• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

“တစ်ကျော့နှစ်ကျော့ တေးကိုသီ”သီချင်းက ရသ လုံးဝ ပျက်သွားတာ မဟုတ်ဘူးလို့ ဟေဇယ် ပြော 

by ချစ်ပိုး
21 June 2019
in Entertainment
A A
The Voice Myanmar Season 2 ရဲ့ Finalists ပြိုင်ပွဲဝင် Hazel / ဝေဝေနှင်း / ဧရာဝတီ

The Voice Myanmar Season 2 ရဲ့ Finalists ပြိုင်ပွဲဝင် Hazel / ဝေဝေနှင်း / ဧရာဝတီ

25.8k
VIEWS
Share on FacebookShare on Twitter

The Voice Myanmar Season 2 သီချင်းဆိုပြိုင်ပွဲမှာ ပရိသတ်ရဲ့ အားပေးမှုများစွာ ရရှိခဲ့တဲ့ Finalists ပြိုင်ပွဲဝင် Hazel (ဟေဇယ်) ကတော့ Final ပွဲမှာ သီဆိုခဲ့တဲ့ “တစ်ကျော့နှစ်ကျော့ တေးကိုသီ” သီချင်းကို ပရိသတ်တွေ ကြိုက်ကြတဲ့အတွက် အရမ်းပျော်တယ်လို့ ဧရာဝတီကို ပြောပါတယ်။

“ပြိုင်ပွဲပြီးနောက်ပိုင်းမှာတော့ တောက်လျှောက် မီဒီယာတွေကို ဖြေနေရတယ်။ ဒီသီချင်းလေးကို ပရိသတ်တွေ အရမ်းကြိုက်ကြပြီး အားပေးကြတော့ အရမ်းပျော်နေတာ။ ဟေဇယ် ပေါက်တာ မဟုတ်ပါဘူး။ သီချင်း ပေါက်တာပါ။ သီချင်းက အရင်ကတည်းက တိုင်းချစ်ပြည်ချစ်၊ တိုင်းသိပြည်သိ သီချင်း။ အဲ့ဒါ ခဏ မြုပ်သွားတယ်။ အဲဒါကို ပြန်ဖော်ထုတ်လိုက်တာ ပြန်ပေါက်သွားတဲ့ သီချင်း။ အခု ပြန်ပေါက်တော့ အရမ်းပီတိဖြစ်ရတယ်။ ဒီသီချင်းကိုမျိုးစုံ ဝေဖန်ကြတယ်။ လူတိုင်းက ကိုယ်အတွေးနဲ့ ကိုယ်ပေါ့”

RelatedPosts

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

14 May 2025
12.9k
မြိတ်မြို့

မြိတ်မြို့

11 May 2025
588
ပုဂံ့ကျက်သရေ

ပုဂံ့ကျက်သရေ

10 May 2025
254

“အရင်တုန်းက သားချော့တေးလို့ ထင်တယ်။ ဒီသီချင်းက လူငယ်တွေကို လှုံ့ဆော်တဲ့ သီချင်းအနေနဲ့ ဆိုထားတာ။ သီချင်းက ရသ လုံးဝ ပျက်သွားတာ မဟုတ်ဘူး။ ဟေဇယ် တတ်သလောက်လေးတော့ ကြိုးစားပြီး ဆိုခဲ့တယ်။ ဟေဇယ်ကတော့ သီချင်းကို အရမ်းကြိုက်တယ်။ လူငယ်တွေလည်း အရမ်းကြိုက်တယ်။ လူကြီးတွေလည်း မကြိုက်ဘူးလားဆိုတော့ ကြိုက်တယ်။ ကရုဏာ ဒေါသောပေါ့။ သူတို့ အရမ်းကြိုက်ခဲ့တဲ့ သီချင်း အပြောင်းအလဲ ဖြစ်သွားချိန်မှာ နားထောင်ရတာ ထူးထူးဆန်းဆန်းဖြစ်ပြီး နားမယဉ်သေးတာမျိုးကြောင့်ပါ။ သီချင်းချစ်လို့ ဖြစ်ကြတာပါ”လို့ ဟေဇယ်က ပြောပါတယ်။

အဆိုပါ “တစ်ကျော့နှစ်ကျော့ တေးကိုသီ”သီချင်းကို Tik Tok ဆော့ကြတဲ့အတွက် အရမ်းဝမ်းသာသလို ကိုယ်တိုင်လည်း ဒီသီချင်းကို Tik Tok ဆော့တယ်လို့ ဟေဇယ်က ဆိုပါတယ်။

“ဒီသီချင်းလေးကို Tik Tok တွေ ဆော့ကြတယ်။ အဲ့အတွက် အရမ်း ဝမ်းသာတယ်၊ ပျော်တယ်။ အားလုံးပါးစပ်ဖျားမှာ စွဲနေတဲ့အတွက် ဒါ ဟေဇယ် အောင်မြင်တာ မဟုတ်ပါဘူး။ သီချင်း ပြန်အောင်မြင်တာပါ။ တော်တော်များများက ဆောင့်ပြီး ဆိုတယ်လို့ ပြောကြတယ်။ အမှန်က ကိုယ့်ကိုယ်ကိုယ် Message ပြန်ပေးတာကြောင့် Mood ဝင်သွားတာ။ နင် ပျင်းဦးဟဲ့။ နင် ထတော့ဟဲ့။ အဲ့မှာ မာန်ပါ ထန်သွားတာပေါ့။ ဒီသီချင်းအကြောင်း ပြန်ပြောရရင်ကို ကြက်သီး ထရပါတယ်။ ကိုယ်ဆိုလည်း ဒီသီချင်းလေးကို Tik Tok ဆော့တယ်”လို့ ဟေဇယ်က ဆိုပါတယ်။

ဒီသီချင်းရဲ့ ဖျော်ဖြေမှုပုံစံဟာ အဆိုတော် နီနီခင်ဇော်ရဲ့ ပုံစံ ဖြစ်နေတယ်လို့ ပရိသတ်အချို့က ဝေဖန်ကြတဲ့အပေါ် ဟေဇယ်က ဒီသီချင်းအကုန်လုံးက မနီရဲ့ အိုင်ဒီယာတွေပဲလို့ ပြောပါတယ်။

“မမနီကိုလည်း ဒီသီချင်း မဆိုရဲလို့ ဟေဇယ်က ခဏခဏ သီချင်း ပြောင်းဖို့ပြောတာပေါ့။ မမနီက ဒီသီချင်းလေး ဆိုကြည့်ပါ။ ဒါလေး ကြိုးစားပေးကြည့်ပါ။ လုံးဝ ဆိုလို့ မရတော့ဘူးဆိုမှ ပြောင်းပေးမယ်ပေါ့ဆိုပြီး ပြောတယ်။ ဆိုကြည့်လိုက်ချိန်မှာ အရမ်းကြိုက်သွားတယ်။ ဟေဇယ့်ကို နီနီခင်ဇော်ပုံစံ ဖြစ်နေတယ်ဆိုပြီး ပြောကြတယ်။ ဖြစ်မှာပေါ့ အကုန် မမနီ အိုင်ဒီယာတွေပဲလေ။ ဟေဇယ် အဲ့နေ့တုန်းက သီဆိုရတဲ့ တာဝန်ပဲရှိခဲ့တာ။ မမနီက ဟေဇယ်အတွက် အကုန်လုပ်ပေးထားပြီးသား”

“ဗိုက်ဆာရင် စားဖို့ပါ အကုန်လုပ်ပေးထားတာ။ သီချင်းအကောင်းဆုံး ဆိုပေးရမယ် ဆိုတာပဲ ရှိခဲ့တာ။ မမနီကို မီဖို့ဆိုတာ ဟေဇယ် တော်တော်ကြီးကို ကြိုးစားရမှာ။ အရမ်းလည်း လေးစားတယ်။ ထဲထဲဝင်ဝင် ပိုသိရတဲ့အချိန်မှာ လေးစားမှုက အတိုင်းထက် အလွန်ကို ပိုသွားတယ်။ Single Song အတွက်လည်း မမနီက ဆရာ ဓိရာမိုရ်နဲ့ တိုင်ပင်ပြီး ဆရာက သီချင်း ရေးပေးတယ်။ အဲဒါလေး ထွက်ဖို့ ရှိတယ်။ တလနဲ့ ၂ လ အတွင်းတော့ ထွက်မှာပါ”လို့ ဟေဇယ်က ဆိုပါတယ်။

ဟေဇယ်ဟာ The Voice Myanmar Season 2 ရဲ့ အဆိုပြိုင်ပွဲဝင် တယောက်ဖြစ်ပါတယ်။ The Voice Myanmar Final ပွဲကြီးမှာ “တစ်ကျော့ နှစ်ကျော့ တေးကိုသီ’’ သီချင်းနဲ့ ပရိသတ်အားပေးမှု တစ်ခဲနက် ရရှိခဲ့သူပါ။ ဒါပေမဲ့ သူဟာ Final ပွဲအထိ တက်လှမ်းလာခဲ့ပေမယ့် ပရိသတ် မျှော်လင့်ထားခဲ့သလို Winner ဆုကို မရရှိခဲ့ပါဘူး။

မန္တလေးကနေ လာရောက် ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲဝင်တဦးဖြစ်တဲ့ ဟေဇယ်ဟာ The Voice Myanmar ဝင်မပြိုင်ခင် အိမ်မက်ဆုံရာ(ရာသက်ပန်) မှာလည်း ဝင်ပြိုင်ခဲ့ပါသေးတယ်။ ဟေဇယ်ရဲ့ ပရိသတ်တွေကတော့ ဂီတလမ်းကြောင်းပေါ်မှာ ဟေဇယ့်ကို သီချင်းတွေ ဆက်ဆိုစေချင်တယ်လို့ ဆိုပါတယ်။

You may also like these stories:

အနုပညာအလုပ်တွေ ဆက်လုပ်မှာမို့ ပရိသတ်တွေ စိတ်အေးအေးထားကြဖို့ Paul Austin ပြော

ဝေဖန်မှုတွေ ကြားထဲက The Voice Myanmar Season 2 ရဲ့ Winner ဖြစ်ခဲ့တဲ့ Novem Htoo

“ပရိသတ်တွေ ဦးနှောက်နဲ့ နှလုံးသား နှစ်ခု ချိတ်ဆက်ပြီး Vote ပေးကြပါ”လို့ ရန်ရန်ချန်း ပြော

“The Voice Myanmar Season 2 က ကြည့်လို့ကောင်းမယ့် အစီအစဉ်ပါ”

Your Thoughts …
Tags: HazelThe Voice Myanmar Season 2
ချစ်ပိုး

ချစ်ပိုး

ဧရာဝတီ

Similar Picks:

The Voice Myanmar Season 2 ရဲ့ Winner Novem Htoo  / The Voice Myanmar Facebook Page

ဝေဖန်မှုတွေ ကြားထဲက The Voice Myanmar Season 2 ရဲ့ Winner ဖြစ်ခဲ့တဲ့ Novem Htoo

by ယုဖြူဟန်
17 June 2019
11.9k

Novem Htoo ဆုရရှိခဲ့တဲ့အပေါ် ဂီတလမ်းအသစ်ကို ဖောက်ချင်တဲ့ လူငယ်အများစုကတော့ ဝမ်းသာအားရနဲ့ ကြိုဆိုလျက် ရှိကြပြီး တဖက်မှာလည်း ဝေဖန်မှုများ ရှိနေပါတယ်။

The Voice Myanmar Season 2 Winner ဆုရှင် Novem Htoo  / ဝေဝေနှင်း / ဧရာဝတီ

The Voice Myanmar Season 2 ရဲ့ Winner ဆုရှင် Novem Htoo နဲ့ တွေ့ဆုံခြင်း

by ယုဖြူဟန်
30 June 2019
4.1k

အပြင်ကလူတွေ Bad Comment ပေးတာကတော့ ကျနော့် ဦးနှောက်ထဲလည်း မရှိဘူး။ ဂရုလည်း မစိုက်ဘူး။ အဲ့ထဲက လူနည်းနည်းလေး ကြိုက်ရင်လည်း ရတယ်၊ မကြိုက်လည်း ကိစ္စ မရှိဘူး။

အဆိုတော် နိုဗန်ထူး / ချစ်ပိုး / ဧရာဝတီ

လည်ချောင်းနဲ့ ပတ်သက်ပြီး ကျန်းမာရေး မကောင်းတာကြောင့် သီချင်းဆို နားထားတဲ့ နိုဗန်ထူး

by ချစ်ပိုး
30 October 2019
17k

ကျနော့်မှာ သီချင်း သိပ်မရှိတော့ ရှိုးပွဲတွေလည်း သိပ်မဆို ဖြစ်တာ။ ကျနော်က သူများသီချင်းဆိုဖို့တော့ စိတ်မဝင်စားဘူး။

အဆိုတော် ကျားပေါက်  / The Voice Myanmar Facebook Page

“Artist to Artist Respect ရှိစေချင်တယ်”လို့ ပြောတဲ့ ကျားပေါက်

by ယုဖြူဟန်
30 June 2019
4.9k

“အဓိက ကျနော် ဝင်ပြောရခြင်း အကြောင်းက လူကြီးက လူငယ်ကို ဘယ်လိုဖြစ်လို့၊ လူငယ်တွေက ဘယ်လိုဖြစ်လို့ အဲဒါတွေကို ကျနော် စိတ်မဝင်စားဘူး။ လူတွေကို Positive ဖြစ်စေချင်တယ်။

အဆိုတော်ကျားပေါက် / Han Htue Lwin's Facebook

“The Voice Myanmar Season 2 က ကြည့်လို့ကောင်းမယ့် အစီအစဉ်ပါ”

by ချစ်ပိုး
25 January 2019
15.9k

"အပြောခံရတာလည်း ဘယ်လိုမှမနေဘူး။ စိတ်လည်း မဆိုးဘူး။ ကိုယ့်ဆုံးဖြတ်ကြောင့် တယောက်ထိခိုက် မှာတို့ ဆက်လျှောက်ဖို့ ခက်သွားတာတို့ဖြစ်မှာတော့ ကြောက်တယ်။

The Voice Myanmar Season 2 ရဲ့ Top 2 ပြိုင်ပွဲဝင် Paul Austin / The Voice Myanmar Facebook Page

အနုပညာအလုပ်တွေ ဆက်လုပ်မှာမို့ ပရိသတ်တွေ စိတ်အေးအေးထားကြဖို့ Paul Austin ပြော 

by ချစ်ပိုး
17 June 2019
10.3k

"ပရိသတ်တွေကလည်း တာဝန်ကျေတယ်လို့ ယုံကြည်ပေးမယ်လို့ ထင်ပါတယ်။ ကိုRဇာနည်ကတော့ နောက်ပိုင်း သီချင်းတွေ လုပ်ရင် လိုအပ်တဲ့ အကူအညီ တောင်းဖို့တွေ၊ ရှိုးတွေ အတူတူ ဆိုဖြစ်မယ် ထင်တယ်။

Next Post
UAB Bank အမှတ်တံဆိပ် / UAB / Facebook

UAB ဘဏ်ခွဲ တာဝန်ခံတဦးက ဘဏ်မှ ကျပ်သိန်း ၈၀၀၀ ကျော် လိမ်လည် ထုတ်ယူမှုဖြစ်ပွား

သရုပ်ဆောင် တိုင်ရွန် / Tyron Bejay's Facebook

"ယုန်လေးက ပရိသတ်နဲ့ တသားတည်းရှိတဲ့ ဒါရိုက်တာပါ"လို့ တိုင်ရွန် ပြော

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7k
တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

2 days ago
6.5k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate