နာမည်ကျော် တောင်ကိုရီးယားမင်းသား ဝန်ဘင်း (ထယ်စောက်) ဟာ ရုပ်ရှင်တွေ၊ ဒရာမာတွေမှာ သရုပ်ဆောင်ခြင်း မရှိတော့တာ ၉ နှစ်လောက်ရှိပြီ ဖြစ်ပါတယ်။ သူနောက်ဆုံး ရိုက်ခဲ့တဲ့ ဇာတ်လမ်းကတော့ “The Man From Nowhere” ရုပ်ရှင်ဖြစ်ပြီး ရုံဝင်ငွေလည်း ကောင်းခဲ့တဲ့အပြင် တကမ္ဘာလုံးကလည်း အဲ့ဒီရုပ်ရှင်ကို လက်ခံအားပေးခဲ့ကြပါတယ်။
ပြီးတော့ ရုပ်ရှင်ဖန်သားပြင်ထက်ကနေ သူခေတ္တ ခဏကနေ အချိန်အတော်အကြာ ပျောက်ကွယ်သွားနဲ့ ပတ်သက်ပြီးတော့ သူ့နှုတ်ကနေ တခွန်းမှမဟခဲ့ပေမယ့် သူနဲ့ ရင်းနှီးသူတဦးကတော့ မင်းသားဟာ အချိန်အတော်ကြာ ရပ်နားခဲ့ပြီးနောက် တကျော့ပြန် ပွဲဦးထွက်ဖို့ စိတ်အားထက်သန်စွာနဲ့ ပြင်ဆင်နေပြီလို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
အဲ့ဒီရင်းနှီးသူက “လူတွေက အထင်လွဲနေကြတယ်။ ဝန်ဘင်းက နောက်ထပ် ရုပ်ရှင်တွေ မရိုက်တာ မဟုတ်ဘူး။ ဖန်တီးမှုကောင်းတဲ့ ပရောဂျက်ကို ရှာဖွေဖို့ မတူညီတဲ့ ဇာတ်ညွှန်းတွေကနေ တဆင့် တက်တက်ကြွ လုပ်ဆောင်နေတာပါ။ ဒါပေမယ့် သူက သူ့ရဲ့သုံးသပ်ချက်မှာ သိပ်ထူးခြားတာကြောင့် စာချုပ်နဲ့မှ လက်မှတ်မထိုးနိုင်သေးတာပါ” လို့ ပြောပါတယ်။
မင်းသား ဝန်ဘင်းဟာ ၂၀၁၆ ခုနှစ်တုန်းက အင်္ဂလိပ်ရုပ်ရှင် “Still Life” ကို ကိုရီးယားဗားရှင်းနဲ့ ပြန်လည်ရိုက်ကူးမယ့် ဇာတ်လမ်းမှာ သရုပ်ဆောင်ဖို့ ကောလာဟလ ထွက်ပေါ်ခဲ့ပါတယ်။ ကိုရီးယားဇာတ်ညွှန်းတွေ သူ့ဆီကို ပေးပို့ခဲ့ပေမယ့် နောက်ဆုံးမှာတော့ ပါဝင်သရုပ်ဆောင်ဖို့ ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပါတယ်။
ထုတ်လုပ်ရေးအဖွဲ့ကလည်း မင်းသားရဲ့ အကြံပြုချက်အတိုင်း ဇာတ်ညွှန်းကို ပြင်ဆင်ဖို့ ကြိုးစားခဲ့ပေမယ့် မင်းသားဟာ နောက်ထပ် ပရောဂျက်တွေကိုပဲ ထပ်ရှာနေခဲ့တယ်လို့ ဆိုပါတယ်။
လွန်ခဲ့တဲ့ ၉ နှစ်အတွင်းမှာတော့ မင်းသား ဝန်ဘင်းဟာ မော်ဒယ်နဲ့ ကြော်ငြာအလုပ်ကနေတဆင့် ပြည်သူတွေ့ ရှေ့မှောက်မှာ ထွက်ပေါ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ ပြုလုပ်ခဲ့တဲ့ ပရိသတ်တွေ့ဆုံပွဲတခုမှာ သူဟာ ရှားရှားပါးပါး ပြန်ပေါ်လာတာကြောင့် ပရိသတ်တွေက သူ့ကို ရုပ်ရှင်နဲ့ ဒရာမာတွေမှာ ပြန်တွေ့ရတော့မလားဆိုပြီး သို့လောသို့လော ပြောလာတာတွေရှိခဲ့ပါတယ်။
အဲ့ဒီလို ကောလာဟလတွေ ရှိခဲ့ပေမယ့် သူ့ရဲ့အေဂျင်စီကတော့ ကမ်းလှမ်းချက်ကို သုံးသပ်နေတယ်လို့သာ ထပ်ခါတလဲလဲ ပြောဆိုခဲ့ပါတယ်။ သူ့ကို ဖန်သားပြင်ပေါ်မှာ ပြန်မြင်တွေ့လိုသူတွေအထဲ သူ့ပရိသတ်တွေသာမက ဒါရိုက်တာ ဘုန်းဂျွန်ဟိုလည်း ပါဝင်ပါတယ်။ ဒါရိုက်တာ ဘုန်းက ၂၀၀၉ ခုနှစ်တုန်းက “Mother” ရုပ်ရှင်မှာ အလုပ်အတူ တွဲလုပ်ခဲ့ပြီးတဲ့နောက် ရင်းနှီးခဲ့ကြတဲ့အတွက် မင်းသား ဝန်ဘင်းကို ဖန်သားပြင်ပေါ်မှာ ထပ်မြင်ချင်တဲ့ ဆန္ဒရှိတယ်လို့ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။
မင်းသားရဲ့ ဇနီး မင်းသမီး လီနာယောင်းကလည်း သူ့ရဲ့ခင်ပွန်း ဝန်ဘင်းအနေနဲ့ မကြာမီ တချိန်ချိန်မှာ အနုပညာလောကထဲ ပြန်ခြေချမယ်လို့ ပြောဆိုထားပါတယ်။ လူသားဆန်မှုနဲ့ သက်ဆိုင်တဲ့ ဇာတ်လမ်းတခုကို ပြောပြလိုတာကြောင့် ကမ်းလှမ်းချက်ကို သုံးသပ်နေတယ်လို့ မင်းသမီးလီက ပြောဆိုထားပါတယ်။
Ref: Koreaboo
You may also like these stories:
“Steel Rain” နောက်ဆက်တွဲရုပ်ရှင်မှာ ပါဝင်ဖို့ ဆွေးနွေးနေတဲ့ ဂျောင်းဝူဆောင်း
ကိုရီးယားမင်းသားနဲ့ တွဲပြီး ရိုက်မယ့် ရုပ်ရှင်အကြောင်း ပြောပြတဲ့ ဝတ်မှုံရွှေရည်
ကိုရီးယားမင်းသား Mah Wom Woo နဲ့ တွဲပြီး သရုပ်ဆောင်မယ့် ထွန်းကိုကို
စစ်မှုထမ်းပြီးနောက် ပထမဆုံး ဒရာမာမှာ ပြန်မြင်တွေ့ရတော့မယ့် မင်းသား ဂျီချန်ဝု