Entertainment

“Train To Busan” နောက်ဆက်တွဲရုပ်ရှင်မှာ ပါဝင်မယ့် သရုပ်ဆောင်များကို အတည်ပြု

နာမည်ကျော် “Train To Busan” ရုပ်ရှင်ရဲ့ နောက်ဆက်တွဲ ဇာတ်လမ်း “Peninsula” မှာ ပါဝင်လာမယ့် သရုပ်ဆောင် စာရင်းကတော့ ထွက်ရှိလာပါပြီ။

အခုရုပ်ရှင်မှာတော့ မင်းသား Kang Dong Won၊ မင်းသမီး Lee Jung Hyun ၊ ကလေးသရုပ်ဆောင် Lee Re ၊ မင်းသား Kwon Hae Hyo ၊ မင်းသား Kim Min Jae နဲ့ မင်းသား Goo Kyo Hwan တို့ ပါဝင်လာမယ်လို့ အတည်ပြုလိုက်ပါတယ်။ ရိုက်ကူးရေးကိုတော့ ဇွန်လ ၂၄ ရက်နေ့မှာ စတင်ခဲ့တယ်လို့ သိရပါတယ်။

“Peninsula” ရုပ်ရှင်ကတော့ “Train to Busan” ရုပ်ရှင်အပြီး ၄ နှစ်အကြာ အချိန်ကာလကို ဇာတ်အိမ် တည်ထားပြီး မျှော်လင့်မထားတဲ့ ဘေးအန္တရာယ်ကြောင့် ပျက်စီးနေရတဲ့ နယ်မြေကနေ လွတ်မြောက်ဖို့ ဇာတ်ကောင်တွေ ကြိုးစားရတဲ့အကြောင်းကို ပုံဖော်မှာလည်း ဖြစ်ပါတယ်။

မင်းသား Kang Dong Won ကတော့ တိုင်းပြည်ကို ကြီးစိုးထားတဲ့ ဇွန်ဘီတွေကို အသက်ပေးပြီး တိုက်ခိုက်မယ့် Jung Suk အဖြစ် သရုပ်ဆောင်ထားပါတယ်။ မင်းသမီး Lee Jung Hyun ကတော့ လူတွေကို ဦးဆောင်ပြီး ဇွန်ဘီတွေကို တိုက်ခိုက်တဲ့နေရမှာ အရှုံးမပေးတဲ့ ခိုင်မာတဲ့အမျိုးသမီး Min Jung အဖြစ် သရုပ်ဆောင်မှာလည်း ဖြစ်ပါတယ်။

ကလေးသရုပ်ဆောင် Lee Re ကတော့ Min Jung နဲ့အတူ ခက်ခဲတဲ့ အခြေအနေတွေကို ကြံ့ကြံ့ခံခဲ့တဲ့ Joon အဖြစ် သရုပ်ဆောင်မှာပါ။ မင်းသား Kwon Hae Hyo ကတော့ Min Jung အဖွဲ့ထဲက အကြီးဆုံး Kim Noh In အဖြစ် သရုပ်ဆောင်မှာဖြစ်ပါတယ်။ သူဟာ ကယ်ဆယ်ခြင်း ခံရတာနဲ့ ပတ်သက်လို့ မျှော်လင့်ချက် မဆုံးရှုံးတဲ့ သူတယောက်လည်း ဖြစ်ပါတယ်။

မင်းသား Kim Min Jae နဲ့ မင်းသား Goo Kyo Hwan ကတော့ မတူညီတဲ့ ရည်မှန်းချက်တွေကို ဖုံးကွယ်ထားပြီး ကျွန်းဆွယ်ရဲ့ စစ်တပ်ဌာနကို ဦးဆောင်ပြီး ဇာတ်လမ်းရဲ့ တင်းမာမှုကို ထိန်းညှိမယ့် သူနှစ်ယောက်ဖြစ်ပါတယ်။ “Peninsula” ရုပ်ရှင်ကို “Train to Busan” ဒါရိုက်တာ Yeon Sang Ho ကပဲ ရိုက်ကူးမှာဖြစ်ပါတယ်။

Ref. Soompi

You May Also Like These Stories:

နာမည်ကျော်ရုပ်ရှင် “Train to Busan” ကို ဟောလိဝုဒ်က ပြန်လည်ရိုက်ကူးမည်

“Train to Busan” နောက်ဆက်တွဲရုပ်ရှင် မကြာမီလာမည်

Loading