Entertainment

"ယုန်လေးက ပရိသတ်နဲ့ တသားတည်းရှိတဲ့ ဒါရိုက်တာပါ"လို့ တိုင်ရွန် ပြော

Want create site? Find Free WordPress Themes and plugins.

“သတိ အန္တရာယ်ရှိသည်” ရုပ်ရှင်မှာ ဗီလိန်အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ တိုင်ရွန်က အဆိုတော် ယုန်လေးကို ပရိသတ်နဲ့ တသားတည်းရှိတဲ့ ဒါရိုက်တာ တယောက်လို့ မြင်မိတယ်လို့ ဆိုပါတယ်။

“ကျနော် သတိအန္တရာယ်ရှိသည် ဇာတ်ကားမှာ ကျနော်တို့ မိသားစုလိုပဲ အားလုံး တက်ညီလက်ညီနဲ့ ကြိုးစားထားကြတာပါ။ ဘယ်သူက မင်းသားဖြစ်တယ်၊ ဘယ်သူက မင်းသား မဖြစ်ဘူးဆိုတာ မရှိဘူး။ အမှတ်တရကတော့ အများကြီးပါပဲ။ မနက် ၁၀ နာရီကနေ နောက်နေ့ မနက် ၁၀ နာရီလောက်ထိ ရိုက်ကြရတယ်”

“ကိုယုန်လေးက လူငယ်ထဲက လူငယ်တယောက် ဖြစ်တဲ့အတွက် လူငယ်တွေ ဘာကြိုက်တယ်ဆိုတာကို သူသိတယ်။ သူက ပရိသတ်ကို အထူးအဆန်းတွေ ချပြချင်တာ။ သူလုပ်တဲ့အရာတွေက ဆင်ဆာမိနေတာ များတယ်။ အဲ့ဆင်ဆာ မိတာကိုပဲ ကျနော်တို့ လူငယ်တွေက ကြည့်ချင်တာ၊ သိချင်တာ။ လူငယ် ဒါရိုက်တာတွေ အများကြီး လိုအပ်သလို ကိုယုန်လေးကလည်း ပရိသတ်နဲ့ တသားတည်းရှိတဲ့ ဒါရိုက်တာ တယောက်လို့ မြင်ပါတယ်”လို့ တိုင်ရွန်က ပြောပါတယ်။

မင်းသားဖြစ်ဖို့ထက် သရုပ်ဆောင်ကောင်း ဖြစ်ချင်တဲ့တိုင်ရွန်က သရုပ်ဆောင်အသစ် ဖြစ်တာကြောင့် သရုပ်ဆောင် ကောင်းတယ်ဆိုတာကိုပဲ ချပြချင်တယ်လို့ ဆိုပါတယ်။

“အသစ်တစ်ယောက်က ဘာလို့ ဒီကားထဲ ဘာလို့ ဗီလိန် လုပ်တာလဲလို့ မေးကြတယ်။ ကျနော် ဘာပြန်ပြောရမလဲ၊ ကျနော် ဝါသနာပါတဲ့ အနုပညာကို အကောင်းဆုံး သရုပ်ဖော်ရုံ သက်သက်ပါ။ ကျနော်တို့က သရုပ်ဆောင်အသစ် ဖြစ်တာကြောင့် သရုပ်ဆောင် ကောင်းတယ်ဆိုတာကိုပဲ ချပြချင်တာပါ။ ကျရာနေရာမှာ သရုပ်ဆောင်ကောင်း ဖြစ်ချင်တာပါ။ မင်းသား ဖြစ်ဖို့ထက် သရုပ်ဆောင်ကောင်းဖြစ်ချင်တာပါ”

“မင်းသားစွဲကြီးနဲ့ အားပေးတာမျိုး မဖြစ်ချင်ဘူး။ အပြင်မှာတော့ချစ်ဖို့ ကောင်းပါတယ်နော်။ အများကြီး အားပေးလို့ ကျေးဇူးတင်ပါတယ်ဗျာ။ လက်တလောမှာတော့ ခရီးသွားကောက်ကြောင်း ပြီးလို့ အခု ‘ငါတို့သည်’ ဆိုတဲ့ ကားလေးရိုက်ဖို့ လက်ခံထားပါတယ်။ ဒီလထဲမှာ စရိုက်မှာပါ။ ဒါရိုက်တာက စတီးလ်ပါ”လို့ တိုင်ရွန်က ပြောပါတယ်။

မော်ဒယ်လောကမှာ ပရိသတ်အားပေးမှု ရရှိထားတဲ့ တိုင်ရွန်ဟာ သရုပ်ဆောင်ဘက်မှာလည်း အောင်မြင်တဲ့သူ ဖြစ်အောင် ကြိုးစားနေပြီး သူ့အနေနဲ့ ရုပ်သံ ဇာတ်လမ်းတွဲတွေသာမက ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ ပါဝင်သရုပ်ဆောင် နေတာ တွေ့ရပါတယ်။

တိုင်ရွန် ပါဝင်သရုပ်ဆောင်ထားတဲ့ “သတိ အန္တရာယ်ရှိသည်” ရုပ်ရှင်ကိုတော့ ဇွန်လ ၂၀ ရက်နေ့က စပြီး မြန်မာတနိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့် ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသနေပြီ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို အဆိုတော် ယုန်လေး ကိုယ်တိုင် ဒါရိုက်တာအဖြစ် ပုံဖော်ရိုက်ကူးထားတာဖြစ်ပြီး သရုပ်ဆောင် မြင့်မြတ်၊ ယုန်လေး၊ K ညီ၊ အောင်လေး၊ တိုင်ရွန်၊ ဘိုချမ်းနဲ့ ခင်ဝင့်ဝါတို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

You may also like these stories:

“အနုပညာကို ဘောင်ခတ် မထားဘူး၊ သရုပ်ဆောင်လည်း လုပ်ချင်တယ်”လို့ ပြောတဲ့ ထက်ယံ

နေခြည်ဦးနဲ့အတူ ရုပ်ရုင်ရိုက်မယ့် မော်ဒယ် တိုင်ရွန်

“Old Gangster” ရုပ်ရှင်အတွက် တက်တူးတွေ ထပ်ဖြည့်နေတဲ့ တိုင်ရွန်

Did you find apk for android? You can find new Free Android Games and apps.
Loading