‘Game of Thrones’ စီရီးရဲ့ ရှေ့ကြိုဇာတ်လမ်း ရိုက်ကူးရေးကို စတင်လိုက်ပြီဖြစ်ပြီး ပရိသတ်တွေကတော့ ဘယ်နေရာမှာ ရိုက်ကူးရေးလုပ်နေတယ်ဆိုတာကို သိရှိခဲ့ကြပါတယ်။
အမည်မပေးရတဲ့ စီးရီးအတွက် ထုတ်လုပ်ရေး လုပ်ငန်းတွေကို အိုင်ယာလန်နိုင်ငံမြောက်ပိုင်းမှာ စတင်ခဲ့ပြီဖြစ်တယ်လို့ Belfast Telegraph သတင်းကဆိုပါတယ်။ ဒေသတွင်းမီဒီယာတွေရဲ့အဆိုအရ Belfast ပြည်နယ်တဝန်းမှာ ရိုက်ကူးရေးနေရာတွေကို ပြီးခဲ့တဲ့အပတ်မှာပဲ တည်ဆောက်ခဲ့ပြီး ဖြစ်တဲ့အကြောင်း ဖော်ပြကြပါတယ်။
HBO ရုပ်သံလိုင်းဘက်ကနေ ဒီကိစ္စနဲ့ပတ်သက်လို့ တခုခု တုံ့ပြန်ပြောဆိုတာမျိုးမရှိသေးပါဘူး။ အဲ့ဒီစီရီးကိုတော့ Red Wedding နဲ့ The Battle of the Bastards တို့လို ရိုက်ကွင်းတွေကို အရင်တုန်းက အိုင်ယာလန် မြောက်ပိုင်း တချို့နေရာတွေမှာ ရိုက်ကူးခဲ့ပါတယ်။
HBO ကနေ ထုတ်လွှင့်ခဲ့တဲ့ ‘Game of Thrones’ နောက်ဆုံးအပိုင်းကို ကြည့်ရှုသူ ၁၉ ဒသမ ၃ သန်းရှိခဲ့ပါတယ်။ Jane Goldman နဲ့ George R.R. Martin တို့ဖန်တီးထားတဲ့ ရှေ့ကြိုဇာတ်လမ်းမှာတော့ မင်းသမီး Naomi Watts က အမှောင်လျှို့ဝှက်တခုကို ဖုံးကွယ်ထားတဲ့ သြဇာကြီးမားသူ မိန်းကလေးအနေနဲ့ သရုပ်ဆောင်မှာ ဖြစ်တယ်လို့ ကြေညာထားပါတယ်။
အခုစီးရီးအသစ်ကတော့ GOT စီးရီးဖြစ်ရပ်တွေမတိုင်ခင် နှစ်ထောင်ပေါင်းများစွာကာလက အခြေအနေကို ဇာတ်အိမ်တည်မှာဖြစ်ပါတယ်။ ဇာတ်လမ်းအကြောင်းအရာမှာဆိုရင် “ကမ္ဘာကြီးပေါ်က အမှောင်နေ့ရက်တွေ ထဲမှ ရွှေရောင်ဟီးရိုးတွေရဲ့ ခေတ်တခုအကြောင်း” ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ရိုက်ကူးရေးနေရာကိုတော့ အခြားနိုင်ငံတွေမှာ ပြုလုပ်ဦးမှာလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
အခုစီးရီး အသစ်မှာတော့ King Kong မင်းသမီး Naomi Watts နဲ့အတူ Naomi Ackie, Denise Gough, Miranda Richardson, Josh Whitehouse, Jamie Campbell Bower, Sheila Atim, Ivanno Jeremiah, Alex Sharp နဲ့ Toby Regbo တို့လိုမျိုး သရုပ်ဆောင်အသစ်တွေနဲ့ အားဖြည့်ထားတာကို တွေ့ရပါတယ်။
Ref:CNN, ew
You may also like these stories:
အိမ်မွေး တိရစ္ဆာန်တွေကို Game Of Throne ဇာတ်ကောင်လို ဝတ်ဆင်ပေးမှုများ ခေတ်စား
“Game of Thrones” နဲ့ ဆင်တူနေလို့ ဝေဖန်ခံနေရတဲ့ “Arthdal Chronicles” စီးရီး
Game of Thrones စီးရီးထုတ်လုပ်ရေးမှူး နှစ်ဦးကို Star Wars ရုပ်ရှင်မှ ဖယ်ရှားပေးရန် တောင်းဆိုခံရ
“Game of Thrones” သီးခြား ခွဲထွက်ဇာတ်လမ်း ၃ ခု ရိုက်ကူးရန် ပြင်ဆင်နေပြီလို့ သိရ