လန်ဒန်မြို့မှာရှိတဲ့ Madame Tussauds ပြတိုက်မှာ ထားရှိတဲ့ ဘောလိဝုဒ်မင်းသမီး Priyanka Chopra ဖယောင်းရုပ်တုကို ဖွင့်လှစ်လိုက်ပြီဖြစ်ပြီး မင်းသမီးဟာ ကမ္ဘာပေါ်မှာရှိတဲ့ တိုက်ကြီးလေးခုမှာ ပုံတူ ဖယောင်းရုပ်တု ပိုင်ဆိုင်သူဖြစ်လာပါတယ်။
ဖယောင်းရုပ်တုဖွင့်ပွဲကို ဇွန်လ ၁၈ ရက်နေ့မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အခုလိုမျိုး ပုံတူရုပ်တုထားရှိဖို့ ကိစ္စနဲ့ပတ်သက်လို့ Madame Tussauds ပြတိုက်အဖွဲ့သားတွေနဲ့ မင်းသမီးက အလုပ်အတူတူလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဖယောင်းရုပ်တုပုံဖော်တဲ့ လုပ်ငန်းစဉ်ကို ၂၀၁၈ ခုနှစ်မှာ မင်းသမီးရဲ့ နယူးယောက်မြို့က တိုက်ခန်းမှာ သီးသန့်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
Madame Tussauds ရဲ့ တရားဝင် ဝက်ဘ်ဆိုက်မှာ ဖော်ပြထားတဲ့ထုတ်ပြန်ချက်ထဲမှာ “မင်းသမီး Priyanka မွေးစားခံခဲ့ရပြီး ကြီးပြင်းခဲ့တဲ့ နယူးယောက်မြို့မှာ အခုနှစ်အစောပိုင်းတုန်းက ပထမဆုံး ရုပ်တုကို ပြသခဲ့ပြီးချိန်ကတည်းက ပရိသတ်တွေဟာက လန်ဒန်ကို ရုပ်တုရောက်လာဖို့ တော်တော်လေးကို စိတ်ဝင်တစား စောင့်ဆိုင်းနေခဲ့ကြတာပါ”
“ဒီနေ့မှာတော့ Madame Tussauds London ပြတိုက်ဟာ ဆစ်ဒနီနဲ့ အာရှမှာရှိတဲ့ ညီအစ်မပြတိုက်တွေနဲ့အတူ ကြာရှည်စွာစောင့်ဆိုင်းနေကြတဲ့ ပရိသတ်တွေအတွက် ရုပ်တုတွေကို ဖွင့်လှစ်ပေးလိုက်ပြီဖြစ်ပါတယ်” လို့ ရေးသားထားပါတယ်။
အဲ့ဒီဖယောင်းရုပ်တု ပုံစံကတော့ ၂၀၁၇ ခုနှစ် ရွှေကမ္ဘာလုံးဆုပေးပွဲမှာ မင်းသမီးဝတ်ဆင်ခဲ့တဲ့ Ralph Lauren ဒီဇိုင်း ရွှေရောင်ဆီးကွင့်ဝတ်စုံနဲ့ပုံတူအရုပ် ဖြစ်ပါတယ်။ ပြီးတော့ သူ့ရဲ့ စိန်လက်ထပ်လက်စွပ် ပုံတူနဲ့ စေ့စပ် လက်စွပ်ကိုလည်း ဝတ်ဆင်ထားခဲ့တာတွေ့ရပါတယ်။
မင်းသမီးက “ကျမ လန်ဒန်ကိုချစ်ပါတယ်။ Madame Tussauds London ရဲ့ အဖွဲ့နဲ့အတူ အလုပ်လုပ်ရတာ တော်တော်လေး ပျော်ဖို့ကောင်းပါတယ်” လို့ ဆိုပါတယ်။
အခုလိုမျိုး မင်းသမီးရဲ့ပုံတူရုပ်တုတွေရှိတဲ့နေရာတွေကတော့ နယူးယောက်၊ ဆစ်ဒနီ၊ စင်ကာပူ၊ ဘန်ကောက်နဲ့ ဟောင်ကောင်မြို့မှာရှိတဲ့ Madame Tussauds ပြတိုက်တွေမှာပဲ ဖြစ်ပါတယ်။
Ref: hindustantimes
You may also like these stories:
ကမ္ဘာကျော် ဘောလိဝုဒ် မင်းသမီးတွေရဲ့ ပြောင်းလဲလာတဲ့ မျက်နှာ အစိတ်အပိုင်းများ
မင်္ဂလာဆောင်ဖို့ လက်ထပ်လိုင်စင် ရသွားပြီဖြစ်တဲ့ Nick Jonas နဲ့ Priyanka Chopra
“သစ္စာဖောက်” ဟု ဆိုကာ ဆန္ဒပြခံရတဲ့ ဘောလိဝုဒ် မင်းသမီး Priyanka Chopra