မင်းသား Bradley Cooper ဟာ ချစ်သူ Irina Shayk နဲ့ လမ်းခွဲခဲ့ပြီးတဲ့နောက်မှာ သမီးလေးနဲ့ အနုပညာလုပ်ဝန်းကိုသာ အပြည့်အဝ အာရုံစိုက်မယ်လို့ သတင်းရင်းမြစ်တခုက ဆိုပါတယ်။ အသက် ၄၄ နှစ်အရွယ် မင်းသားနဲ့ အသက် ၃၃ နှစ်အရွယ် စူပါမော်ဒယ်တို့ဟာ ၄ နှစ်ကြာ လက်တွဲခဲ့ပြီးတဲ့နောက် အခုလ အစောပိုင်းမှာပဲ လမ်းခွဲခဲ့ကြတာ ဖြစ်ပါတယ်။
သတင်းရင်းမြစ်တခုရဲ့ အဆိုအရ သူတို့နှစ်ဦးဟာ လက်ရှိမှာ နှစ်နှစ်အရွယ် သမီးလေး Lea De Seine ကို မိဘတွေအနေနဲ့ စောင့်ရှောက်ဖို့ အာရုံစိုက်ထားတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ အဲ့ဒီသတင်းရင်းမြစ်ရဲ့ အဆိုအရ မင်းသား Cooper နဲ့ “A Star Is Born” ရုပ်ရှင် တွဲဖက်မင်းသမီး အဆိုတော် လေဒီဂါဂါ တို့ဟာ တွဲနေကြပြီလို့ ကောလာဟလတွေ ထွက်ပေါ်ခဲ့ပေမယ့် အရမ်းရင်းနှီးတဲ့ သူငယ်ချင်းတွေသာ ဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါ သတင်းရင်းမြစ်က အခုလိုမျိုး လမ်းခွဲလိုက်တာဟာ မင်းသား Cooper က အချစ်ရေးကို နောက်တဖန်ခုန်ကူးမယ်ဆိုတဲ့ သဘောတော့ မဟုတ်ပေမယ့် သူနဲ့ ဂါဂါတို့ဟာ နက်နဲတဲ့ ရင်းနှီးမှုရှိပါတယ်။ မင်းသား Cooper နဲ့ ဂါဂါတို့ဟာ နောက်တကြိမ် အလုပ်အတူတွဲလုပ်ဖို့ မျှော်လင့်နေကြပြီး သူတို့ရဲ့ သူငယ်ချင်းတွေကတော့ သူတို့နှစ်ဦးဟာ တွဲဖက်သရုပ်ဆောင်ကောင်းတွေ၊ သူငယ်ချင်းကောင်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
အခုလ အစောပိုင်းမှာ သတင်းရင်းမြစ်တခုက “Shayk နဲ့ ဂါဂါရဲ့ ခင်ပွန်းလောင်းဖြစ်ခဲ့သူ Christian Carino တို့ နှစ်ယောက်လုံးဟာ သူတို့ရဲ့မိဘတွေဟာ အလုပ်ကိုပဲ အာရုံစိုက်ခဲ့ကြတဲ့အတွက် အခုလိုမျိုး အချစ်ရေး ကမောက်ကမ ဖြစ်ခဲ့ရတာနဲ့ ပတ်သက်လို့ တော်တော်လေး ခံစားခဲ့ရတယ်”လို့ ဆိုပါတယ်။
ဂါဂါနဲ့ Carino တို့ဟာ ၂ နှစ်ကြာ တွဲခဲ့ပြီးတဲ့နောက် အခုနှစ် ဖေဖော်ဝါရီလမှာပဲ လမ်းခွဲခဲ့ကြတာ ဖြစ်ပါတယ်။ Cooper နဲ့ Shayk တို့ လမ်းခွဲရတဲ့ အကြောင်းအရင်း တခုကတော့ “A Star Is Born” ရုပ်ရှင်ကိုပဲ အာရုံစိုက်နေတာကြောင့် ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ရုပ်ရှင်ရိုက်ကူးပြီးစီးသွားတာတောင် မင်းသားဟာ ရုပ်ရှင်ကို ပရိုမိုးရှင်းလုပ်ဖို့ ရုန်းကန်နေရတာကြောင့် Shayk က ကလေးနဲ့ပဲ တချိန်လုံးရှိခဲ့ရတယ်လို့လည်း ဆိုပါတယ်။ အဲ့ဒါကြောင့် နှစ်ဦးကြား သဘောတူညီချက်ယူဖို့ ပြင်ခဲ့ပေမယ့် အငြင်းပွားမှုနဲ့သာ အဆုံးသတ်ခဲ့ရပြီး နှစ်ဦးသား ဆက်ဆံရေးကို ထိခိုက်ခဲ့ရတာဖြစ်တယ်လို့လည်း သိရပါတယ်။
Ref: etcanada
You May Also Like These Stories:
ချစ်သူသက်တမ်း ၄ နှစ်အကြာမှာ လမ်းခွဲလိုက်တဲ့ မင်းသား Bradley Cooper နဲ့ မော်ဒယ် Irina Shayk
ကိုယ်ဝန်ရှိနေပြီဆိုတဲ့ ကောလာဟလ သတင်းတွေကို လေဒီဂါဂါ ငြင်းဆို
ဆိုရှယ်မီဒီယာဆိုတာ အင်တာနက်ရဲ့ အများသုံးသန့်စင်ခန်းလို့ ထင်မြင်ကြောင်း လေဒီဂါဂါဆို