• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

ဟောလိဝုဒ်ရဲ့ အထင်ကရဖြစ်တဲ့ Marilyn Monroe ရုပ်တု ခိုးယူခံရ

by မစ်ကီ
19 June 2019
in Entertainment
A A
အဲ့ဒီရုပ်တုဟာ Hollywood Walk of Fame ရဲ့ အဝင်အဝမှာတည်ရှိတာပါ

အဲ့ဒီရုပ်တုဟာ Hollywood Walk of Fame ရဲ့ အဝင်အဝမှာတည်ရှိတာပါ

7k
VIEWS
Share on FacebookShare on Twitter

ဟောလိဝုဒ်မှာရှိတဲ့ ရုပ်ရှင်လောကထဲက အမျိုးသမီးတွေကို ကိုယ်စားပြုတဲ့ အနုပညာလက်ရာ မင်းသမီး Marilyn Monroe ရဲ့ရုပ်တုဟာ ပျောက်ဆုံးနေခဲ့ပြီးတော့ အာဏာပိုင်တွေကတော့ ဒါဟာ ၂၀၁၉ ခုနှစ်အတွက် Marilyn ရဲ့ နောက်ပြောင်ကျီစယ်မှု လို့ ခေါ်ဆိုကြပါတယ်။

“The Seven Year Itch” ရုပ်ရှင်ထဲက ဂန္တဝင်မြောက် မင်းသမီးရဲ့ နာမည်ကျော် ကိုယ်နေဟန်ထားအတိုင်း ပုံဖော်ထားတဲ့ အဲ့ဒီရုပ်တုဟာ Hollywood Walk of Fame လမ်းမမှာရှိတဲ့ Ladies of Hollywood Gazebo စင်မြင့်ထိပ်ပိုင်းမှာ ရှိနေခဲ့တာပါ။

RelatedPosts

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

20 May 2025
377
မဟာ အလက်ဇန္ဒား

မဟာ အလက်ဇန္ဒား

18 May 2025
824
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
1.6k

မျက်မြင်သက်သေတဦးက အမျိုးသားတဦးဟာ အီဖယ်တာဝါပုံစံ စင်မြင့်ပေါ်ကို ဇွန်လ ၁၆ ရက်နေ့နှောင်းပိုင်းမှာ တက်ခဲ့ပြီးတော့ အဲ့ဒီရုပ်တုကို ဖယ်ရှားဖို့ လွှနဲ့ တိုက်ယူခဲ့တာကို မြင်တွေ့ခဲ့ရတဲ့ အကြောင်း အာဏာပိုင်တွေက ပြောဆိုခဲ့ပါတယ်။ စုံစမ်းစစ်ဆေးသူတွေက အဲ့ဒီနေရာကနေ လက်ဗွေရာ တချို့ကို ရှာတွေ့ခဲ့ပေမယ့် ဇွန်လ ၁၈ ရက်နေ့အထိတော့ ဘယ်သူ့ကိုမှ ဖမ်းဆီးနိုင်တာမရှိသေးဘူးလို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

အဲ့ဒီအနုပညာ လက်ရာဟာ Hollywood Walk of Fame ရဲ့ အဝင်အဝမှာတည်ရှိပြီး ရုပ်ရှင်အနုပညာ လုပ်ငန်းထဲမှာ လွှမ်းမိုးခဲ့ကြတဲ့ မတူကွဲပြားတဲ့ယဉ်ကျေးမှုတွေထဲက အမျိုးသမီးတွေ ဖြစ်တဲ့ Mae West, Dorothy Dandridge, Anna May Wong နဲ့ Dolores Del Rio တို့ရဲ့ ရုပ်တုတွေအထိ ပါရှိပါတယ်။

အဲ့ဒီ စင်မြင့်ပုံစံ ဒီဇိုင်းရဲ့ ထိပ်မှာ မင်းသမီး Marilyn ရဲ့ ကမ္ဘာကျော်ပို့စ်ဖြစ်တဲ့ လွင့်ပျံနေတဲ့ စကပ်ကို လက်နဲ့ ထိန်းနေတဲ့ဟန်ပန်ရုပ်တုကို ထားရှိတာလည်း ဖြစ်ပါတယ်။

၁၉၅၀ ပြည့်လွန်နှစ်တွေတုန်းက အမေရိကန်နိုင်ငံမှာ အထူးနာမည်ကျော်ကြားခဲ့တဲ့ မင်းသမီး Marilyn ဟာ ၁၉၆၂ ခုနှစ်မှာ မကွယ်လွန်ခင် ရိုက်ကူးခဲ့တဲ့ သူ့ရဲ့ ရုပ်ရှင်ဟာ ဝင်ငွေ ဒေါ်လာ သန်း ၂၀၀ အထိ ရှိခဲ့ပါတယ်။

အဲ့ဒီပမာဏဟာ အခုခေတ်ကာလအရဆိုရင် ဝင်ငွေ ဒေါ်လာ ၂ ဘီလီယံနဲ့ ညီမျှပါတယ်။ နှစ်ပေါင်း ၅၀ ကျော်လောက်ကြာတဲ့အထိ မင်းသမီးဟာ ကမ္ဘာကျော် ယဉ်ကျေးမှုပြယုဒ်တခုအနေနဲ့ ရပ်တည်နေဆဲဖြစ်ပါတယ်။

Ref:Bangkokpost

You May Also Like These Stories:

ဇွန်လမှာ မွေးဖွားခဲ့တဲ့ ကမ္ဘာကျော် အနုပညာရှင် မာရီလင်မွန်ရိုး အကြောင်း< မာရီလင်မွန်ရိုး ဒရာမာစီးရီးကို အကောင်အထည် ဖော်နေပြီ

Your Thoughts …
Tags: Marilyn Monroe ရုပ်တု
မစ်ကီ

မစ်ကီ

Contributor

Similar Picks:

No Content Available
Next Post
ခေါက်ဆွဲပြုတ်ကို အသီးအရွက်နဲ့ ကြက်အူချောင်းတွေထည့်စားရင် အရသာပိုပေါ်စေပါတယ်

ခေါက်ဆွဲပြုတ်ကို အရသာပိုရှိအောင် ပြုတ်စားနိုင်မယ့် နည်းလမ်းများ

ပုဂံဘုရားပေါ်က နိုင်ငံခြားခရီးသွားများ / ဧရာဝတီ

ခရီးသွားလုပ်ငန်းတွင် ကျပ်ငွေလက်ခံရန် ဟိုတယ်/ခရီး ဝန်ကြီးဌာန ထပ်မံ အမိန့်ထုတ် 

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

1 day ago
3.4k
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

3 days ago
2.4k

Most Read

  • ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

    စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate