Entertainment

နောက်တကား ရိုက်ဖို့ သေချာနေတဲ့ "Spider-Man: Into The Spider-Verse"

Want create site? Find Free WordPress Themes and plugins.

၂၀၁၈ ခုနှစ်၊ အော်စကာဆုပေးပွဲမှာ အကောင်းဆုံး Animated ဇာတ်ကားဆုအပြင် အခြားဆုတွေ အများကြီး ရရှိခဲ့တဲ့ “Spider-Man: Into the Spider-Verse” ရုပ်ရှင်ကို နောက်ထပ် ဆက်ပြီး ထွက်လာဖို့ ပရိသတ်တွေက မျှော်လင့်ထားကြပါတယ်။

ထုတ်လုပ်သူတယောက်ဖြစ်တဲ့ Amy Pascal က io9 နဲ့ ပြုလုပ်တဲ့ အင်တာဗျူးတခုမှာ “Spider-Man: Into the Spider-Verse” ကို ဆက်ရိုက်ဖို့ ပြင်ဆင်နေပြီ ဖြစ်တဲ့ အကြောင်းကို အတည်ပြုခဲ့ပါတယ်။ “ကျနော်တို့ Spider-Man: Into the Spider-Verse အတွက် ပြင်ဆင်နေပါတယ်။ ခင်ဗျားတို့ အားလုံး နောက်ထပ် ရုပ်ရှင်တွေကို မျှော်လို့ရပါပြီ”လို့ ပြောခဲ့ပါတယ်။

Sequel ရိုက်ကူးမယ့် သတင်းဟာ Spider-Man: Into the Spider-Verse ရုပ်ရှင်မထွက်ခင်ကတည်းက သတင်းထွက်နေခဲ့တာဖြစ်ပေမယ့် ဘယ်လို ဇာတ်အိမ်တည်မယ် ဆိုတာကိုတော့ သေချာမသိရသေးပါဘူး။ ခန့်မှန်းချက်တွေအရတော့ Miles Morales အကြောင်းကို အဓိကထား ပြသသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

ဒါရိုက်တာအနေနဲ့ “Avatar: The Last Airbender and Voltron” ကို ရိုက်ကူးသူ Joaquim Dos Santos က တာဝန်ယူရိုက်ကူးမယ်လို့ ထင်ကြေးပေးခံနေရပါတယ်။

အမျိုးသမီး ဇာတ်ကောင်ဖြစ်တဲ့ Spider-Gwen ရဲ့ Solo ရုပ်ရှင်လည်း ထွက်လာဖို့ ရှိပြီး ထုတ်လုပ်သူတယောက်ဖြစ်တဲ့ Phil Lord ရဲ့ ပြောကြားချက်အရ အခြား Spiderman တွေရဲ့ အကြောင်းတွေကိုလည်း တဖြည်းဖြည်း မိတ်ဆက်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

“ကျနော်တို့ အနေနဲ့ ပိုမိုကျယ်ပြန့်တဲ့ Spiderman Universe ကြီးထဲကို ခင်ဗျားတို့ကို ခေါ်ဆောင်သွားဖို့ အစီအစဉ် ရှိပါတယ်။ ဇာတ်ကောင်တခုချင်းစီရဲ့ အကြောင်းကို ပိုပြီး ဖော်ပြသွားဖို့ရှိတယ်”လို့ Comicbook က ပြုလုပ်တဲ့ အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။

Ref. comicbook

You May Also Like This Story: 

ပင့်ကူလူသား အသစ်တွေကို မိတ်ဆက်ခဲ့တဲ့ “Spider-Man: Into the Spider-Verse”

အသစ်ထွက်လာမယ့် ‘Spider-Man’ ရုပ်ရှင်မှာ ဗီလိန်အဖြစ် ပါဝင်ထားတဲ့ Jake Gyllenhaal

ပင့်ကူလူသားရဲ့ ရန်သူတော်ကြီး ‘Morbius’ အဖြစ် သရုပ်ဆောင်မယ့် မင်းသား Jared Leto

Did you find apk for android? You can find new Free Android Games and apps.
Loading