မကြာခင် ရုံတင်ပြသတော့မယ့် “The Divine Fury” ဆိုတဲ့ သည်းထိတ်ရင်ဖို ရုပ်ရှင်မှာ နာမည်ကျော် ကိုရီးယားမင်းသား Park Seo Joon ကို ပုံစံနှစ်မျိုးနဲ့ တွေ့ရမှာ ဖြစ်ပါတယ်။ ပရိသတ်တွေ စိတ်ဝင်စားနေကြတဲ့ အဲဒီ ရုပ်ရှင်မှာ မင်းသား Park ဟာ သူ့ရဲ့လက်ဖဝါးမှာ ပြန်ရှင်းပြလို့ မရတဲ့ ဒဏ်ရာတွေ ရုတ်တရက် ရရှိခဲ့တဲ့ ချန်ပီယံဖိုက်တာ Yong Hoo အဖြစ် သရုပ်ဆောင်ထားပါတယ်။
အဲဒီနောက် လူသားတွေရဲ့ ကမ္ဘာမှာ ဖျက်ဆီးမှုတွေလုပ်ဆောင်မယ့် အင်အားကြီး မကောင်းဆိုးရွားတွေကို ရင်ဆိုင်တိုက်ခိုက်ရမယ့် ဗာတီကန်က အပနှင်သူ တဦးဖြစ်တဲ့ ဖာသာအန်နဲ့ မမျှော်လင့်ဘဲ ပူးပေါင်းလိုက်ရပါတယ်။ အဲ့ဒီနောက် တချိန်က လက်ဝှေ့ဖိုက်တာ တယောက်ဖြစ်ခဲ့ပေမယ့် အပနှင်သူ တယောက်ဖြစ်လာတဲ့အမျိုးသား တယောက်အဖြစ် မင်းသား Park ကို ပီပီပြင်ပြင် မြင်တွေ့ရမှာလည်း ဖြစ်ပါတယ်။
မင်းသား Woo Do Hwan ကတော့ တခြားသူတွေရဲ့ အားနည်းချက်ကို မြင်နိုင်စွမ်းရှိပြီး အခွင့်ကောင်း ယူတတ်သူ ထူးဆန်းတဲ့လူတဦးဖြစ်တဲ့ Ji Shin အဖြစ် ပါဝင်ထားပါတယ်။ လူတွေရဲ့ အတွင်းအထဲက မကောင်းစိတ်ကို နှိုးဆွပေးပြီး ပြင်ပ မိစ္ဆာတွေနဲ့ ပေါင်းစည်းပေးတဲ့ လူတယောက်အဖြစ် မြင်တွေ့ရမှာပါ။
“The Divine Fury” ရုပ်ရှင်ထုတ်လုပ်သူတွေရဲ့ အဆိုအရ မင်းသား Park ဟာ ရုပ်ရှင်ရဲ့ ခက်ခဲပြင်းထန်တဲ့ အက်ရှင်ဇာတ်ဝင်ခန်းတွေရဲ့ စိန်ခေါ်မှုကို ခံခဲ့ရပြီး မင်းသား Woo က ရုပ်ရှင်ထဲက သူ့ရဲ့ သရုပ်ဆောင်ချက်တွေနဲ့အတူ ထူးဆန်းပြီး ယုတ်မာတဲ့ ပုံစံမျိုးကို မြင်တွေ့ရမှာဖြစ်တယ်လို့ သိရပါတယ်။
ရုပ်ရှင်ရိုက်ကူးရေးကိုတော့ ပြီးခဲ့တဲ့နှစ် သြဂုတ်လ ၁၄ ရက်နေ့မှာ စတင်ခဲ့တာဖြစ်ပါတယ်။ အခုရုပ်ရှင်ဟာ ၂၀၁၇ ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ “Midnight Runners” ရုပ်ရှင်မှာ အတူအလုပ်လုပ်ခဲ့ဖူးကြတဲ့ ဒါရိုက်တာ Kim Joo Hwan နဲ့ မင်းသား Park တို့ရဲ့ ပြန်လည်ပေါင်းစည်းမှုလည်း ဖြစ်ပါတယ်။
ဝါရင့်သရုပ်ဆောင် Ahn Sung Ki ကတော့ သူကြုံတွေရတဲ့ သရဲပူးနေတဲ့ ဝိညာဉ်တွေကိုကယ်ဆယ်ဖို့ အသက်ကို စတေးတဲ့ အပနှင်သူ ခရစ်ယာန်ဘုန်းတော်ကြီး ဖာသာအန်အဖြစ် သရုပ်ဆောင်ထားပါတယ်။ မင်းသား Choi Woo Shik ကတော့ အပနှင်တဲ့လုပ်ငန်းမှာ ဖာသာအန်ကို ကူညီပေးတဲ့ လူငယ်ခရစ်ယာန်ဘုန်းတော်ကြီး ဖာသာချွဲအဖြစ် သရုပ်ဆောင်ထားပါတယ်။
“The Divine Fury” ရုပ်ရှင်ကိုတော့ ဇူလိုင်လ ၃၁ ရက်မှာ ရုံတင်ပြသမှာ ဖြစ်ပါတယ်။
Ref: soompi
You May Also Like These Stories:
၉ နှစ်အတွင်း ပထမဆုံးအကြိမ် အနုပညာခြေလှမ်း ပြန်စဖို့ ပြင်နေတဲ့ မင်းသား ဝန်ဘင်း
“Steel Rain” နောက်ဆက်တွဲရုပ်ရှင်မှာ ပါဝင်ဖို့ ဆွေးနွေးနေတဲ့ ဂျောင်းဝူဆောင်း