Entertainment

ကိုယ်တိုင် အသည်းကွဲနေလို့ အသည်းကွဲသီချင်းမှာ သရုပ်ဆောင်မယ့် မိုင်းမိုင်ဆိုင်း

Myanmar Idol Season 2ရဲ့ ပြိုင်ပွဲဝင်တဦးဖြစ်ခဲ့တဲ့ မိုင်းမိုင်ဆိုင်းကတော့ ပြိုင်ပွဲပြီးတဲ့နောက်မှာတော့ သူ့ရဲ့ တကိုယ်တော်အခွေ ထွက်ရှိထားပြီး မကြာခင်မှာလည်း အသည်းကွဲ သီချင်းတပုဒ်ကို ကိုယ်တိုင် သရုပ်ဆောင်သွားဖို့ ရှိတယ်လို့ ပြောပါတယ်။

“ဒီလကုန်မှာ အသည်းကွဲ သီချင်းတပုဒ် တင်ဖို့ ရှိပါတယ်။ ကိုယ်တိုင် သရုပ်ဆောင်မှာပါ။ တကယ်ကွဲနေတော့ ကိုယ်တိုင် သရုပ်ဆောင်မှာ။ ပထမတော့ တခြားမင်းသမီး ထည့်မလို့ပဲ။ ကိုယ်တိုင် တကယ်ဖြစ်နေတော့ ပီပီပြင်ပြင် လုပ်နိုင်မယ် ထင်တယ်လို့။ မျက်ရည်တွေလည်း ချူစရာ မလိုဘူး။ သူ့ဘာသာ အလိုလိုကျလာမယ် ထင်တယ်” လို့ အဆိုတော် မိုင်းမိုင်ဆိုင်းက ပြောပါတယ်။

ကိုယ်တိုင်လည်း အသည်းကွဲနေတာကြောင့် သရုပ်ဆောင်တဲ့အချိန်မှာ ပိုပြီးပီပြင်နေမှာဖြစ်တဲ့အတွက် မင်းသမီးနဲ့ မရိုက်ဘဲ ကိုယ်တိုင်သရုပ်ဆောင်မှာလို့ သူက ပြောပါတယ်။ မိုင်းမိုင်ဆိုင်းကတော့ သူ့ရဲ့အသည်းကွဲမယ့် အချိန်ကာလက ဘယ်လောက်ထိကြာမလဲဆိုတာကိုတော့ မသိသေးဘဲ ဒီတခါ အသည်းကွဲတာဟာ အရမ်းချစ်ရတဲ့အတွက် ခံစားနေရတယ်လို့ ဆိုပါတယ်။

“အသည်းကွဲတာ ဘယ်လောက်ကြာမလဲတော့ မသိဘူး။ ဒီတခါက တကယ်ချစ်လို့လား မသိဘူး၊ အရမ်းခံစားရတယ်။ ကိုယ့်အမှားကြောင့်ပါ။ သတိပေးခံရတာ ၃ ၊ ၄ ခါလောက် ရှိလာပြီလေ။ ဒီတခါတော့ ခွင့်မလွှတ်နိုင်တော့ဘူးဆိုပြီး ထားခဲ့တာခံရတာ။ အဲ့တော့ ဟက်ကော့ကြီးကျန်ခဲ့တာ” လို့ မိုင်းမိုင်ဆိုင်းက ပြောပါတယ်။

မကြာသေးခင်က ထွက်ရှိထားတဲ့ “ခေတ်သစ်နီတိ” ဆိုတဲ့အခွေကတော့ ယခုနောက်ပိုင်း အွန်လိုင်းခေတ်ဖြစ်တာကြောင့် ပရိသတ်ထံ ရောက်သင့်သလောက် မရောက်ဘူးလို့ မိုင်းမိုင်ဆိုင်းက ဆိုပါတယ်။

“အခွေထွက်ထားတာက အခုက အွန်လိုင်းခေတ်ဆိုတော့ ရောက်တဲ့နေရာက ရောက်တယ်။ မရောက်တဲ့နေရာ မရောက်ဘူး။ ဘယ်လို အခြေအနေရှိလဲဆိုရင် မပြောတတ်ဘူး။ တချို့နေရာတွေမှာ မသိလောက်ဘူးထင်ပေမယ့် သိရင် သိနေတတ်တယ်။ ပေါက်မယ်လို့ ထင်ပေမယ့် မသိဘဲ ဖြစ်နေတတ်တယ်။ နေရာတကာ အခွေက မရောက်ဘူးဆိုတော့ အွန်လိုင်းကနေ တင်သွားဖို့ရှိပါတယ်” လို့ မိုင်းမိုင်ဆိုင်းကပြောပါတယ်။

မိုင်းမိုင်ဆိုင်းကတော့ Myanmar Idol Season 2 မှာ Top 10 Finallists ထိ ပါဝင်ခဲ့တဲ့သူတယောက် ဖြစ်ပြီး ယခုအချိန်မှာလည်း ဂီတကိုရူးသွပ်စွာ လုပ်ကိုင်နေပါတယ်။

You may also like these stories:

ပါးသိုင်းမွေး ရှိတဲ့သူကို ချစ်သူတော်ထားတဲ့ အဆိုတော် မိုင်းမိုင်ဆိုင်း

“ခေတ်သစ်နီတိ” တေးစီးရီးအကြောင်း ပြောပြတဲ့ အဆိုတော် မိုင်းမိုင်ဆိုင်း

Myanmar Idol Season 4 အတွက် အကဲဖြတ်ဒိုင်တွေကို ဘယ်လို ရွေးချယ်ခဲ့သလဲ

Loading