မင်းသမီး ဆောင်းဟေဂိုဟာ ကမ်းလှမ်းထားတဲ့ ဒရာမာ ဇာတ်ကားသစ် “Hyena” မှာ မပါဝင်ဖို့ ဆုံးဖြတ်လိုက်တာဟာ လတ်တလော ခင်ပွန်းသည် ဆောင်းဂျွန်ကီနဲ့ ကွာရှင်းမှု သတင်းတွေကြောင့် မဟုတ်ဘူးလို့ သူ့ရဲ့အေဂျင်စီ UAA (United Artists Agency) က ပြောကြားလိုက်ပါတယ်။
အရင်လက ဇာတ်လမ်းတွဲအသစ်မှာ မင်းသား ဂျူဂျီဟွန်းနဲ့ တွဲဖက်ရိုက်ကူးဖို့ ဆောင်းဟေဂိုကို ကမ်းလှမ်းထားတယ်လို့ “My Love From the Star” ကို ရိုက်ကူးခဲ့တဲ့ Producing Director ဂျန်တေယူးက အတည်ပြုပြောကြားခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒီနေ့မှာ မင်းသမီး ဆောင်းဟေဂိုဘက်က ဇာတ်လမ်းတွဲမှာပါဝင်ဖို့ ငြင်းဆိုတဲ့အကြောင်းကို တရားဝင် ပြောကြားလိုက်ပါတယ်။
အားကစား သတင်းတပုဒ်မှာ ဆောင်းဟေဂိုဟာ အဆိုပါဇာတ်လမ်းတွဲအသစ်မှာပါဝင်ဖို့ စဉ်းစားပြီးကာမှ ရုတ်တရက် စိတ်ပြောင်းသွားပြီး မရိုက်တော့ဖို့ ဆုံးဖြတ်လိုက်တာလို့ ခိုင်လုံမှု မရှိတဲ့ သတင်းအရင်းအမြစ်တွေကို ကိုးကားပြီး ဒီတပတ်အစောပိုင်းက ဖော်ပြခဲ့ပါတယ်။
ဒါပေမဲ့လည်း မင်းသမီးရဲ့ အေဂျင်စီက ဇာတ်လမ်းတွဲ မရိုက်ဖြစ်တော့တဲ့ ဆုံးဖြတ်ချက်ဟာ ခင်ပွန်းသည် ဆောင်းဂျွန်ကီနဲ့ ကွာရှင်းမယ့်ကိစ္စနဲ့ မပတ်သက်ဘူးလို့ ပြန်လည် ဖြေရှင်းခဲ့ပါတယ်။
UAA ရဲ့ CEO ပတ်ဟွန်ဂျန်က “သူ့ (ဆောင်းဟေဂို) အလုပ်နဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေက ဆက်နွှယ်မှု မရှိပါဘူး။ ပြောနေကြတဲ့ Hyena ဒရာမာမှာ ပါဖို့ စကားပြောထားတယ်ဆိုတာလည်း သူ့ကိုကမ်းလှမ်းထားတဲ့ ဇာတ်ကားသစ်တွေထဲက တခုပါပဲ။ အစောပိုင်းတည်းက ဖတ်ကြည့်ပြီး အဆင်မပြေလို့ မရိုက်ဖြစ်တော့တာပါ” လို့ ဆိုပါတယ်။
ဒီနေ့မနက် အစောပိုင်းမှာပဲ မင်းသား ဆောင်းဂျွန်ကီဘက်က ဆောင်းဟေဂိုနဲ့ ကွာရှင်းမယ့်သတင်းကို သူ့ရဲ့ရှေ့နေကတဆင့် တရားဝင်ထုတ်ပြန်ခဲ့သလို မင်းသမီး ဆောင်းဟေဂိုဘက်ကလည်း သဘောထားချင်းမတိုက်ဆိုင်တာကြောင့်လို့ ပြန်လည်ဖြေရှင်းချက် ထုတ်ပြန်ခဲ့ပါတယ်။
ဆောင်းဂျွန်ဂီဘက်ကလည်း ကွာရှင်းမှုကို အေးအေးချမ်းချမ်းနဲ့ အခင်မင်မပျက် လုပ်ဆောင်သွားချင်ပါတယ်လို့ ဆိုသလို၊ ဆောင်းဟေဂို အေဂျင်စီဘက်ကလည်း ကွာရှင်းတဲ့ သတင်းနဲ့ပတ်သက်ပြီး ဆိုးဝါးတဲ့ မှတ်ချက်တွေ မပေးဖို့ မေတ္တာရပ်ခံထားပါတယ်။
အတွင်းသတင်းတွေရ သူတို့နှစ်ဦးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက သူငယ်ချင်းတွေဟာ ကွာရှင်းတဲ့ သတင်းနဲ့ ပတ်သက်ပြီး ရိုင်းရိုင်းဆိုင်းဆိုင်းပြောဆိုသူတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေကြတယ်လို့ သိရပါတယ်။ သူတို့ နှစ်ဦးဟာ ၂၀၁၆ ခုနှစ်က “Descendants of the Sun” ဒရာမာ ရိုက်ကူးရင်း ချစ်ကျွမ်းဝင်ခဲ့ကာ ၂၀၁၇ ခုနှစ်၊ အောက်တို ဘာမှာ လက်ထပ်ခဲ့ကြတာ ဖြစ်ပါတယ်။
Ref: Soompi
You may also like these stories:
ဆောင်းဟေဂိုနဲ့ ကွာရှင်းခွင့်ကို မင်းသား ဆောင်းဂျွန်ကီ လျှောက်ထား
မင်းသားကြီး အာနိုးရဲ့ သမီးနဲ့ လက်ထပ်လိုက်ပြီ ဖြစ်တဲ့ မင်းသား Chris Pratt
ဆောင်းဟေဂိုနဲ့ ပတ်ဘိုဂွန်းတို့ ပါဝင်တဲ့ “Boyfriend” ဇာတ်လမ်းတွဲ နိုဝင်ဘာလတွင် ပြသမည်