Entertainment

"LGBT တွေကို ထောက်ခံတယ်"လို့ ပြောတဲ့ အဆိုတော် ရဲရင့်အောင်

Want create site? Find Free WordPress Themes and plugins.

ဂီတပိုင်းမှာ လူငယ် ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားတဲ့ အဆိုတော် ရဲရင့်အောင်က ဇွန်လ ၁၄ ရက်နေ့က ကိုယ့်ကိုယ်ကို သတ်သေသွားတဲ့ မောင်ကျော်ဇင်ဝင်းနဲ့ ပတ်သက်ပြီး စိတ်မကောင်းဖြစ်မိတယ်လို့ ဧရာဝတီကို ပြောပါတယ်။

“အခု အွန်လိုင်းမှာ တက်လာတဲ့ ညီလေး (မောင်ကျော်ဇင်ဝင်း) နာရေးသတင်းလေး ကြားပါတယ်။ ကျနော် တော်တော်လေး စိတ်မကောင်း ဖြစ်ပါတယ်။ ဒါကတော့ စိတ်မကောင်းတဲ့ တပိုင်းပေါ့။ ကျနော်က ငယ်ငယ်ကတည်းက အမေတို့ အလှပြင်တဲ့နေရာ လိုက်သွားရင် မိတ်ကပ်ဆရာတွေ စကားပြောရင် အရမ်းပျော်တယ်။ သူတို့ဆီက စကားတွေ အရမ်းမိုက်တယ်”

“ရှုတင်တွေမှာဆိုရင်လည်း ကျနော်တို့ ခင်တဲ့သူတွေ ရှိတယ်။ သူတို့နဲ့တွေ့ရင် ကျနော် ပျော်တယ်။ သူတို့က အရမ်းမိုက်တယ်။ လွတ်လပ်တယ်။ သူတို့စကားလေးတွေက ဆန်းသစ်တယ်။ ကျနော်ကတော့ သူတို့နဲ့ တွေ့ရင် ပျော်တယ်။ ဒါက ကျနော်ခံယူချက်ပေါ့”

“ဟိုညီလေးလည်း လွယ်လွယ်ကူကူနဲ့ သူများပြောတာကြောင့် မလုပ်သင့်ဘူး ထင်တယ်။ ကျနော်ပြောလေ့ မရှိပါဘူး။ အခုက အရမ်း စိတ်မကောင်းဖြစ်ရတယ်။ တခြားသူတွေလည်း နောက်ဒီလိုမျိုး ဖြစ်လာရင် လုပ်စရာမလိုဘူးလို့ ထင်တယ်။ မလုပ်စေချင်ဘူးလေ ဘယ်သူ့ကိုမှ။ ပြောတဲ့သူတွေလည်း သူတို့ပြောချင်တာ ပြောပါစေလေ။ အရေးကြီးတာက ကိုယ်စိတ်ချမ်းသာပြီး ကိုယ့်ကိုချစ်တဲ့သူတွေ ရှိရင် ပြီးတာပဲ။ ကိုယ့်ကို ချစ်တဲ့သူတယောက် ရှိရင်တောင် ပြီးတာပဲ။ မုန်းတဲ့သူတွေအတွက်နဲ့တော့ အဲ့လို မလုပ်စေချင်ဘူး”လို့ ရဲရင့်အောင်က ပြောပါတယ်။

LGBT (Lesbian, Gay, Bisexual, Transgender) တွေကို ထောက်ခံတဲ့ ရဲရင့်အောင်က ချစ်သူ ကောင်မလေးနဲ့ အိမ်ထောင်ပြုပြီး ကလေးယူခဲ့ရင် ကလေးက လိင်တူကို စိတ်ဝင်စားတဲ့သူဖြစ်ခဲ့ရင် ဘယ်လိုလုပ်မလဲဆိုတဲ့အကြောင်း ပြောဖြစ်ကြတာ ရှိတယ်လို့ ဆိုပါတယ်။

“LGBT တွေကို ထောက်ခံတယ်။ ကျနော်နဲ့ ကျနော့် ကောင်မလေး ဆွေးနွေးဖူးတာ ရှိတယ်။ အနာဂတ်ပေါ့။ ကလေးတွေ မွေးရင် သူက မိန်းကလေးမွေးမယ်။ ကျနော်က ယောကျာ်းလေး မွေးမယ်ပေါ့။ စနောက်ပြောရင်း မတော်တဆ ငါတို့မွေးလာတဲ့ ကလေးရဲ့စိတ်က လိင်တူကို စိတ်ဝင်စားမယ်ဆိုရင် ဘယ်လိုလုပ်မလဲပေါ့”

“သူတို့ ဖြစ်ချင်တာကို ဖြစ်ပါစေပေါ့။ အဓိကက ဘယ်လိုလူပဲဖြစ်ဖြစ် ဘာသာရေးနဲ့ ပြောသလိုပေါ့။ ဘာသာရေးနဲ့ မဆိုင်ဘူး။ လူကောင်းနဲ့ လူဆိုးပဲ ရှိတယ်။ သူ့ဟာသူ သူစိတ်ဝင်စားတာ သူ လုပ်လိမ့်မယ်။ သူ့လမ်းသူ ရွေးလိမ့်မယ်။ အဓိကက လူကောင်းဖြစ်ဖို့ပဲပေါ့။ ကျန်တာ မလိုဘူးလို့ ကျနော် ထင်တယ်ဆိုပြီး ကျနော်တို့ ပြောဖြစ်ကြတယ်”လို့ ရဲရင့်အောင်က ပြောပါတယ်။

ရဲရင့်အောင်ကတော့ လက်ရှိမှာ ဂီတအလုပ်တွေ ဆက်လက် လုပ်ကိုင်နေတာ တွေ့ရပါတယ်။ သူဟာ ဂီတမှာ ထူးချွန်ရုံသာမက သရုပ်ဆောင်ပိုင်းမှာလည်း ပရိသတ် အားပေးမှု ရရှိထားတာကြောင့် ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးထားတာ တွေ့ရပါတယ်။ ရဲရင့်အောင်ရဲ့ ချစ်သူ မော်ဒယ် ဧငြိမ်းဖြူကလည်း သရုပ်ဆောင် အဖြစ် လုပ်ကိုင်နေပါတယ်။

You may also like these stories:

“LGBT တယောက်ဆိုတာ သေချာပြီဆိုရင် စိတ်ဓာတ် ကြံ့ခိုင်ပါ”လို့ ဦးဟန်ဇော်လတ် ပြော

အရှေ့တောင်အာရှ ခရီးသွားဈေးကွက် ချဲ့ထွင်နိုင်ဖို့ LGBT ခရီးသွားလုပ်ငန်းကိုလည်း စဉ်းစားဖို့လို

ကလေးတွေ ဂေးဖြစ်နေရင်တောင် ထောက်ခံအားပေးမယ်လို့ ပြောတဲ့ တော်ဝင်မင်းသား ဝီလျံ

သီချင်းအသစ်နဲ့အတူ LGBTQ တန်းတူညီမျှမှုအတွက် တောင်းဆိုလိုက်တဲ့ Taylor Swift

Did you find apk for android? You can find new Free Android Games and apps.
Loading