ပထမဆုံးအကြိမ်အဖြစ် ရုရှားတီဗီစီးရီးကို ကိုရီးယားဒရာမာအဖြစ် ပြန်လည်အသက်သွင်းဖို့ရှိပါတယ်။ ဇွန် ၁၈ က Star News မှာဖော်ပြချက်အရ ရုရှားနိုင်ငံက ကြည့်ရှုနှုန်းအမြင့်ဆုံးဖြစ်ခဲ့တဲ့ Silver Spoon ဆိုတဲ့ တီဗီစီးရီး တခုကို ကိုရီယားဒရာမာအဖြစ် ပြန်လည်ရိုက်ကူးတော့မှာပါ။
လက်ရှိမှာ မူရင်းစီးရီးက Season 3 ကို ထုတ်လွှင့်ပြသခဲ့ပြီး Season 4 ကိုလည်း မကြာခင်ထုတ်လွှင့် ဖို့ရှိနေပါတယ်။ ရုရှားရုပ်သံလိုင်း Channel 1 မှာပြသခဲ့တဲ့ Silver Spoon ဟာ ကြည့်ရှုနှုန်း ၄၀ ရာခိုင်နှုန်း ကျော်ရှိတဲ့ထိ အားပေးခံရတဲ့ ထိတ်ထိတ်ကြဲရုပ်သံဇာတ်လမ်းတွဲ ဖြစ်ပါတယ်။
Silver Spoon ဇာတ်လမ်းတွဲဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ရဲအရာရှိဖြစ်လာတဲ့ Igor ဆိုတဲ့ မရင့်ကျက်သေးတဲ့ လူငယ်လေးတယောက်အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ အရင်ကလည်း ဒီရုရှားစီးရီးကို အမေရိကန်၊ ဂျာမနီ၊ ပိုလန်နိုင်ငံတွေက ပြန်လည်ရိုက်ကူးခဲ့ကြသလို Netflix မှာ ပြသတဲ့ ပထမဆုံး ရုရှားစီးရီးလည်းဖြစ် ခဲ့ပါတယ်။
၂၀၁၅ ခုနှစ်မှာ Silver Spoon ဇာတ်လမ်းတွဲဟာ APKIT ဆုပေးပွဲမှာ Best Television Mini Series, Best Cinematographer နဲ့ Best Film Editing ဆုတွေရရှိခဲ့သလို၊ ၂၀၁၅ ခုနှစ် ရုရှားအမျိုးသားရုပ်ရှင်ဆုပေးပွဲ မှာ အကောင်းဆုံး ရုရှားတီဗီဒရာမာအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
ဒါ့ပြင် Igor နေရာကသရုပ်ဆောင်ခဲ့တဲ့ အမျိုးသားသရုပ်ဆောင် Pavel Priluchnyy ကလည်း အကောင်းဆုံးအမျိုးသား ဟီးရိုးဆုကို ရရှိခဲ့ပါတယ်။
ကိုရီးယားနိုင်ငံမှာ ပြန်လည်ရိုက်ကူးမယ့် Silver Spoon ဇာတ်လမ်းတွဲမှာတော့ အပိုင်း ၁၆ ပိုင်းရှိပြီး အဓိက အမျိုးသားသရုပ်ဆောင်ဟာ ချမ်းသာတဲ့မျိုးရိုးက ဆင်းသက်လာသူဖြစ်ကာ ရဲစခန်းမှာ အလုပ်ဝင်လုပ်ရင်း သူ့ ရဲ့မွေးရာပါစွမ်းဆောင်ရည်ကို သိရှိသွားတဲ့အကြောင်းကို ပုံဖော်ရိုက်ကူးသွားမှာပါ။
“The Tuna and the Dolphin” ၊ “Hanging Man” တွေကို ရေးသားခဲ့တဲ့ စာရေးဆရာမ လီဂျွန်အွန်ကပဲ ဇာတ်ညွှန်းရေးသားမှာဖြစ်ပြီး နောက်နှစ်ထဲမှာ ထုတ်လုပ်နိုင်ဖို့ မျှော်လင့်ထားပေမယ့် ဘယ်ရုပ်သံလိုင်းက ပြ သမယ်ဆိုတာကိုတော့ မဆုံးဖြတ်ရေးဘူးလို့ ဆိုပါတယ်။
Ref: Soompi
You may also like these stories:
Game of Thrones ရိုက်ကွင်းပေါ်က လူတွေသိပ်မသိကြသေးတဲ့ ဖြစ်ရပ်များ
မင်းသားကြီး အာနိုးရဲ့ သမီးနဲ့ လက်ထပ်လိုက်ပြီ ဖြစ်တဲ့ မင်းသား Chris Pratt
Women In Film Gala ပွဲကို တက်ရောက်တဲ့ ပထမဆုံး ကိုရီးယားမင်းသမီး Claudia Kim