ကိုရီးယားနိုင်ငံရဲ့ ထိတ်ထိတ်ကြဲ မင်းသားတွေကို ပါရီမြို့မှာ တစုတဝေးတည်း တွေ့လိုက်ရတာပါ။ ဇွန် ၁၈ ရက်က နေ ၂၃ ရက်ထိ ကျင်းပတဲ့ Paris Men’s Fashion Week မှာ နိုင်ငံတကာက နာမည်ကျော်တွေတက်ရောက်ခဲ့ကြသလို ကိုရီးယားနိုင်ငံရဲ့နာမည်ကြီး မင်းသား ဂေါင်ယိုး၊ လီမင်ဟိုနဲ့ ကင်ဂျေးဝုခ် တို့လည်း ပါဝင်ခဲ့ပါတယ်။
၃ ယောက်လုံး တပွဲတည်း အတူတူရှိခဲ့တာ မဟုတ်ဘဲ မင်းသား ဂေါင်ယိုးက Place Daupine မှာ ကျင်းပတဲ့ LV’s Spring 2020 အမျိုးသားဝတ်ရှိုးပွဲကို တက်ရောက်ခဲ့ပါတယ်။ ဒီပွဲမှာ WINNER အဖွဲ့က မင်ဟို မော်ဒယ် အဖြစ် လျှောက်ခဲ့တဲ့ပွဲလည်း ဖြစ်ပါတယ်။
မင်းသား ဂေါင်ယိုးကတော့ ပွဲကို LV’s Fall 2019 Collection တခုဖြစ်တဲ့ အပေါ်အောက် အမည်းရောင် ဝမ်းဆက်နဲ့ ဖက်ရှင်ကျကျ တက်ရောက်ခဲ့ပြီး ဒါဟာ ဂေါင်ယိုးအတွက် LV ပွဲကို ဒုတိယအကြိမ်မြောက် ရောက်လာခဲ့တာပါ။ ပထမဆုံးအကြိမ်ကတော့ ၂၀၁၇ ခုနှစ်က LV’s Spring 2018 ပွဲကို တက်ရောက်ဖူးပါတယ်။ မင်းသားဟာ LV artistic Director Virgil Abloh နဲ့လည်း ပွဲမှာ တွေ့ဆုံခဲ့ကြပါတယ်။
မကြာခင်ကပဲ စစ်မှုထမ်းတာဝန်ပြီးဆုံးခဲ့တဲ့ မင်းသား လီမင်ဟိုကတော့ ဇွန် ၂၁ရက်နေ့က Luxembourg Gardens မှာ ကျင်းပခဲ့တဲ့ Berluti’s Summer 2020 ပွဲကို တက်ရောက်ခဲ့တာပါ။ ပြင်သစ်နိုင်ငံက ပရိသတ်တွေက ဇွန် ၂၂ ရက်မှာ ကျရောက်တဲ့ လီမင်ဟိုရဲ့မွေးနေ့အတွက် မွေးနေ့ဆုတောင်းသီချင်းကို သီဆိုပေးခဲ့ကြပါတယ်။ ဒီပွဲမှာ လီမင်ဟိုက Marble ရှပ်ကို Scritto Suit နဲ့တွဲဝတ်ကာ အပေါ်ကနေ Leather Coat နဲ့ စတိုင်ကျကျ ပွဲတက်ခဲ့ပါ တယ်။
ဒီပွဲမှာ နောက်ထပ်နာမည်ကြီးအနုပညာရှင်တွေဖြစ်တဲ့ Ricky Martin, Eddie Peng, Joe Jonas နဲ့ Carmelo Anthony တို့လည်း တက်ရောက်ခဲ့ပါတယ်။
Her Private Life ဇာတ်ကားနဲ့ ပရိသတ်တွေ သဘောကျနှစ်သက်ခဲ့တဲ့ မင်းသား ကင်ဂျေးဝုခ်ကတော့ သူ့ပုံစံ အတိုင်း မီးခိုးရောင် Suit နဲ့ ဇွန် ၂၃ ရက်ကကျင်းပတဲ့ Dunhill’s Spring 2020 ပွဲကို တက်ရောက်ခဲ့တာပါ။ စင် နောက်ဘက်မှာ လည်း Creative Director Mark Weston နဲ့ တွေ့ဆုံခဲ့ကြပါသေးတယ်။
ပွဲမတိုင်ခင် ပါရီမြို့ထဲ လျှောက်လည်တုန်းကတော့ Classic Shirt နဲ့ Pants ကို Field Jacket တွဲဝတ်ဆင်ထားတဲ့ ဒီဇိုင်းကလည်း လူအများကြား ထင်ရှားတောက်ပခဲ့ပါတယ်။
Ref: Soompi
You may also like these stories:
ထူးခြားဆန်းကြယ် ဒရာမာမှာ လီမင်ဟိုနဲ့ အတူ ပါဝင်လာမယ့် မင်းသမီး ကင်ဂိုအွန်း
စစ်မှုထမ်းပြီးနောက် ပထမဆုံး ဒရာမာစီးရီး ပြန်ရိုက်မယ့် မင်းသား လီမင်ဟို
“Goblin” စီးရီး Season 2 မှာ ပါဝင်ချင်တယ်လို့ မင်းသား ဂေါင်ယိုး ဆို
စစ်မှုထမ်းတာဝန်တွေ ပြီးဆုံးသွားပြီ ဖြစ်တဲ့ မင်းသား လီမင်ဟို