘူး၊ အိမ်ထောင်ပြုဖို့ ဆန္ဒ ရှိပါတယ်”လို့ ပြောတဲ့ အေးမြတ်သူ