မင်းသား Tom Hanks ဟာ သောကြာနေ့ တိုင်းထုတ်လွှင့်တဲ့ “Graham Norton Show” အစီအစဉ်မှာ ပါဝင်ခဲ့ပြီး စူပါဟီးရိုး ဇာတ်ကောင်နဲ့ ဂျိမ်းစ်ဘွန်း ဗီလိန်တို့အကြောင်း ပြောပြခဲ့ပါတယ်။ လက်ရှိမှာ “Toy Story 4” ရုပ်ရှင် ပရိုမိုးရှင်းအတွက် အလုပ်များနေတဲ့ မင်းသားကြီး Hanks က သူ့ကို ဘယ် စူပါဟီးရိုး ရုပ်ရှင်တခုကမှ ပါဝင်ဖို့ ကမ်းလှမ်းကြတာမျိုး မရှိခဲ့ဖူးဘူးလို့ ဝန်ခံခဲ့ပါတယ်။
တချိန်တုန်းက လင်းနို့လူသားရုပ်ရှင်မှာ ပါဝင်ဖို့ ကမ်းလှမ်းခံခဲ့ရတယ် ဆိုတဲ့သတင်းက အမှန်ပဲလားဆိုလို့ မေးမြန်းရာမှာတော့ မင်းသားကြီးက “ကျနော့်အသံနဲ့ အဲ့ဒီဇာတ်ရုပ်က လိုက်ဖက်တယ်လို့ ထင်ရင် အတော်ရယ်စရာ ကောင်းမှာပါ။ စူပါဟီးရိုး ရုပ်ရှင်တခုမှာ ကျနော့်ကို သရုပ်ဆောင်ဖို့ ကမ်းလှမ်းကြတာမျိုး မရှိခဲ့ဖူးပါဘူး။ ဒါပေမဲ့ ဂျိမ်းစ်ဘွန်း ရုပ်ရှင်မှာတော့ ဗီလိန်တယောက် အနေနဲ့ သရုပ်ဆောင်ချင်ပါတယ်” လို့ ဆိုပါတယ်။
“Toy Story 4” ရုပ်ရှင်မှာ Woody ဇာတ်ကောင်အဖြစ် နောက်ဆုံး အသံသွင်းယူခဲ့ရတာဟာ သူ့အတွက် စိတ်လှုပ်ရှားခံစာမိတယ်လို့ ဆိုပါတယ်။
သူက “တော်တော်လေးကို ဆိုးပါတယ်။ ကျနော်ဟာ ၁၉၉၁ ခုနှစ်မှာ Woody အနေနဲ့ အသံသွင်းခဲ့ပြီး ရုပ်ရှင်တခုချင်းစီက အချိန် ၄ နှစ်လောက်ကြာပါတယ်။ ဒါဟာ ကျနော့်အတွက် နောက်ဆုံး အစီအစဉ်ဖြစ်ပြီးတော့ အိုကေ၊ ကောင်းတယ်၊ ကျေးဇူးတင်ပါတယ် ဆိုတာကတော့ ကျနော်ပြောမယ့် နောက်ဆုံးစာကြောင်း ဖြစ်လာမှာပါ။ ၂၄ နှစ်စာကာလကတော့ ပြီးဆုံးခဲ့ပါပြီ” လို့ ဆိုပါတယ်။
အဲ့ဒီဇာတ်ကောင် နေရာမှာ အသံသရုပ်ဆောင်ခဲ့ရတဲ့အခါ ခက်ခဲကြမ်းတမ်းမှုနဲ့ ပတ်သက်လို့ ပြောရာမှာတော့ မင်းသားကြီးက “မြန်မြန်ပြီးပါစေလို့ ဆုတောင်းပြီး အမြဲအသံသွင်းခဲ့ရပါတယ်။ Woody က အချိန်တိုင်း ထိတ်လန့်နေစေပါတယ်။ တကယ့်ကိုပဲ မောဟိုက်ပင်ပန်းရပါတယ်”လို့ ဆိုပါတယ်။
သူ မပါလည်း နောက်ထပ်ရုပ်ရှင် “Toy Story 5” ရုပ်ရှင် အလွယ်တကူ ပြီးမြောက်နိုင်ပေမယ့် မင်းသားကြီးက အဲ့ဒီနေရာမှာ သရုပ်ဆောင်ဖို့ ဆက်ပြီး တောင်းပန်နေဦးမှာဖြစ်တဲ့အကြောင်း အရွှန်းဖောက်ပြောဆိုခဲ့ပါတယ်။
Ref: etcanada
You May Also Like This Story:
ပရိသတ်တွေကို Surprise လုပ်ပြီး စားထားသမျှ ရှင်းပေးခဲ့တဲ့ Tom Hanks
ဒုတိယကမ္ဘာစစ်နောက်ခံရုပ်ရှင်မှာ သားဖြစ်သူနဲ့အတူ ပါဝင်မယ့် မင်းသားကြီး Tom Hanks