Entertainment

စေ့စပ်ထားတဲ့ ချစ်သူနဲ့ လမ်းခွဲလိုက်တဲ့ တရုတ်မင်းသမီး ဖန်ပင်းပင်း

Want create site? Find Free WordPress Themes and plugins.

တရုတ်စူပါစတား မင်းသမီး ဖန်ပင်းပင်းဟာ ပြီးခဲ့တဲ့နှစ်မှာ အခွန်ရှောင်ကိစ္စတွေကြောင့် လူမြင်ကွင်းကနေ ပျောက်ကွယ်ခဲ့ရပြီး အဲ့ဒီနောက် တနှစ်နီးပါးအကြာ ပြီးခဲ့တဲ့ ဧပြီလမှာပဲ ပထမဆုံး ပရိသတ်ရှေ့ပြန် ရောက်လာခဲ့သူပါ။ အခုတော့ သူဟာ အနုပညာလုပ်ငန်းတွေကို တဖန်ပြန်လုပ်ဖို့ အစပျိုးနေပြီလို့ ဆိုရမှာပါ။

ဒါပေမဲ့ ဇွန်လ ၂၇ ရက်နေ့မှာတော့ သူ့ရဲ့ကိုယ်ပိုင်ဘဝမှာ နောက်ထပ် ရိုက်ခတ်မှုတခုနဲ့ ကြုံခဲ့ရပြန်ပါတယ်။ အသက် ၃၇ နှစ်အရွယ် မင်းသမီးက သူ့ရဲ့ ခင်ပွန်းလောင်း တရုတ်မင်းသား လီချန်းနဲ့ လမ်းခွဲလိုက်တဲ့အကြောင်း Weibo မှာ တင်ခဲ့ပါတယ်။

မင်းသမီး ဖန်က “ဘဝမှာတွေ့ကြုံရမယ့် နှုတ်ဆက်ခြင်းတွေ အများကြီး ရှိပါတယ်။ ကျမတို့ရဲ့ အချစ်ရေးမှာ ကျမ ရရှိခဲ့တဲ့ အချစ်နဲ့ နွေးထွေးမှုဟာ ကျမကို အမြဲတမ်း ခွန်အားပေးနေမှာပါ။ ထောက်ခံပေးခဲ့တဲ့အတွက်၊ ချစ်ပေးခဲ့တဲ့အတွက် ရှင်ကျမကို ပေးခဲ့တဲ့အရာ အားလုံးအတွက် ကျေးဇူးတင်ပါတယ်။ အနာဂတ်မှာလည်း ရှိလာမယ့် ဂရုစိုက်မှုနဲ့ အချစ်အတွက်လည်း ကျေးဇူးတင်ပါတယ်။ ကျမတို့က အခုအတူတူ ရှိမနေနိုင်တော့ပေမယ့် အတူတူ ရှိနေခဲ့ပါတယ်”လို့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

အသက် ၄၀ အရွယ် မင်းသား လီကလည်း အဲ့ဒီ တရုတ်လူမှုကွန်ရက်မှာ ကြေညာချက်တခုကို ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီကြေညာချက်ထဲမှာ “သူငယ်ချင်းတွေကနေ ချစ်သူတွေ ဖြစ်လာတယ်။ အခုသူငယ်ချင်း တွေပြန်ဖြစ်ခဲ့ရပြီ။ ကျနော်တို့ရဲ့ ခံစားချက်ကို ဖော်ပြတာတွေ ပြောင်းလဲသွားပါပြီ။ ဒါပေမဲ့ ကျနော်တို့ကြားက ဖြူစင်တဲ့ ခံစားချက်တွေဟာ ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ပါဘူး။ ကျနော်တို့ရဲ့ နှစ်ဦးကြား ယုံကြည်မှု ထောက်ခံမှုတွေကတော့ အတိုင်းအဆမဲ့ပါပဲ” လို့ ရေးသားခဲ့ပါတယ်။

သူကလည်း မင်းသမီးရဲ့ အပိတ်စာကြောင်းဖြစ်တဲ့ “ကျနော်တို့က အတူတူ ရှိနေနိုင်တော့ပေမယ့် အတူတူရှိနေခဲ့ပါတယ်” လို့ ရေးခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းက အခွန်ရှောင်မှုကြောင့် ပြန်ဆောင်ရမယ့် အခွန်နဲ့ ဒဏ်ငွေ စုစုပေါင်း ယွမ် ၈၈၄ သန်းပေးဆောင်စေဖို့ မင်းသမီးဖန် အမိန့်ချမှတ်ခံခဲ့ရပြီး ၂ ရက်အကြာ မင်းသားလီဟာ သူ့ရဲ့ ဇနီးလောင်းကို ထောက်ခံကြောင်း Weibo မှာ တင်ခဲ့ပါတယ်။ မင်းသားက “ဘယ်လောက် အခက်အခဲတွေပဲ ရှိရှိ၊ ဒီဟာကို ငါတို့ အတူတကွ ဖြတ်ကျော်ကြမယ်”လို့ ရေးသားခဲ့ပါတယ်။

သူတို့ သရုပ်ဆောင်နှစ်ဦးဟာ ၂၀၁၄ ခုနှစ်တုန်းက “The Empress of China” အမည်ရှိတဲ့ ဒရာမာကို ရိုက်ကူးခဲ့ပြီးနောက် ၂၀၁၅ ခုနှစ်မှာပဲ ချစ်သူတွေအဖြစ် ပေါ်ထွက်လာခဲ့တာပါ။ သူတို့နှစ်ဦးဟာ မင်းသမီးဖန်ရဲ့ ၃၆ နှစ်ပြည့်မွေးနေ့မှာ စေ့စပ်လိုက်ပြီဖြစ်တဲ့အကြောင်း ကြေညာခဲ့ပါတယ်။

မင်းသားလီဟာ မင်းသမီးဖန်ရဲ့ မွေးနေ့မှာ ချစ်ခွင့်ပန်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီတုန်းက ချစ်ခွင့်ပန်နေတဲ့ပုံကို Weibo မှာ တင်ခဲ့တဲ့ မင်းသားက ပုံစာမှာ “ငါတို့ အစဉ်အမြဲ” လို့ ရေးသားခဲ့ပြီး အဲ့ဒီပို့စ်ကို မင်းသမီး ဖန်က “အမြဲတမ်း” လို့စာရေးပြီး ပြန်လည် ဝေမျှခဲ့ပါတယ်။

Ref: asiaone

You May Also Like This Story:

ပရိသတ်ရှေ့မှောက် တဖန်ပြန်ရောက်လာခဲ့တဲ့ မင်းသမီး ဖန်ပင်းပင်း

Did you find apk for android? You can find new Free Android Games and apps.
Loading