ပရိသတ်အားပေးမှုကို အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင်မင်းမော်ကွန်းက ဇာတ်ကားရိုက်နားနေချိန်မှာ ခန္ဓာကိုယ်ကျန်းမာရေးအတွက် Gym ကစားဖြစ်နေတယ်လို့ ဆိုပါတယ်။
“လတ်တလောတော့ အနုပညာလုပ်ငန်းတွေ နားပြီးတော့ Gym တွေ ကောင်းကောင်းကစားဖြစ်တယ်။ စာအုပ်တွေ ဖတ်ဖြစ်တယ်။ ရုပ်ရှင်တွေကြည့်ဖြစ်တယ်။ Gym ကစား ဖြစ်တာက ဇာတ်ကားရိုက်ကူးဖို့ အတွက်တော့ ကျန်းမာရေး အတွက်ရော အတွက်ပါ။ အဓိကက ဗိုက်ချနေတယ်။ ကာရိုက်တာအတွက် မဟုတ်ပါဘူး။ နားနေတုန်းကိုယ်လုပ်စရာ ရှိတာတွေ လုပ်တဲ့ သဘောပါ”
“ကားရိုက်ပါးတဲ့အချိန် မိသားစုနဲ့ တူတူနေတယ်။ ကားရိုက်တွေနဲ့ အလုပ်ရှုပ်နေတုန်းက မလုပ်ဖြစ်တာတွေ အကုန်လုပ်ဖြစ်ပါတယ်။ ကျနော်ရိုက်ထားတာတွေ အများကြီးပဲရုံတင်ဖို့ စောင့်နေတုန်းပါပဲ။ ၂၀၁၉ထဲမှာ Rose Rider ကားကို ရုံတင်ဖို့ကြိုးစားနေပါတယ်။ အငြိမ့်ပွဲလေးတွေလည်းရှိပါသေးတယ်” လို့ သရုပ်ဆောင် မင်းမော်ကွန်းလို့ ဆိုပါတယ်။
အနုပညာဝါသနာပါတဲ့ သားသမီးတွေကိုလည်း အနုပညာလုပ်ခွင့်ပေးထားပြီး ဖခင်တယောက်အနေနဲ့တော့ ပညာရေးဘက်ကို ပိုအားပေးတယ်လို့ ဆိုပါတယ်။
“သားငယ်လေးကတော့ အနုပညာကို အရမ်းဝါသနာကြီးတယ်ပြောရမယ်။ ရုပ်ရှင်တွေ အကုန်လုံးလည်းကြည့်တယ်။ သီချင်းတွေဆိုလည်း အကုန်းလုံး ကြိုက်တယ်။ အကုန်နားထောင်တယ်။ အိုက်တင်တွေလည်း လုပ်တတ်တယ်။ သားသမီးတွေကို အနုပညာလုပ်ချင်ရင် ခွင့်ပြုပါတယ်။ အငယ်လေးကိုလည်း ပညာရေးလုပ်စေချင်သေးတယ်။ ကျနော်နဲ့ ဂီတရုပ်ရှင် ဝါသနာပါတာချင်းတူတယ်”
“ သူတို့လေးတွေလုပ်ချင်တာကိုတော့ ပံ့ပိုးပေးပါတယ်။ ကလေးတွေကို ပညာသင်ပေးမယ်။ လိမ္မာရေးခြားရှိအောင် သွန်သင်ဆုံးမမယ်။ ကျန်တာကိုတော့ သူတို့ရွေးချယ်မှုကို ဘေးကနေ ပံ့ပိုးပေးမှာပါ။ ကျနော်ကတော့ ပညာရေး ပိုအားပေးပါတယ်။ ကျနော်တို့အနေနဲ့က သူတို့ကို ပညာတော့ တတ်စေချင်တယ်။ ကျနော်ကို ချစ်ခဲ့ပေးသလို ကျနော့်သားသမီးကို ဆက်ချစ်ပေးလို့ ကျေးဇူးတင်ပါတယ်”လို့ မင်းမော်ကွန်းလို့ ဆိုပါတယ်။
You May Also Like These Stories:
“သရုပ်ဆောင်လုပ်ဖို့ ကမ်းလှမ်းလာရင်လည်း လုပ်ဖို့အစီအစဉ်ရှိတယ်” လို့ Paul Austin ပြော
“ယုန်လေးက ပရိသတ်နဲ့ တသားတည်းရှိတဲ့ ဒါရိုက်တာပါ”လို့ တိုင်ရွန် ပြော
အတည်အတံ့၊ အငြိမ်ဇာတ်ရုပ်တွေလည်း သရုပ်ဆောင်ချင်တဲ့ အေးမြတ်သူ