နာမည်ကျော် K-pop အမျိုးသားအဆိုတော်အဖွဲ့ SEVENTEEN ကြောင့် လေယာဉ်ထွက်ချိန် နှောင့်နှေးကြန့်ကြာခဲ့တာနဲ့ ပတ်သက်ပြီး အဖွဲ့ရဲ့ အေဂျင်စီဖြစ်တဲ့ Pledis Entertainment က တရားဝင်ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။
အခု သီတင်းပတ် အစောပိုင်းတုန်းက SEVENTEEN အဖွဲ့ဟာ ကိုရီးယားကို ပြန်လာမယ့် လေယာဉ်ချိန်ကို နောက်ကျအောင် ပြုလုပ်ခဲ့တယ်လို့ဆိုတဲ့ အွန်လိုင်းပေါ်က တိုင်ကြားချက်တခုနဲ့ ပတ်သက်လို့ သတင်းဌာနတချို့ရဲ့ ပြောကြားချက်ကို အေဂျင်စီက တုံ့ပြန်ပြောဆိုခဲ့ပါတယ်။
ဆိုရှယ်မီဒီယာပေါ်မှာ တင်ထားခဲ့တဲ့ အဲဒီ တိုင်ကြားချက်အရ ဇွန်လ ၁၇ ရက်နေ့တုန်းက ဂျပန်ကနေ ကိုရီးယားကို ပျံသန်းမယ့် လေယာဉ်ခရီးစဉ်မှာ ပါတဲ့ ခရီးသည် တဦးက “ကျနော်ဟာ အဖွဲ့တခု (SEVENTEEN) နဲ့အတူ လေယာဉ်ပေါ်မှာ အိုကီနာဝါကနေ ကိုရီးယားကို လာခဲ့ပါတယ်။ သူတို့တွေကြောင့် အချိန်တနာရီလောက် လေယာဉ်ခရီးချိန် နှောင့်နှေးခဲ့ရပါတယ်။ လေယာဉ်ပေါ် မရောက်သေးတဲ့ ခရီးသည်တွေ ရှိတဲ့အကြောင်း ကြေညာခဲ့ပြီး ကျနော်တို့ကို စောင့်ခိုင်းခဲ့ပါတယ်။ အဲဒီ အဖွဲ့ဟာနောက်ကျမှ ရောက်လာခဲ့ပြီးတော့ သူတို့ရဲ့မျက်နှာကို ဖုံးကွယ်ထားပြီး အထက်တန်းဆီကို ဦးတည်သွားခဲ့ပါတယ်”လို့ ရေးသားထားပါတယ်။
Pledis အင်တာတိန်းမန့်က ကိုယ်စားလှယ်တဦးက အဲဒီ တိုင်ကြားချက်ကို တောင်းပန်ခဲ့ပြီးတော့ လေယာဉ်ချိန် နောက်ကျမှ ထွက်ဖြစ်ခဲ့ရတဲ့ ကိစ္စနောက်ကွယ်က အခြေအနေကို ရှင်းပြခဲ့ပါတယ်။
အဲ့ဒီကိုယ်စားလှယ်က “SEVENTEEN အဖွဲ့က အချိန်မီ ရောက်လာခဲ့ပြီး Check-in ဝင်ခဲ့ပေမယ့် လေဆိပ်က အဖွဲ့ဝင် တွေကို သူတို့ရဲ့ စာရွက်စာတမ်းကိစ္စနဲ့ ပတ်သက်ဖို့ ခဏ ထိန်းထားခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက ရာသီဥတုကြောင့် လေယာဉ်က မိနစ် ၃၀ နောက်ကျပြီးမှ ထွက်ဖို့ စီစဉ်ထားခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ အဖွဲ့ရဲ့စာရွက်စာတမ်း ကိစ္စတွေကြောင့် ပြဿနာတချို့ ရှိခဲ့တယ်ဆိုတာ အမှန်ပဲဖြစ်ပါတယ်”လို့ ပြောပါတယ်။
အခုလိုမျိုး ထွက်ခွာချိန်နဲ့ ပတ်သက်လို့ တမင် ရည်ရွယ်ထားခဲ့တာ မဟုတ်ခဲ့ပေမယ့်လည်း စာရွက်စာတမ်းကိစ္စတွေကြောင့် လေယာဉ်ထွက်ချိန် နောက်ကျခဲ့တာနဲ့ ပတ်သက်တဲ့ ကိစ္စတွေအတွက် တောင်းပန်ပါကြောင်းလည်း အဲဒီကိုယ်စားလှယ်က ပြောဆိုထားပါတယ်။
Ref:soompi
You may also like these stories:
လပေါ်သွားမယ့် နာဆာ ခရီးစဉ်အတွက် သီချင်းစာရင်းမှာ BTS အဖွဲ့ သီချင်း ၃ ပုဒ် ပါဝင်
ကိုယ့်ကိုယ်ကို အဆုံးစီရင်ဖို့ ကြိုးစားခဲ့မှုအတွက် အဆိုတော် ဂိုဟာရာ တောင်းပန်
ဘူဆန်ဖျော်ဖြေပွဲမှာ ID နဲ့ လက်မှတ် တင်းတင်းကြပ်ကြပ် စစ်ဆေးတာကြောင့် ပရိသတ်အချို့ ဝင်ခွင့်မရ
iKON အဖွဲ့မှ B.I နုတ်ထွက်ခြင်း မပြုရန် အသနားခံ တောင်းဆိုသူ ၅ သိန်းခွဲအထိ ရှိလာ