Entertainment

“သရုပ်ဆောင်လုပ်ဖို့ ကမ်းလှမ်းလာရင်လည်း လုပ်ဖို့အစီအစဉ်ရှိတယ်” လို့ Paul Austin ပြော

Want create site? Find Free WordPress Themes and plugins.

The Voice Myanmar Season 2 ပြိုင်ပွဲကနေတဆင့် ပရိသတ်အားပေးမှုအများကြီးရရှိခဲ့တဲ့ ပြိုင်ပွဲဝင် Paul Austin က Winner မဖြစ်ခဲ့ပေမယ့် အားပေးတဲ့ ပရိသတ်တွေကြောင့် Winner ဖြစ်သလိုခံစားရတယ်လို့ ဆိုပါတယ်။

“ ကျနော် Winner မရပေမယ့် Top2 ထိရောက်တယ်ပေါ့။ Winner ဆိုတာလည်း ဘုရားပေးမှရမှာလေ။ ကိုနိုဗန်အတွက် လည်း အရမ်းပျော်တယ်။ ကျနော့်အတွက်လည်း ကျနော်အရမ်းပျော်တယ်။ ကျနော့် Fanတွေကတော့ ကျနော် ဝမ်းနည်း တာထက်တော့ ဝမ်းနည်းကြပါတယ်”

“ကျနော်ကတော့ Winner မရဘူးဆိုတော့ အရမ်းကြီးခံစားချက် မဖြစ်ဘူး။ ကျနော့်ကို အားပေးတဲ့ ပရိသတ်တွေ အားပေးတဲ့သူတွေ အများကြီးရှိတာနဲ့တင် ကျနော် Winner ဖြစ်နေပါပြီ၊ ကျနော် Top2ရတာလည်း ကျေနပ်တယ်။ ဘုရားကလည်း အနုပညာလောကထဲမှာ လုပ်နိုင်မယ့် အခွင့်ပေးမယ်လို့ မျှော်လင့်ပါတယ်။ ကျနော့်ရဲ့ ပရိသတ်အားကိုလည်း ယုံကြည်ပါတယ်”လို့ ပြိုင်ပွဲဝင် Paul Austin က ဆိုပါတယ်။

ထိုင်းနိုင်ငံကို မပြန်တော့ဘဲ မြန်မာနိုင်ငံမှာပဲ အနုပညာအလုပ်တွေ လုပ်မယ့် Paul Austin က သရုပ်ဆောင် ဘက်ပိုင်း ကမ်းလှမ်းလာရင်လည်း လုပ်ကိုင်သွားမယ်လို့ ဆိုပါတယ်။

“ကျနော်က မြန်မာပြည်မှာပဲနေမှာပါ။ အဖေရှိသေးတော့ အဖေဆီရယ် သူငယ်ချင်းတွေဆီတော့ အလည်သွားမယ်။ အခုက ဟိုကနေ အလုပ်ထွက်လာခဲ့ပြီဆိုတော့ အနုပညာအလုပ် ထဲကို တစိုက်မတ်မတ်သွားဖို့ ဆုံးဖြတ်ထားပါတယ်။ မြန်မာပြည် မှာရှိတဲ့ ကျနော့် ပရိသတ်တွေအားလုံးလည်း ကျနော့်ကို လက်ခံမယ်လို့ ယုံကြည်ပါတယ်”

“ ကျနော်ငယ်ငယ်ကတည်းကပြုံးတာ အမြဲတမ်းပြုံးနေပါ့မယ်။ ကျနော်ပြုံးနေတာကိုလည်း ကျနော့်ပရိသတ်တွေက ကြိုက်ကြတယ်။ ရှေ့ဆက်ပြီး အနုပညာအလုပ်တွေလုပ်မယ်”

“ ကျနော့်ကို မိန်းကလေးပရိသတ်တွေ အရမ်းအားပေးကြလို့ အရမ်းဝမ်းသာပါတယ်။ မင်းသားလုပ်ဖို့ ကမ်းလှမ်း လာရင်လည်း ကျနော်လုပ်ပါမယ်။ သရုပ်ဆောင်တာတွေလည်း စိတ်ဝင်စားပါတယ်။ သီချင်းဆိုတာလည်း စိတ်ဝင်စားပါတယ်။ သရုပ်ဆောင်လုပ်ဖို့ကတော့ အများကြီးသင်ယူရပါဦးမယ်” လို့ Paul Austin က ဆိုပါတယ်။

Paul က ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတာဖြစ်ပြီး The Voice Thailand မှာလည်း သီချင်းဆိုတာ ပြိုင်ပွဲဝင်ခဲ့ဖူးတယ်လို့ သိရပါတယ်။ ဘာသာစကားအခက်အခဲကြောင့် ထိပ်ဆုံးထိ မရောက်ခဲ့နိုင်ဘူးလို့ ဆိုပါတယ်။

You May Also Like This Story:

အနုပညာအလုပ်တွေ ဆက်လုပ်မှာမို့ ပရိသတ်တွေ စိတ်အေးအေးထားကြဖို့ Paul Austin ပြော 

Did you find apk for android? You can find new Free Android Games and apps.
Loading