ဗြိတိန်တော်ဝင်မင်းသား ဝီလျံ (Prince William) က သူ့ရဲ့ ကလေးတွေ ဂေးဖြစ်နေရင်တောင် ထောက်ခံအားပေးမယ်လို့ ပြောပါတယ်။ ဂေးဖြစ်နေရင် သူတို့ရင်ဆိုင်ရမယ့် ပြဿနာတွေအတွက် စိုးရိမ်ပူပန်စိတ် ရှိတယ်လို့ သူက ထည့်သွင်းပြောကြားခဲ့ပါသေးတယ်။
ဒီကိစ္စဟာ မင်းသား ဝီလျံအနေနဲ့ ဖခင် စဖြစ်ကတည်းက တွေးဖူးတဲ့ကိစ္စ ဖြစ်ကြောင်း သူက ပြောပါတယ်။ “ကျနော်ကိုယ်တိုင်လည်း သာမန် မိသားစု တခုမှာ ကြီးပြင်းချင်ခဲ့တာ။ ကျနော့်မိသားစု အခြေအနေနဲ့ ဆိုရင် တချို့ကိစ္စတွေက် စိုးရိမ်ပူပန်စရာတွေ ရှိတယ်”လို့ မင်းသားက ပြောပါတယ်။
ဒီစကားတွေကို ဗြိတိန်တော်ဝင်မင်းသားဟာ လန်ဒန်မှာရှိတဲ့ LGBT (Lesbian, Gay, Bisexual, Transgender) လူငယ် ရန်ပုံငွေအဖွဲ့အစည်းတခုဖြစ်တဲ့ The Albert Kennedy Trust (AKT) ရဲ့ ဇွန်လ ၂၆ ရက်နေ့မှာ ပြုလုပ်တဲ့ပွဲကို တက်ရောက်စဉ် ပြောခဲ့တာလည်း ဖြစ်ပါတယ်။
”ကျနော့် ကလေးတွေရဲ့ ဆုံးဖြတ်ချက်က ဘာပဲဖြစ်ဖြစ် ကျနော်က ထောက်ခံအားပေးရမှာပါပဲ။ ဒါပေမဲ့ မိဘအနေနဲ့ စိုးရိမ်မှုတွေတော့ ရှိတာပေါ့။ အတားအဆီးတွေ အများကြီးရှိတယ်ဆိုတာ သိကြတယ်မလား။ အမုန်းစကားတွေ၊ စိတ်ဖိစီးမှုတွေကြောင့် ခွဲခြားဆက်ဆံခံရတာတွေကို ကြုံတွေ့နိုင်ပါတယ်။ အဲဒါက တကယ့် ပြဿနာပဲ။ တချို့ကိစ္စတွေက အတိတ်မှာ ထားခဲ့ပြီး ပြန်ဖြစ်မလာဖို့ ကြိုးစားကူညီရမယ့် အရာတွေပါ” လို့ တော်ဝင်မင်းသား ဝီလျံက ပြောပါတယ်။
The Albert Kennedy Trust (AKT) အဖွဲ့ဟာ လန်ဒန်မှာရှိတဲ့ အိမ်ရာမဲ့ LGBT တွေကို စောင့်ရှောက်တဲ့ အဖွဲ့ဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းဟာ မိဘက စွန့်ပစ်ခံရတဲ့ လိင်တူစုံတွဲတွေကို ထောက်ပံ့နေတဲ့ အဖွဲ့ဖြစ်ကြောင်း BBC သတင်းတွေက ဖော်ပြထားပါတယ်။ တော်ဝင်မင်းသားဟာ လိင်တူချစ်သူတွေနဲ့ ပတ်သက်ပြီး ထောက်ခံကြောင်း ပထမဆုံးအကြိမ် ဖွင့်ဟပြောဆိုတာလည်း ဖြစ်ပါတယ်။
Ref. bbc.com
You may also like these stories:
သီချင်းအသစ်နဲ့အတူ LGBTQ တန်းတူညီမျှမှုအတွက် တောင်းဆိုလိုက်တဲ့ Taylor Swift
အာရှရဲ့ ပထမဆုံး တရားဝင် လိင်တူထိမ်းမြားမှုကို ထိုင်ဝမ်နိုင်ငံမှာ ပြုလုပ်
ရှရီးယား ဥပဒေသစ်ကြောင့် ဘရူနိုင်းနိုင်ငံသား LGBT များ ထွက်ပြေးကြ