Marvel ပရိသတ်တွေကတော့ ရုပ်ရှင်ရုံမှာ ပြသစဉ်တုန်းက ပါမလာခဲ့တဲ့ ဇာတ်ဝင်ခန်းတွေကို ကြည့်ဖို့ “Avengers: Endgame” DVD အခွေကို စောင့်ဆိုင်းစရာ မလိုတော့ပါဘူး။ Marvel Studios အကြီးအကဲ Kevin Feige က ကမ္ဘာ့ဒုတိယ ရုံဝင်ငွေအများဆုံး ရုပ်ရှင်ကို ထပ်တိုးထည့်ထားတဲ့ ဇာတ်ဝင်ခန်းတွေ အနေနဲ့ မဟုတ်ဘဲ ဇာတ်လမ်းရဲ့ အဆုံးမှာ ဇာတ်ဝင်ခန်းအချို့ကို ထပ်ထည့်ထားပြီး မားကတ်တင်းအားဖြည့် လုပ်ဆောင်မှုနဲ့ ရုပ်ရှင်ရုံပေါ် ပြန်တင်မှာဖြစ်တဲ့အကြောင်း Screen Rant မီဒီယာကို ပြောဆိုခဲ့ပါတယ်။
သူက “ရုပ်ရှင်မှာ ပါဝင်ခဲ့သူတွေရဲ့ အမည်စာရင်းပြီးတဲ့နောက် ခင်ဗျားတွေက ဆက်ပြီးတော့ ရုပ်ရှင်ကို ကြည့်မယ်ဆိုရင် ဖျက်ထားခဲ့ရတဲ့ ဇာတ်ဝင်ခန်း တခု ရှိပါမယ်။ ဂုဏ်ပြုစရာနဲ့ အံ့သြစရာ အနည်းငယ်ပါတဲ့ ဇာတ်ဝင်ခန်း ဖြစ်ပါတယ်” လို့ ပြောဆိုထားပါတယ်။ ဗားရှင်းအသစ်အနေနဲ့ လာမယ့် ဇွန်လ ၂၈ ရက်နေ့မှာ ရုံပြန်တင်မယ့် အဲဒီရုပ်ရှင်မှာ ဇာတ်ဝင်ခန်းအသစ်က ဘယ်လောက်ပါလာမလဲ ဆိုတာကိုတော့ အခုထိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
အဲဒီ Endgame ရုပ်ရှင်ဟာ ရုံဝင်ငွေ စံချိန်တွေကို ချိုးခဲ့ပြီးတော့ ၂၀၀၉ ခုနှစ်က ဒါရိုက်တာ James Cameron ရဲ့ “Avatar” ရုပ်ရှင်ရဲ့ အနောက်မှာ ဒုတိယမြောက် ရုံဝင်ငွေအများဆုံး ရုပ်ရှင်အနေနဲ့ ရပ်တည်နေပါတယ်။ အဲဒီရုပ်ရှင်ဟာ ပွဲဦးထွက် သီတင်းပတ်မှာတင် ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံ ရရှိခဲ့ပြီး မနှစ်က ရုံတင်ခဲ့တဲ့ “Avengers: Infinity War” ရုပ်ရှင်ကတော့ ပွဲဦးထွက် ဝင်ငွေ ဒေါ်လာ သန်း ၆၀၀ ပဲရခဲ့ပါတယ်။
“Endgame” ရုပ်ရှင်ဟာ မြောက်အမေရိကဒေသမှာ ဒေါ်လာ သန်း ၃၅၀ နဲ့ ပွဲဦးထွက်ခဲ့ပြီး “Infinity War” ကတော့ ဒေါ်လာ ၂၅၇ ဒဿမ ၆ သန်းနဲ့ ပွဲဦးထွက်ခဲ့တာဖြစ်ပါတယ်။ “Endgame” ရုပ်ရှင်ကတော့ လာမယ့်ဇူလိုင်လ ၂ ရက်နေ့မှာ ရုံတင်တော့မယ့် Marvel ရုပ်ရှင်ကား ဖြစ်တဲ့ “Spider-Man: Far From Home” မတိုင်မီ ရက်အနည်းငယ်အလိုမှာတော့ ရုံပြန်တင်မှာပဲ ဖြစ်ပါတယ်။
Ref: etcanada
You may also like these stories:
Titanic ကိုကျော်ပြီး ကမ္ဘာ့ဒုတိယမြောက် ဝင်ငွေအကောင်းဆုံး ရုပ်ရှင်ဖြစ်လာတဲ့ “Avengers: Endgame”
“Avengers: Endgame” အတွက် သရုပ်ဆောင်ကြေး ဒေါ်လာ ၇၅ သန်းထက် ပိုရမယ့် Robert Downey Jr.
ကမ္ဘာကျော်တွေကို တစုတစည်းတည်း မြင်ရမယ့် “Avengers: Endgame” ရိုက်ကွင်းဗီဒီယို
အဖွင့် သီတင်းပတ်မှာတင် ဒေါ်လာ ၁ ဒဿမ ၂ ဘီလီယံ ရရှိခဲ့တဲ့ “Avengers: Endgame” ရုပ်ရှင်
ကမ္ဘာတဝန်း ပြသတဲ့နေရာ အားလုံးနီးပါးမှာ စံချိန်တွေ တင်နေတဲ့ “Avengers: Endgame” ရုပ်ရှင်