အောင်မြင်ကျော်ကြားတဲ့ ဟောလိဝုဒ် အနုပညာရှင်တွေဟာ သူတို့ မအောင်မြင်စဉ် ကာလတုန်းက တခြားသာမန်လူတွေလိုပဲ ရုန်းကန် လှုပ်ရှားခဲ့ရပါတယ်။ အခုဖော်ပြပေးမယ့် ဟောလိဝုဒ် အကျော်အမော်တွေဟာ မအောင်မြင်ခင်တုန်းက သာမန်လူတွေလိုမျိုး ဒီလို အလုပ်တွေကို လုပ်ကိုင်ခဲ့ရတာပါ။
(၁) Brad Pitt
ဟောလိဝုဒ်ရဲ့ နာမည်ကျော် မင်းသား Brad Pitt ဟာ အောင်မြင်တဲ့ မင်းသားတလက် မဖြစ်ခင်က “El Pollo Loco” ကြက်ကြော်ဆိုင်မှာ အရောင်းဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့ဖူးပြီး ကြက်ကြော် အရောင်းမြှင့်တင်ရေးအတွက် ကြက်ဝတ်စုံဝတ်ပြီး သရုပ်ပြ ရောင်းချခဲ့ဖူးပါတယ်။
(၂) Megan Fox
ဟောလိဝုဒ်ရဲ့ ဆွဲဆောင်မှုရှိတဲ့ မင်းသမီးတဦးဖြစ်သူ Megan Fox ကတော့ အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တဦး မဖြစ်ခင်မှာ ဖလော်ရီဒါမှာရှိတဲ့ အအေးဆိုင်တဆိုင်မှာ ငှက်ပျောသီး Costume ဝတ်ပြီး Smoothie ရောင်းချတဲ့ အလုပ်ကို လုပ်ကိုင်ခဲ့ဖူးပါတယ်။
(၃) Nicole Kidman
မင်းသမီး Nicole Kidman ဟာ အော်စကာဆုတွေ မရရှိသေးခင်၊ မအောင်မြင်သေးတဲ့ အချိန်ကာလ၊ သူ့ရဲ့ အသက် ၁၇ နှစ်အရွယ်က Massage မှာ နှိပ်နယ်ပေးသူအနေနဲ့ လုပ်ကိုင်ခဲ့ဖူးပါတယ်။
(၄) Jim Carrey
နာမည်ကျော် ဟာသမင်းသားကြီး Jim Carrey ဟာ ဟောလိဝုဒ်မှာ နာမည်ကြီး မင်းသားတလက် မဖြစ်ခင် မိသားစုကို ထောက်ပံ့ဖို့ အခက်အခဲတွေ ရှိစဉ်ကာလမှာ တံခါးစောင့်အဖြစ် လုပ်ကိုင်ခဲ့ဖူူးသလို သန့်ရှင်းရေးဝန်ထမ်းအဖြစ်လည်း လုပ်ကိုင်ခဲ့ဖူးတယ်လို့ သိရပါတယ်။
(၅) Huge Jackman
Wolverine မင်းသားကြီး Huge Jackman ကတော့ သရုပ်ဆောင်တဦးအဖြစ် မအောင်မြင်ခင်တုန်းက သြစတြေးလျက အထက်တန်းကျောင်းတခုမှာ ကိုယ်ကာယဆရာအဖြစ် လုပ်ကိုင်ခဲ့ဖူးပါတယ်။
Ref. www.nova969.com
You may also like these stories:
သီချင်းအသစ်နဲ့အတူ LGBTQ တန်းတူညီမျှမှုအတွက် တောင်းဆိုလိုက်တဲ့ Taylor Swift
ရုပ်ရှင်ထုတ်လုပ်သူ Harvey Weinstein ကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်ဖူးတဲ့ Brad Pitt
ဟောလိဝုဒ် ရုပ်ရှင်မင်းသမီး Nicole Kidman ရဲ့ လူမသိသေးတဲ့ အကျင့်
ဘတ်ဂျက် ပြဿနာကြောင့် ရိုက်ကူးရေး နောက်ဆုတ်သွားတဲ့ “World War Z” နောက်ဆက်တွဲရုပ်ရှင်